Thursday, December 26, 2013

သော​တာ​ပ​န​်​၏​ထူး​ခြားချ​က​်(၇ )ရ​ပ​်



ကိုယ့်​ခန္ဓာ​ကို ဉာဏ်​စိုက်​ကြည့်​လိုက်​ရင် ဝေဒနာ​ပေါ်​လဲ ဖောက်​ပြန်သွား​တာ​ပဲ၊ ပျက်စီး​သွား​တာ​ပဲ။ဝေဒနာ​ရှု​လိုက်​တော ဝေဒနာ​လေး​က​ဖြစ်​လိုက်​ပျက်​လိုက်​နဲ့ သူ့​သဘော​သူ စွန့်​စွန့်သွား​တယ်။

သုခ​ဝေဒနာ​က​လဲ သုခ​ဝေဒနာ​သဘော​စွန့်​တယ်။ ဒုက္ခ​ဝေဒနာ​က​လဲ​ဒုက္ခ​ဝေဒနာ​သဘော​စွန့်​တယ်။ ဥ​ပေ​က္ခ​ဝေဒနာ​က​လဲ ဥ​ပေ​က္ခ​ဝေဒနာ​သဘော စွန့်​တယ်။ လောဘ​စိတ်​က​လဲ​လောဘ​သဘော​စွန့်​တယ်။ စွန့်​ပြီး​အနိစ္စ​သဘော​ချည်း​ဖြစ်​ပြီး​ပျက်​တာချ​ည်း​ပြ​တယ်။ ဒီ​လို​ချည်း​ပြ​နေ​တော့ ဒါ​တွေ​ဟာ "ဝိ​ပရိ​ဏာ​မ​လ​က္ခ​ဏံ ဒုက္ခ​သ​စ္စံ"ပဲ။


ဉာဏ်​နဲ့​ကြည့်​လိုက်​တော့​ဝိ​ပရိ​ဏာ​မ​လက္ခဏာ​တွေ​ချည်း​ပဲ၊ ဖောက်​ပြန်​တာချ​ည်း​ပဲ။အထည်​မ​ကျန်​ဘူး။ဝေဒနာ​ပေါ်​ရင် ဝေဒနာ​ကြည့်​လိုက်​တော့ ဝေဒနာ​လေး​ကို ရှာ​မ​တွေ့​တော့​ဘူး။

ဝေဒနာ​ပျက်​ပျက် စိတ်ပျက်​ပျက် ရုပ်​ပျက်​ပျက် အထည်​မ​ကျန်​ဘူး။ဖောက်​ပြန်​ပျက်စီး​သွား​တာ​ကို မြင်​အောင်​ကြည့်​ရ​မယ်။ဒီ​လို​မြင်​အောင်​ကြည့်​ပြီး ဒုက္ခ​သစ္စာ​ပါ​လား၊ဖောက်​ပြန်​ပျက်စီး​သွား​တာ​မှ တစ်​ပိုင်း​တစ်​စ​တောင်​မ​ကျန်​တော့​ပါ​လား​လို့ ရှေးဦးစွာ ဟုတ်​တိုင်း​မှန်​စွာ​မြင်​ရ​မယ်။မြင်​ပြီး​တော့ မိမိ​ခန္ဓာ​ကြီး​သည် ဖောက်​ပြန်​ပျက်စီး​မှု​မှ​တစ်ပါး​ဘာ​မှ​မ​ရှိ၊ တ​က​ယ့်​ကို ရွံ​စရာ မုန်း​စရာ​ခန္ဓာ​ကြီး​ပါ​လား​လို့ ဉာဏ်​တက်​လာ​မယ်။ ဉာဏ်​တက်​ပြီး​နောက်​ရွံ​စရာ​မုန်း​စရာ​ခန္ဓာ​ကြီး​တော့ သိမ်း​မှ​တော်​မယ်၊သိမ်း​မှ​အေး​မယ်၊ ရ​ချင်​စရာ​တစ်​ကွက် မှ​မ​ရှိ​ဘူး​ဆို​တဲ့​ဉာဏ်​တက်​လာ​လိမ့်​မယ်။ ဒီ​ဉာဏ်​တက်​လာ​ခဲ့​ရင် ရှေ့​ဒုက္ခ​တွေ ချုပ်​သွား​လိမ့်​မယ်။ ​ဝိ​ပရိ​ဏာ​မ​ဒုက္ခ​တွေ ချုပ်​သွား​လိမ့်​မယ်။★

အ​ဝိ​ပရိ​ဏာ​မ နိဗ္ဗာန်​ပေါ်လာ​လိမ့်​မယ်။အဲ​ဒီ​တော့​မှ​ပဲ ဖောက်​ပြန်​ပျက်စီး​မှု ​ဝိ​ပရိ​ဏာ​မ​တွေ မ​ရှိ​တော့​ဘူး၊ အခု​မှ​ပဲ ဖောက်​ပြန်​ပျက်စီး​မှု​ကြီး​ဇာတ်​သိမ်း​သွား​တာ တွေ့​ရ​တော့​တယ်​ဆို​တဲ့ ဉာဏ်​လာ​တယ်။ဒါ​ဖြင့် ဖောက်​ပြန်​ပျက်စီး​မှု​ဇာတ်​သိမ်း​တာ​က​နိ​ရော​ဓ​သစ္စာ၊ တွေ့​တဲ့​ဉာဏ်​က မ​ဂ္ဂ​သစ္စာ​ဆို​တော့ သော​တာ​ပန်​တည်​ရော။ မဂ်​ရ ဖိုလ်​ရ​တာ​ပဲ။မဂ်ဖိုလ်​ရ​ရင် ပ​စ္စ​ဝေ​က္ခ​ဏာ ရ​တာ​ပဲ။ ပ​စ္စ​ဝေ​က္ခ​ဏာ​ရ​တာ အ​ထူး​ပြော​ဖို့​မ​လို​ဘူး၊ ဝီ​ထိ​နိ​ယာ​မ​သဘော​အတိုင်း မဂ်ဖိုလ်​ရ​ရင် သူ​ရ​မှာ​ပဲ။မဂ်​ရ​ဖို့​သာ အဓိက​ဖြစ်​တယ်။

​ဝိ​ပရိ​ဏာ​မ​ဒုက္ခ​သစ္စာ​မြင်​နေ​တုန်း ကိစ္စ​ဉာဏ်။ ​ဝိ​ပရိ​ဏာ​မ​ဆုံး​သွား​တာ​မြင်​လိုက်​တော့​က​တ​ဉာဏ်။ က​တ​ဉာဏ်​ဆို​တာ ငါ​သော​တာ​ပန်​တည်​ပြီ​လို့ သိ​လိုက်​ရ​တဲ့​ဉာဏ်။မဂ်​ဉာဏ်​က​တက်​ပြီး သော​တာ​ပန်​တည်​ပြီ​လို့​သိ​လိုက်​ရ​တဲ့​ဉာဏ်
၊ဖောက်​ပြန်​တဲ့​ကိ​စ​ ၥ ​တွေ မ​မြင်​တော့​ဘဲ ဖောက်​ပြန်​တဲ့​ကိစ္စ​တွေ ရှာ​မ​တွေ့​တော့​ဘဲ ဖောက်​ပြန်​ခြင်း​ကင်း​တာ​ကို​မြင်​တဲ့​ဉာဏ်​ဟာ က​တ​ဉာဏ်။

ဒါ​ဖြင့် ခန္ဓာ​ကိုယ်​ထဲ ဘာ​ပေါ်​ပေါ်​ဒုက္ခ​သစ္စာ​ချည်း​ပေါ်​တာ​ပဲ​လို့ သိ​တဲ့​ဉာဏ်​က သ​စ္စ​ဉာဏ်၊ ပေါ်​တာ​ဟူ​သ​ရွေ့​ဒုက္ခ​သစ္စာ​လို့ ဆုံးဖြတ်ချက်​ချ။သူ့​ရဲ့ ဖောက်​ပြန်​ပျက်စီး​တဲ့​ကိစ္စ​ကို​သိ​တော့ ကိစ္စ​ဉာဏ်၊ ပေါ်လာ​တာ​လေး​တွေ​က ပေါ်လာ​တဲ့​သဘော​တွေ အကုန်​စွန့်​ပြီး ဖောက်​ပြန်​ပျက်စီး​သွား​တာ​လေး​တွေ​ပဲ ဆက်တိုက်​မြင်​နေ​ရင် ဒါ​ကို ကိစ္စ​ဉာဏ်။ဖောက်​ပြန်​ပျက်​စီ​ း​တဲ့​ကိစ္စ​မ​မြင်​ပြန်​တော့ က​တ​ဉာဏ်။ဖောက်​ပြန်​ပျက်​စီ​ း​တာ​တွေ​တော့​မ​မြင်​ရ​တော့​ဘူး၊ မ​ဖောက်​ပြန်​မ​ပျက်စီး​တဲ့ ချမ်းသာ​လေး​တစ်​ခု​တည်း​ပဲ မြင်​နေ​တယ်​ဆို​ရင် ဒါ က​တ​ဉာဏ်​ပဲ။ ဒီ​ဉာဏ်​သုံး​ဉာဏ်​နဲ့​ပဲ တက်​လိုက်​ပါ။

အကျဉ်း​အား​ဖြင့် သစ္စာ​သိ​ရင် သ​စ္စ​ဉာဏ်၊ ဖောက်​ပြန်​တာ​သိ​ရင်​ကိစ္စ​ဉာဏ်၊ ဖောက်​ပြန်​တာ​တွေ မ​တွေ့​တော့​ဘူး​ဆို​ရင် က​တ​ဉာဏ်။

က​တ​ဉာဏ်​ဆိုက်​ရင်​သော​တာ​ပန်​တည်​ပြီ။ သော​တာ​ပန်​ဖြစ်​တယ်​ဆို​တာ သော​တာ​ပန်​စိတ်​ပေါ်​တာ​ပါ​ပဲ။ ရုပ်​ပို​လှ​လာ​တာ​လဲ​မဟုတ်​ဘူး၊ ဆိုင်း​ဘုတ်​ဆွဲ​ထာ​ း​တာ​လဲ​မဟုတ်​ဘူး။အဲ​ဒီ​သော​တာ​ပန်​မှာ​ပေါ်​တဲ့ သော​တာ​ပန်​စိတ်​သည် ပုထုဇဉ်​နဲ့ မ​တူ​တာ ခု​နှစ်​မျိုးရှိ​တယ်။

သော​တာ​ပန်​လဲ လောဘ ဖြစ်​သေး​တယ်၊ ဒေါသ​လဲ ဖြစ်​သေး​တယ်၊ မောဟ​လဲ ဖြစ်​သေး​တယ်။ ထိနမိဒ္ဓ ငိုက်​မျ​ည်း​စိတ်​တွေ​လဲ ဖြစ်​သေး​တယ်။ ဥဒ္ဓစ္စ​ပျံ့လွင့်​မှု​တွေ​လဲ​ဖြစ်​သေး​တယ်။ ကုက္ကုစ္စ​လဲ ဖြစ်​သေး​တာ​ပဲ။ ဒီ​တရား​တွေ​က ပုထုဇဉ်​မှာ​လဲ ဖြစ်​တယ်၊သော​တာ​ပန်​မှာ​လဲ ဖြစ်​တယ်​ဆို​တော့ တူ​နေ​တဲ့​သဘော​တွေ ဖြစ်​နေ​တယ်။ ဒါ​ဖြင့် ဘယ်​လို​ထူး​လဲဆို​ရင် ပုထုဇဉ်​က ဒီ​တရား​တွေ​ဖြစ်​ရ​င ဖြစ်​ကြော​ရှည်​တယ်။က​တ​ဉာဏ်​ရ​လို့ သော​တာ​ပန်​တည်​ပြီး သား​ပုဂ္ဂိုလ်​က ဖြစ်​တော့​ဖြစ်​ပေ​မယ့် ဖြစ်​ကြော​မ​ရှည်​ဘူး။

ပုထုဇဉ်​ကလော​ဘ​ဖြစ်​လိုက်​ပြီ​ဆို​ရင်​လဲ ဒီ​လောဘ​ချည်း​ပဲ အ​ကြာ​ကြီး​ဖြစ်​နေ​တတ်​တယ်။ဒေါသ​ဖြစ်​နေ​တယ်​ဆု​ ိ​ရင်​လဲ ဒေါသ​ချည်း​ပဲ​ဖြစ်​လို့ မ​ကျေ​မ​ချမ်း​နိုင်​ဘူး။ဒါ​ဟာ ဖြစ်​ကြော​ရှည်​တာ​ပဲ။ဒုက္ခ​ချုပ်​ပြီး​သား​သော​တာ​ပန်​ကတော့ ဖြစ်​တယ်​ဆို​ရင် ဖြစ်​သွား​တယ်​လို့ နောက်​က တစ်ခါတည်း​ဉာဏ်​လိုက်​တယ်။ဖြစ်​ရင် ချက်ချင်း​သိ​တယ်၊ဖြစ်​ကြော​မ​ရှည်​တော့​ဘူး။ ငါ​လောဘ​ဖြစ်​သွား​တယ်​လို့ နောက်​က​နေ ဉာဏ်​နဲ့ ချက်ချင်း အသိ​လေး​လိုက်​လာ​တယ်။ဒေါသ​ဖြစ်​ရင်​လဲ ဉာဏ်​အသိ ချက်ချင်း​လိုက်​တယ်။ ထိနမိဒ္ဓ​ဖြစ်​ရင်​လဲ​ချက်ချင်း​လိုက်​တာ​ပဲ။ မ​သိ​လိုက်​တာ​ဆို​တာ​မ​ရှိ​ဘူး။လောဘ​ဖြစ်​ဖြစ်၊ဒေါသ​ဖြစ်​ဖြစ်၊ ထိနမိဒ္ဓ​ဖြစ်​ဖြစ်၊ဥဒ္ဓစ္စ​ကုက္ကုစ္စ​ဖြစ်​ဖြစ် ဖြစ်​တော့​ဖြစ်​တာ​ပဲ၊ မ​ပယ်​နိုင်​သေး​လို့​ဖြစ်​တာ။

သော​တာ​ပ​တ္တိ​မဂ်​က ဒိ​ဋ္ဌိ​နဲ့ ဝိစိကိစ္ဆာ​ပဲ ပယ်​နိုင်​သေး​တာ။

လောဘ ဒေါသ မောဟ​တွေ​က မ​ပယ်​နိုင်​သေး​တော့​လာ​မှာ​ပဲ။ လာ​ပင်​လာ​သော်​လဲ ချက်ချင်း နောက်​က ပြန်​သိ​တယ်။ ပ​ဋိ​စ္စ​သ​မု​ပ္ပါ​ဒ်​က နောက်​က​ဖြတ်​ဖြတ်​လိုက်​တယ်။ ပုထုဇဉ်​ကတော့ မ​ဖြတ်​ဘူး၊ပ​ဋိ​စ္စ​သ​မု​ပ္ပါ​ဒ် တန်း​နေ​အောင် သွား​တာ​ပဲ။ဥပမာ ပုထုဇဉ်​က​ဒေါသ​ဖြစ်​ရင် ကမ္ဘာ​မ​ကျေ​ဘူး​ဆို​ၿ ​ပီး တေး​ထား​တယ်။သော​တာ​ပန်​ကတော့ ဖြစ်​တော့​ဖြစ်​လို ​က်​တာ​ပဲ၊ ဒါ​ပေ​မယ့် နောက်​က​အသိ​နဲ့ ပြန်​လိုက်​ပေးလိုက်​တယ်။ ဒါ​နံပါတ်(၁)ကွာ​ခြား​မှု​ပဲ။ဖြစ်​ကြော​ရှည်​နဲ့​ဖြစ်​ကြော​တို​ကွာ​တယ်။

နံပါတ်(၂)က လောဘ ဒေါသ မောဟ​တွေ မ​ပယ်​နိုင်​သေး​တော အကြောင်း​တိုက်ဆိုင်​လို့ ပေါ်လာ​ခဲ့​သော်​လဲ ဒီ​ကိလေသာ​တွေ ငြိမ်း​အေး​အောင်​လုပ်​လိုက်​တော့​မယ်​ဆို​တဲ့ စိတ် ပေါ်လာ​တယ်။ သိ​ရုံ​တင်​မက​ဘူး၊ငြိမ်း​အေး​အောင်​လုပ်​မယ်​ဆို​တဲ့​အထိ လာ​တယ်။လောဘ ဒေါသ မောဟ​တွေ​ကတော့​ပုထုဇဉ်​လို​ပဲ ဖြစ်​တာ​ပဲ။သို့​သော်​ဖြစ်​မှန်း​သိ​တဲ့​အတွက် ငြိမ်း​အေး​အောင်​လ​ ု​ပ်​လိုက်​မယ်​ဆို​ပြီး ဖြစ်​ပျက်​ရှု​လိုက်​တော့ ငြိမ်း​အေး​သွား​တာ​ပဲ။ ဘယ်​တော့​မှ မ​ကျေ​ဘူး​ဘာ​ညာ​ဆို​တာ​တွေ မ​ကျန်​ရစ်​တော့​ဘူး။ ကိလေသာ​တွေ လာ​သော်​လဲ ငြိမ်း​အေး​အောင်​လ​ ု​ပ်​ပစ်လိုက်​တယ်။အကျဉ်း​ချုပ်​အား​ဖြင့် မှား​ရင် မှား​မှန်း ချက်ချင်း​သိ​တယ်၊ငြိမ်း​အောင်​လုပ်​ပစ်​တယ်။လောဘ ဒေါသ​တွေ​နဲ့ မှား​တာ​ကို​ပြော​တာ။

(၃)နံပါတ်​က ဒီ​ဘုရား​သာသနာ​မှ​တစ်ပါး​အခြား​သာသနာ​မှာ သော​တာ​ပန် သ​က​ဒါ​ဂါ​မ် အနာဂါမ် ရဟန္တာ​မ​ရှိ​ဘူး​လို ယုံကြည်​တယ်။ ကိုယ်တိုင်​သိ​လာ​တာ။သိ​လာ​လို့ ယုံကြည်​တာ။

(၄)နံပါတ်​က ရဟန်း​တော်​တွေ​ဟာ ဘုရား​ပညတ်​ထား​တဲ့ သိက္ခာပုဒ်​တစ်​ခု​ခု​ချိုး​ဖောက်​မိ​ရင် အပြစ်သင့်​တယ်။ အာပတ်သင့်​တယ်။အဲ​ဒီ​အပြစ်​ကို သိ​လိုက်​တာ​နဲ့ ပျောက်​သွား​အောင် ချက်ချင်း​ဒေသနာကြား​တယ်။ အာ​ပတ်​ကုစား​တာ​ခေါ်​တယ်။လူ​တွေ​မှာ​တော့​တစ်​ခု​ခု မှား​လို့​ရှိ​ရင် ဝန်ချ​တောင်းပန်​ပြီး ပြေလည်​အောင်​လုပ် လို​စိတ်​ပေါ်လာ​တယ်။မှား​တဲ့​ဥစ္စာ ချက်ချင်း ပြေ​အောင်​လုပ်​ချ​င​ ္​စိတ်​ပေါ်လာ​တာ။မှား​မိ​တာ သိ​လိုက်​တာ​နဲ့​ချက်ချင်း ဘုရား​ရှေ့သွား​ပြီး​ကမ္မ​ဋ္ဌာ​န်း​ထိုင်​ပစ်လိုက်​ပြီး​မှား​တဲ့​အပြစ်​တွေ ပြေ​ပြောက်​အောင် လုပ်​လိုက်​တယ်။ဒါ​သော​တာ​ပန်​ရဲ့​စိ ​တ်​ထား​ပဲ။

နံပါတ်(၅)က အမှု​ကိစ္စ​အတွက် ရုံး​ကန်​က​နား​ခေါ်​သော်​ငြား​လဲ လိုက်​တော့​လိုက်​တယ်။ ဒါ​ပေ​မယ့် သူ့ သီလ၊ သမာဓိ၊ ပညာ​တော့ အ​ပျက်​မ​ခံ​ဘူး။ကိစ္စ​ကြီး​ငယ်​ရှိ​လို့​အကူအညီ​လို​ရင် အကူအညီ​တော့ ပေး​တာ​ပဲ၊ဒါ​ပေ​မယ့်​သူ့​သီလ၊ သမာဓိ၊ ပညာ​တော့ အ​ပျက်​မ​ခံ​ဘူး။မဟုတ်​ဘဲ​နဲ့​အဟုတ်​လုပ်​အပြော​ခ​ ုိ​င်း​လဲ သူမ​ပြော​ဘူ၊အလိမ်​ခိုင်း​လဲ​မလိမ်​ဘူး၊ မ​တရား ထွက်​ဆို​တာ​မျိုး သူမ​လုပ်​တော့​ဘူး။အမှန်​ပြော​ရင် ဘယ်​လို​လုပ်​မယ်၊ ဘာ​လုပ်​မယ်​စ​သည်​ခြိမ်းခြောက်​နေ​စေ​ကာ​မူ သူ​ကတော့ အမှန်​အတိုင်း​ပဲ ထွက်​ဆို​တယ်။ဒီ​လို​ပြော​ပေး​ရင် ငွေ​ပေး​မယ်၊ဘာ​ပေး​မယ်​ပြော​လဲ သူ​ကတော့ မဟုတ်​မ​မှန်​တာ​ကို အဟုတ်​အမှန်​လုပ်​ပြီး ပြော​မ​ပေး​တော့​ဘူး။

နံပါတ်(၆)က တရားဟော​နေ​တဲ့​အခါ အနက်​အ​ဓိ​ပ္ပါ​ယ်​ကို သိ​ပြီး စိတ်​ဟာ​ဘယ်​မှ​မ​သွား​ဘဲ​နဲ့ နာ​လေ့​ရှိ​တယ်။မြတ်​စွာ​ဘုရား​တ​ရာ​ း​တော်​တွေ နာ​ကြား​ရ​တဲ့​အခါ အာရုံ​တစ်ပါး​စိတ်​မ​သွား​ဘဲ စူးစူး​စိုက်စိုက်​နာ​နိုင်​ခြင်း​သည် သော​တာ​ပန်​ရဲ့​သဘော​ပဲ။

နံပါတ်(၇)က တရား​တော်​တွေ နာ​ကြား​ပြီး​တဲ့​နောက် ပြော​လို့​လဲ မ​ပြီး​နိုင်၊ဝမ်းမြောက်​လို့​လဲ​မ​ဆုံး​နိုင်​ဘူး​တဲ့။သိပ်​ပြီး သဘောကျ​လွန်း​လို့​ပီ​တိ​သော​မန​ဿ​တွေ​ဖြစ်​ပြီး​တော်တော်​နဲ့ မ​ပျောက်​နိုင်​ဘူး။

အကျဉ်း​ပြန်​ချုပ်​လိုက်​ရင်

​၁။လောဘ ဒေါသ မောဟ ပေါ်​တိုင်​ပေါ်​တိုင်း ချက်ချင်း​သိ​တာ​သည်​သော​တာ​ပန်​ရဲ့​အသိ။

​၂။သိ​သည်​နှင့်​တစ်​ပြိုင်​နက် ငြိမ်း​အေး​အောင်​လုပ်​နိုင်​ခြင်း​သည် သော​တာ​ပန်​ရဲ့​အသိ။

​၃။ဤ​သာသနာ​မှ​တစ်ပါး​အခြား​သာသနာ​မှာ ထွက်​ရပ်​လမ်း​လုံး ဝ​မ​ရှိ​ဘူး​ဆို​တဲ့​ယုံကြည်​မှု​ဟာ​လဲ သော​တာ​ပန်​ရဲ့​သ​ဒ္ဓါ။

​၄။ကျူးလွန်​ထား​တဲ့​အပြစ်​ကို ချက်ချင်း ကု​သ​လို​တဲ့​စိတ်​ပေ​ ၚ​တာ​ဟာ​လဲ​သော​တာ​ပန်​ရဲ့​သဘော။

​၅။ကိစ္စ​ကြီး​ငယ်​ရှိ​လို့​အကူအညီ သက်သေ​လိုက်​ရ​ငြား​သော်​လဲ သီလ သမာဓိ ပညာ အ​ပျက်​မ​ခံ​တာ​သည် သော​တာ​ပန်​ရဲ့​သဘော။

​၆။တရား​တော်​တွေ​ကို အာရုံ​တစ်ပါး​စိတ်​မ​သွား​ဘဲ အနက်​အ​ဓိ​ပ္ပါ​ယ်​သိ​ပြီး နာ​နိုင်​ခြင်း​သည် သော​တာ​ပန်။

​၇။ခန္ဓာ​ဉာဏ်​ရောက်​တရား​တွေ​နာ​ရ​တော့ ဝမ်းမြောက်​လို့​မ​ဆုံး ကြည်ညို​လို့​မ​ဆုံး​ကျေးဇူးတင်​လို့ မ​ဆုံး​ဖြစ်​တာ​သည် သော​တာ​ပန်။

ပုထုဇဉ်​နဲ့​သော​တာ​ပန် ဒီ(၇)ချက်​မှာ ထူးခြား​တယ်​တဲ့။ ကောသ​မ္ဘီ​ရဟန်း​တွေ အကြောင်းပြု​ပြီး​ဟော​တာ။ဥပမာ သော​တာ​ပန်​လဲ ရန်​တော့ ဖြစ်​တာ​ပဲ။ဒါ​ပေ​မယ့် ဖြစ်​ရင် ဖြစ်​မှန်း​နောက်​က​သိ​တယ်။သိ​လိုက်​တော့​ငြိမ်း​အောင်​လုပ် လိုက်​တယ်။သိ​လို့ ကု​သ​လိုက်​တယ်။သူတစ်ပါး​ကိစ္စ​ဆော ​င်​ရွက်​ရာ​မှာ သီလ​သမာဓိ ပညာ​ကို​သာ ငဲ့​လေ့​ရှိ​တယ်။ တရားနာ​တဲ့​အခါ​မှာ အခြား​စိတ်​တွေ အဝင်​မ​ခံ​ဘူး။ တရားနာ​ရ​တော့ ဝမ်းသာ​လို့​မ​ဆုံး​ပီ​တိ​သော​မန​ဿ​တွေ​လဲ ဖြစ်​လို့​မ​ဆုံး​ဘူး​တဲ့။ဒါ​ပုထုဇဉ်​နဲ့ မ​တူ​တဲ့​အချက် (၇)ချက်။ ဒီ(၇)ချက်​နဲ့​ကိုက်​ညီ​ပြီ​ဆို​ရင်​တော့ ကိုယ့်ကိုယ်ကို သော​တာ​ပန်​ဖြစ်​နေ​ပြီ​လို့ ကောက်ချက်​ချ​လိုက်​ပါ။

(မိုး​ကုတ်​ဆရာတော်​ဘုရား​ကြီး​၏​ဟော​တရား​များ​မှ ကောက်နုတ်​တင်ပြ​ခြင်း​သာ​ဖြစ်​သည်။)

[ဒေါက်​တာ​အရှင်​ပါရမီ]

မေတ္တာ​ဖြင့် စုစည်း​သူ
အ​နှို​င်း​မဲ့​စာ​တို​ပေ​စ​များ

No comments:

Post a Comment