Thursday, December 26, 2013

ပျက်စီး​ခြင်း ငါး​ပါး





တ​နေ့​သော​အခါ ဗုဒ္ဓ​ဘုရားရှင်​သည် ရဟန်း​တို့​အား ပျက်စီး​ခြင်း​တို့​နှင့် ပတ်သက်​၍ ဤသို့ ဟော​တော်​မူ​သည်။

ရဟန်း​တို့၊ သတ္တဝါ​တို့​တွင် ပျက်စီး​ခြင်း​တို့​သည် ငါး​မျိုးရှိ​၏၊ ယင်း​တို့​မှာ-
​၁။ အဆွေအမျိုး​တို့​၏ ပျက်စီး​ခြင်း။
​၂။ စည်းစိမ်​ဥစ္စာ​တို့​၏ ပျက်စီး​ခြင်း။
​၃။ အနာ​ရောဂါ နှိပ်စက်​မှု​ဟူ​သော ပျက်စီး​ခြင်း။
​၄။ အကျင့်​သီလ​၏ ပျက်စီး​ခြင်း။
​၅။ အယူ​၏ ပျက်စီး​ခြင်း​တို့​တည်း။

ဤသို့ ပျက်​စီ​ခြင်း ငါး​မျိုးရှိ​ရာ​တွင် သတ္တဝါ​တို့​သည်
အဆွေအမျိုး​တို့​၏ ပျက်စီး​ခြင်း​ကြောင့်​ဖြစ်​စေ၊
စည်းစိမ်​ဥစ္စာ​တို့​၏ ပျက်စီး​ခြင်း​ကြောင့်​ဖြစ်​စေ၊
အနာ​ရောဂါ နှိပ်စက်​မှု ဟူ​သော ပျက်စီး​ခြင်း​ကြောင့်​ဖြစ်​စေ၊
ခန္ဓာ​ကိုယ်​ပျက်စီး​၍ သေ​ပြီး​သော​အခါ ချမ်းသာ​ကင်း​သော ငရဲ​၌ မ​ဖြစ်​ရ​ကုန်။

အကျင့်​သီလ ပျက်စီး​ခြင်း​ကြောင့်​ဖြစ်​စေ၊
အယူ​၏ ပျက်စီး​ခြင်း​ကြောင့်​ဖြစ်​စေ၊
ခန္ဓာ​ကိုယ်​ပျက်စီး​၍ သေ​ပြီး​သော​အခါ​တွင်​ကား ချမ်းသာ​ကင်း​သော ငရဲ​၌ ဖြစ်​ရ​ကုန်​၏။

( အ​င်္ဂု​တ္တ​ရ ​ဂိ​လာ​န​ဝဂ်၊ ဗျ​သန​သုတ် )
credit to - mingala

No comments:

Post a Comment