Tuesday, December 24, 2013
မြန်မာပြည်မှ ကမ္ဘာ့အမြင့်ဆုံး မြင်းခုံတံတား (ဂုတ်ထိပ်တံတား)
Myanmarဂုတ်ထိပ်တံတား (Goteik viaduct) အမည်ရ တောင်ကြားဖြတ် မီးရထား သံလမ်း တံတား ရဲ့ တည်နေရာကတော့ ရှမ်းပြည်နယ် အနောက်ပိုင်း နောင် ချိုမြို့အနီးမှာ ဖြစ်ပါတယ်။
အတိအကျအားဖြင့် မန္တလေး-လား ရှိုးလမ်း၊ နောင်ချိုဘူတာအလွန် ၇မိုင်အကွာတွင် တည်ရှိပါတယ်။ ပြင်ဦးလွင် နဲ့ လားရှိုး မြို့နှစ်ခုကြားက တံတားလို့လည်း နိုင်ငံခြားသားများက အလွယ်မှတ်ထားပါတယ်။
မြင်းခုံတံတားဆိုလို မြင်းတွေခုံတယ်လို့ ဘာသာပြန်ရန်မဟုတ်ပါ။ The world largest trestle လို့ အသိမှတ်ပြုထားတဲ့ တံတာဖြစ်ပြီး Trestle ဆိုတာ စတီး၊ သံမဏိ၊ သံချောင်းများဖြင့် ထောက်ခံထားသော တံတားလို့ လွယ်လွယ်ကူကူ ဘာသာပြန်နိုင်ပါတယ်။ မြန်မာအခေါ် ကတော့ မြင်းခုံ ဖြစ် ပါတယ်။
၁၈၉၉ ခုနှစ်က တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ အသုံးပြုတာကတော့ ၁၉၀၃ ခုနှစ်ရောက်မှ စတင်တယ်လို့ မြန်မာ့စွယ်စုံ ကျမ်းမှာ ဖော်ပြထားပါတယ်။ ဗြိတိသျှ ကိုလိုနီတို့ တည်ဆောက်ပေး ခဲ့တယ်လို့ အကျမ်းဖျင်းမှတ်ယူပေမယ့် တာဝန်ယူတည်ဆောက်တာကတော့ ဗမာ့မီးရထားလမ်းကုမ္မဏီ (Burma Railroad Company) ဖြစ်ပါတယ်။ ယင်းကုမ္မဏီမှာ ဗြတိသျှ၊ မြန်မာ အင်ဂျင်နေယာများ ပါဝင်ပါတယ်။ ဦးဆောင်တည်ဆောက်သူကတော့ Sir Arthur Rendel ဖြစ်ပါတယ်။ အသုံးပြုတဲ့ အစိတ်အပိုင်းများကိုတော့ အမေရိကန်မှ တိုက်ရိုက် မှာယူထားခြင်း ဖြစ်ပါတယ်။
တံတားအရှည် ၂၂၆၀ပေ၊ တံတားအောက်ခြေမှ အမြင့် ပေ ၁၁၀၀ ရှိပြီး ပေ ၃၀၀ ကျော်မတ်စောက်သော လျှိုကြီးနှစ်ဖက်ကို ဖြတ်ကျော်တည်ဆောက် ထားခြင်း ဖြစ်ပါတယ်။ ရှမ်းဘာသာအခေါ် ငုပ်ထိပ်တံတားမှ ဂုတ်ထိပ်ဟူ၍ အမည်တွင်လာခဲ့သော တံတားဖြစ်သည်။
ယင်းတံတားကို တည်ဆောက်သည့် နည်းပညာ အဆင့်မြင့်မှုနှင့် သဘာဝပတ်ဝန်းကျင်လှပမှုတို့ကြောင့် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားလာသော တံတားဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ်စာရင်းများတွင် ပါဝင်ခဲ့သည်။
ယနေ့တိုင်ထိလည်း မြန်မာပြည်၏ အမြင့်ဆုံး တံတား၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်း တံတား (မြင်းခုံတံတား) ဟု မှတ်ကျောက်တင် ဆဲ ဖြစ်ကြောင်း သိရပါတယ်။
ခေတ်အဆက်ဆက် ပျက်ဆီးယိုယွင်းမှုများကို ထိန်းသိမ်းလာခဲ့ခြင်းကြောင့် ယနေ့တိုင် တည်ရှိနေဆဲဖြစ်သည့် Goteick viaduct သည် ကမ္ဘာလှည့်ခရီးသည်များ၏ စိတ်ဝင်စားဖွယ်၊ သွားရောက်လေ့လာဖွယ် နေရာတစ်ခု ဖြစ်ကြောင်း သိရပါတယ်။
---
အသေးစိတ်လေ့လာရန်-
http://en.wikipedia.org/wiki/Goteik_viaduct#cite_note-1
အောင်ခမ်း ( ရိုးရာလေး )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment