Thursday, December 26, 2013

ဓု​တင် ဆို​သည်မှာ



ဓု ​တင် ဆို​သည်မှာ ကိလေသာ​ကို ခါ​ထွက်​ကြော​င်း ခေါင်းပါး​စေ​သည့် အကျင့်​တရား​များ ဖြစ်​သည်။ အကျဉ်း​အား​ဖြင့် ​ဓု​တင် ​၁​၃-ပါး ရှိ​သည်။

​၁။ ဒါ​ယ​ကာ​တို့ လှူဒါန်း​သော သင်္ကန်း​ကို စွန့်​လျက် ပံ့သကူ သင်္ကန်း​ကို ဆောင်​ခြင်း​ဟူ​သော ပံ့သကူ ​ဓု​တင်၊

​၂။ လေး​ထည်​မြောက် သင်္ကန်း​ကို စွန့်​လျက် သုံး​ထည်​သော သင်္ကန်း​ကို​သာ ဆောင်​ခြင်း​ဟူ​သော တိ​စီ​ဝ​ရိ​က် ​ဓု​တင်၊

​၃။ လာဘ်​ပို လာဘ်​လျှံ​ကို ပယ်​၍ ဆွမ်း​ခံ​၍​ရ​သော ဆွမ်း​ကို​သာ သုံးဆောင်​ခြင်း (ပိ​ဏ္ဍ​ပါ​တ် ​ဓု​တင်)

​၄။ လျှပ်ပေါ်​လော်​လီ အိမ်​စဉ်​ကျော်​၍ ခံယူ​ခြင်း​ကို ပယ်​လျက် အိမ်​စဉ် မ​ကျော်​မလှ​ပ် ရပ်​၍​ရ​သော ဆွမ်း​ကို သုံးဆောင်​ခြင်း (သ​ပ​ဒါန​စာ​ရိ​က ​ဓု​တင်)

​၅။ နေရာ​အထူးထူး​၌ စား​ခြင်း​ကို ပယ်​လျက် တစ်​ထိုင် တစ်​နေရာ​တည်း​၌ စား​ခြင်း​ကို ဆောင်​ခြင်း (ဧ​ကာ​သ​နို​က် ​ဓု​တင်)

​၆။ နှစ်​ခွက်​မြောက်​သော ဆွမ်း​ဟင်း​ကို ပယ်​၍ တစ်​ခွက်​တည်း​နှင့်​သာ သုံးဆောင်​ခြင်း (ပ​တ္တ​ပို​ဏ် ​ဓု​တင်)

​၇။ ဆွမ်း​စ​ပြီး စား​နေ​စဉ် ကပ်​လာ​သော ဘောဇဉ်​ကို တော်​ပြီ​တန်​ပြီ ဆို​ပြီး ကပ်​ယူစား​ခြင်း​ကို ပယ်​ခြင်း (ခ​လု​ပ​စ္ဆာ​ဘ​တ် ​ဓု​တင်)

​၈။ ဂါမ​ဝါ​သီ ကျောင်း​သင်္ခမ်း​ကို ပယ်​၍ တောရကျောင်း​၌ နေ​ခြင်း​ကို ဆောက်တည်​ခြင်း (အာ​ရ​ည​ကင် ​ဓု​တင်)

​၉။ အမိုး အကာ​ရှိ​သော ကျောင်း​ကို ပယ်​၍ လွင်တီးခေါင်​၌ နေ​ခြင်း (အ​ဗ္ဘော​ကာ​သိ​က ​ဓု​တင်)

​၁​၀။ သု​ဿာ​န် မဟုတ်​သော နေရာ​ကို ကပ်​လျက် သု​ဿာ​န်​၌ နေ​ခြင်း (သု​ဿာ​န် ​ဓု​တင်)

​၁​၁။ အမိုးအကာ​ရှိ​သော ကျောင်း​ကို ပယ်​လျက် သစ်ပင်​ရင်း​၌ နေ​ခြင်း (ရုက္ခမူ​ဓု​တင်)

​၁​၂။ နေရာ​ကောင်း ကျောင်း​ဆောင်​ကို ပယ်​၍ ဖြစ်​စဉ်​အတိုင်း နေ​ခြင်း (ယ​ထာ​သ​န္တ​တိ ​ဓု​တင်)

​၁​၃။ အိပ်​ခြင်း​ကို ပယ်​၍ ထ​ခြင်း၊ ထိုင်​ခြင်း၊ စ​င်္ကြံ​သွား​ခြင်း​ကို ဆောင်​ခြင်း (နိ​သ​ဇ္ဇိ ​ဓု​တင်) တို့ ဖြစ်​၏။


ဤ​ဓု​တင်​များ​ကို ဆောင်​ခြင်း​ဖြင့်-



(၁) အသက်မွေး စင်ကြယ်​ခြင်း၊

(၂) ချမ်းသာ​ကျိုး ရှိ​ခြင်း၊

(၃) အပြစ်​မ​ရှိ၊

(၄) သူတစ်ပါး​တို့​အား ဒုက္ခ​မ​ပေး၊

(၅) ဘေးမ​ရှိ၊

(၆) သူတစ်ပါး​ကို မ​နှိပ်စက်၊

(၇) အမှန် ကြီးပွား​၏၊

(၈) ကုသိုလ်​တရား မ​ဆုတ်ယုတ်၊

(၉) မာယာ စဉ်းလဲ​ခြင်း မ​ရှိ၊

(၁​၀) သေ​ခြင်း​ကို စောင့်​တတ်​၏၊

(၁​၁) တောင့်တ​တိုင်း ပေး​၏၊

(၁​၂) သတ္တဝါ အားလုံး​ကို ဆုံးမ​တတ်​၏၊

(၁​၃) စောင့်စည်း​သော အကျိုး ရှိ​၏၊

(၁​၄) လျောက်ပတ်​သော အကျင့် ဖြစ်​၏၊

(၁​၅) ကိလေသာ​တို့ မ​မှီ​မက​ပ်​နိုင်၊

(၁​၆) ကိလေသာ​မှ လွတ်​၏၊

(၁​၇) ရာဂ​ကုန်​၏၊

(၁​၈) ဒေါသ​ကုန်​၏၊

(၁​၉) မောဟ​ကုန်​၏၊

(၂​၀) မာန်​တက်​မှု​ကို ပယ်​၏၊

(၂​၁) ဝိတက်​ကို ဖြတ်​၏၊

(၂​၂) ယုံမှား​သင်္ကာ​မှ ကူးမြောက်​၏၊

(၂​၃) အ​ပျင်း​ကို ပယ်​ဖျောက်​၏၊

(၂​၄) မ​မွေ့လျော်​ခြင်း​ကို ဖျောက်​၏၊

(၂​၅) သည်းခံ​တတ်​၏၊

(၂​၆) အတု​မ​ရှိ မြတ်​သော အကျင့်​တည်း၊

(၂​၇) မ​နှိုင်းယှဉ်​အပ်​သော ဂုဏ်ရှိ​၏၊

(၂​၈) နိဗ္ဗာန်​သို့ ရောက်​၏- ဟူ​သော အကျိုး​ထူး အကျိုး​မြတ်​များ​ကို ရ​နိုင်​သည်။

Credit to Myoukoo Syadaw's article & website

No comments:

Post a Comment