၁။ မဟာပဇာပတိဂေါတမီထေရီ - နေ့ညအပိုင်းအခြားကို
သိတတ်သော အရာ၌ ဧတဒဂ်ရသည်။
၂။ ခေမာထေရီ - ပညာကြီးသည့်အရာ၌ ဧတဒဂ်ရသည်။
၃။ ဥပ္ပလဝဏ်ထေရီ - တန်ခိုးအရာ၌ ဧတဒဂ်ရသည်။
၄။ ပဋာစာရီထေရီ - ဝိနည်းဆောင်သော အရာ၌ ဧတဒဂ်ရသည်။
၅။ ဓမ္မဒိန္နာထေရီ - တရားဟောသောအရာ၌ ဧတဒဂ်ရသည်။
၆။ နန္ဒာထေရီ - ဈန်ဝင်စားသောအရာ၌ ဧတဒဂ်ရသည်။
၇။ သောဏာထေရီ - လုံ့လအားထုတ်သောအရာ၌ ဧတဒဂ်ရသည်။
၈။ သကုလာထေရီ - ဒိဗ္ဗစက္ခုအရာ၌ ဧတဒဂ်ရသည်။
၉။ ဘဒ္ဒါကုဏ္ဍလကေသာထေရီ - လျင်စွာတရားကို သိသော
အရာ၌ ဧတဒဂ်ရသည်။
၁၀။ ဘဒ္ဒါကာပိလာနီထေရီ - ပုဗ္ဗေနိဝါသဥာဏ်အရာ၌
ဧတဒဂ်ရသည်။
၁၁။ ဘဒ္ဒ ကစ္စနာထေရီ - ဥာဏ်အမြင်ကြီးသည့်အရာ၌
ဧတဒဂ်ရသည်။
၁၂။ ကိသာဂေါတမီထေရီ - ညစ်နွမ်းခေါင်းပါးသော
သင်္ကန်းကိုဆောင်ရာ၌ ဧတဒဂ်ရသည်။
၁၃။ သိဂါၤလမာတာထေရီ - သဒ္ဓါအားကြီးသည့် အရာ၌
ဧတဒဂ်ရသည်။
(သုခမှတ်စု မှ)
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
No comments:
Post a Comment