Thursday, December 26, 2013

သော​တာ​ပ​န​်​၏​ထူး​ခြားချ​က​်(၇ )ရ​ပ​်



ကိုယ့်​ခန္ဓာ​ကို ဉာဏ်​စိုက်​ကြည့်​လိုက်​ရင် ဝေဒနာ​ပေါ်​လဲ ဖောက်​ပြန်သွား​တာ​ပဲ၊ ပျက်စီး​သွား​တာ​ပဲ။ဝေဒနာ​ရှု​လိုက်​တော ဝေဒနာ​လေး​က​ဖြစ်​လိုက်​ပျက်​လိုက်​နဲ့ သူ့​သဘော​သူ စွန့်​စွန့်သွား​တယ်။

သုခ​ဝေဒနာ​က​လဲ သုခ​ဝေဒနာ​သဘော​စွန့်​တယ်။ ဒုက္ခ​ဝေဒနာ​က​လဲ​ဒုက္ခ​ဝေဒနာ​သဘော​စွန့်​တယ်။ ဥ​ပေ​က္ခ​ဝေဒနာ​က​လဲ ဥ​ပေ​က္ခ​ဝေဒနာ​သဘော စွန့်​တယ်။ လောဘ​စိတ်​က​လဲ​လောဘ​သဘော​စွန့်​တယ်။ စွန့်​ပြီး​အနိစ္စ​သဘော​ချည်း​ဖြစ်​ပြီး​ပျက်​တာချ​ည်း​ပြ​တယ်။ ဒီ​လို​ချည်း​ပြ​နေ​တော့ ဒါ​တွေ​ဟာ "ဝိ​ပရိ​ဏာ​မ​လ​က္ခ​ဏံ ဒုက္ခ​သ​စ္စံ"ပဲ။


ဉာဏ်​နဲ့​ကြည့်​လိုက်​တော့​ဝိ​ပရိ​ဏာ​မ​လက္ခဏာ​တွေ​ချည်း​ပဲ၊ ဖောက်​ပြန်​တာချ​ည်း​ပဲ။အထည်​မ​ကျန်​ဘူး။ဝေဒနာ​ပေါ်​ရင် ဝေဒနာ​ကြည့်​လိုက်​တော့ ဝေဒနာ​လေး​ကို ရှာ​မ​တွေ့​တော့​ဘူး။

ဝေဒနာ​ပျက်​ပျက် စိတ်ပျက်​ပျက် ရုပ်​ပျက်​ပျက် အထည်​မ​ကျန်​ဘူး။ဖောက်​ပြန်​ပျက်စီး​သွား​တာ​ကို မြင်​အောင်​ကြည့်​ရ​မယ်။ဒီ​လို​မြင်​အောင်​ကြည့်​ပြီး ဒုက္ခ​သစ္စာ​ပါ​လား၊ဖောက်​ပြန်​ပျက်စီး​သွား​တာ​မှ တစ်​ပိုင်း​တစ်​စ​တောင်​မ​ကျန်​တော့​ပါ​လား​လို့ ရှေးဦးစွာ ဟုတ်​တိုင်း​မှန်​စွာ​မြင်​ရ​မယ်။မြင်​ပြီး​တော့ မိမိ​ခန္ဓာ​ကြီး​သည် ဖောက်​ပြန်​ပျက်စီး​မှု​မှ​တစ်ပါး​ဘာ​မှ​မ​ရှိ၊ တ​က​ယ့်​ကို ရွံ​စရာ မုန်း​စရာ​ခန္ဓာ​ကြီး​ပါ​လား​လို့ ဉာဏ်​တက်​လာ​မယ်။ ဉာဏ်​တက်​ပြီး​နောက်​ရွံ​စရာ​မုန်း​စရာ​ခန္ဓာ​ကြီး​တော့ သိမ်း​မှ​တော်​မယ်၊သိမ်း​မှ​အေး​မယ်၊ ရ​ချင်​စရာ​တစ်​ကွက် မှ​မ​ရှိ​ဘူး​ဆို​တဲ့​ဉာဏ်​တက်​လာ​လိမ့်​မယ်။ ဒီ​ဉာဏ်​တက်​လာ​ခဲ့​ရင် ရှေ့​ဒုက္ခ​တွေ ချုပ်​သွား​လိမ့်​မယ်။ ​ဝိ​ပရိ​ဏာ​မ​ဒုက္ခ​တွေ ချုပ်​သွား​လိမ့်​မယ်။★

အ​ဝိ​ပရိ​ဏာ​မ နိဗ္ဗာန်​ပေါ်လာ​လိမ့်​မယ်။အဲ​ဒီ​တော့​မှ​ပဲ ဖောက်​ပြန်​ပျက်စီး​မှု ​ဝိ​ပရိ​ဏာ​မ​တွေ မ​ရှိ​တော့​ဘူး၊ အခု​မှ​ပဲ ဖောက်​ပြန်​ပျက်စီး​မှု​ကြီး​ဇာတ်​သိမ်း​သွား​တာ တွေ့​ရ​တော့​တယ်​ဆို​တဲ့ ဉာဏ်​လာ​တယ်။ဒါ​ဖြင့် ဖောက်​ပြန်​ပျက်စီး​မှု​ဇာတ်​သိမ်း​တာ​က​နိ​ရော​ဓ​သစ္စာ၊ တွေ့​တဲ့​ဉာဏ်​က မ​ဂ္ဂ​သစ္စာ​ဆို​တော့ သော​တာ​ပန်​တည်​ရော။ မဂ်​ရ ဖိုလ်​ရ​တာ​ပဲ။မဂ်ဖိုလ်​ရ​ရင် ပ​စ္စ​ဝေ​က္ခ​ဏာ ရ​တာ​ပဲ။ ပ​စ္စ​ဝေ​က္ခ​ဏာ​ရ​တာ အ​ထူး​ပြော​ဖို့​မ​လို​ဘူး၊ ဝီ​ထိ​နိ​ယာ​မ​သဘော​အတိုင်း မဂ်ဖိုလ်​ရ​ရင် သူ​ရ​မှာ​ပဲ။မဂ်​ရ​ဖို့​သာ အဓိက​ဖြစ်​တယ်။

​ဝိ​ပရိ​ဏာ​မ​ဒုက္ခ​သစ္စာ​မြင်​နေ​တုန်း ကိစ္စ​ဉာဏ်။ ​ဝိ​ပရိ​ဏာ​မ​ဆုံး​သွား​တာ​မြင်​လိုက်​တော့​က​တ​ဉာဏ်။ က​တ​ဉာဏ်​ဆို​တာ ငါ​သော​တာ​ပန်​တည်​ပြီ​လို့ သိ​လိုက်​ရ​တဲ့​ဉာဏ်။မဂ်​ဉာဏ်​က​တက်​ပြီး သော​တာ​ပန်​တည်​ပြီ​လို့​သိ​လိုက်​ရ​တဲ့​ဉာဏ်
၊ဖောက်​ပြန်​တဲ့​ကိ​စ​ ၥ ​တွေ မ​မြင်​တော့​ဘဲ ဖောက်​ပြန်​တဲ့​ကိစ္စ​တွေ ရှာ​မ​တွေ့​တော့​ဘဲ ဖောက်​ပြန်​ခြင်း​ကင်း​တာ​ကို​မြင်​တဲ့​ဉာဏ်​ဟာ က​တ​ဉာဏ်။

ဒါ​ဖြင့် ခန္ဓာ​ကိုယ်​ထဲ ဘာ​ပေါ်​ပေါ်​ဒုက္ခ​သစ္စာ​ချည်း​ပေါ်​တာ​ပဲ​လို့ သိ​တဲ့​ဉာဏ်​က သ​စ္စ​ဉာဏ်၊ ပေါ်​တာ​ဟူ​သ​ရွေ့​ဒုက္ခ​သစ္စာ​လို့ ဆုံးဖြတ်ချက်​ချ။သူ့​ရဲ့ ဖောက်​ပြန်​ပျက်စီး​တဲ့​ကိစ္စ​ကို​သိ​တော့ ကိစ္စ​ဉာဏ်၊ ပေါ်လာ​တာ​လေး​တွေ​က ပေါ်လာ​တဲ့​သဘော​တွေ အကုန်​စွန့်​ပြီး ဖောက်​ပြန်​ပျက်စီး​သွား​တာ​လေး​တွေ​ပဲ ဆက်တိုက်​မြင်​နေ​ရင် ဒါ​ကို ကိစ္စ​ဉာဏ်။ဖောက်​ပြန်​ပျက်​စီ​ း​တဲ့​ကိစ္စ​မ​မြင်​ပြန်​တော့ က​တ​ဉာဏ်။ဖောက်​ပြန်​ပျက်​စီ​ း​တာ​တွေ​တော့​မ​မြင်​ရ​တော့​ဘူး၊ မ​ဖောက်​ပြန်​မ​ပျက်စီး​တဲ့ ချမ်းသာ​လေး​တစ်​ခု​တည်း​ပဲ မြင်​နေ​တယ်​ဆို​ရင် ဒါ က​တ​ဉာဏ်​ပဲ။ ဒီ​ဉာဏ်​သုံး​ဉာဏ်​နဲ့​ပဲ တက်​လိုက်​ပါ။

အကျဉ်း​အား​ဖြင့် သစ္စာ​သိ​ရင် သ​စ္စ​ဉာဏ်၊ ဖောက်​ပြန်​တာ​သိ​ရင်​ကိစ္စ​ဉာဏ်၊ ဖောက်​ပြန်​တာ​တွေ မ​တွေ့​တော့​ဘူး​ဆို​ရင် က​တ​ဉာဏ်။

က​တ​ဉာဏ်​ဆိုက်​ရင်​သော​တာ​ပန်​တည်​ပြီ။ သော​တာ​ပန်​ဖြစ်​တယ်​ဆို​တာ သော​တာ​ပန်​စိတ်​ပေါ်​တာ​ပါ​ပဲ။ ရုပ်​ပို​လှ​လာ​တာ​လဲ​မဟုတ်​ဘူး၊ ဆိုင်း​ဘုတ်​ဆွဲ​ထာ​ း​တာ​လဲ​မဟုတ်​ဘူး။အဲ​ဒီ​သော​တာ​ပန်​မှာ​ပေါ်​တဲ့ သော​တာ​ပန်​စိတ်​သည် ပုထုဇဉ်​နဲ့ မ​တူ​တာ ခု​နှစ်​မျိုးရှိ​တယ်။

သော​တာ​ပန်​လဲ လောဘ ဖြစ်​သေး​တယ်၊ ဒေါသ​လဲ ဖြစ်​သေး​တယ်၊ မောဟ​လဲ ဖြစ်​သေး​တယ်။ ထိနမိဒ္ဓ ငိုက်​မျ​ည်း​စိတ်​တွေ​လဲ ဖြစ်​သေး​တယ်။ ဥဒ္ဓစ္စ​ပျံ့လွင့်​မှု​တွေ​လဲ​ဖြစ်​သေး​တယ်။ ကုက္ကုစ္စ​လဲ ဖြစ်​သေး​တာ​ပဲ။ ဒီ​တရား​တွေ​က ပုထုဇဉ်​မှာ​လဲ ဖြစ်​တယ်၊သော​တာ​ပန်​မှာ​လဲ ဖြစ်​တယ်​ဆို​တော့ တူ​နေ​တဲ့​သဘော​တွေ ဖြစ်​နေ​တယ်။ ဒါ​ဖြင့် ဘယ်​လို​ထူး​လဲဆို​ရင် ပုထုဇဉ်​က ဒီ​တရား​တွေ​ဖြစ်​ရ​င ဖြစ်​ကြော​ရှည်​တယ်။က​တ​ဉာဏ်​ရ​လို့ သော​တာ​ပန်​တည်​ပြီး သား​ပုဂ္ဂိုလ်​က ဖြစ်​တော့​ဖြစ်​ပေ​မယ့် ဖြစ်​ကြော​မ​ရှည်​ဘူး။

ပုထုဇဉ်​ကလော​ဘ​ဖြစ်​လိုက်​ပြီ​ဆို​ရင်​လဲ ဒီ​လောဘ​ချည်း​ပဲ အ​ကြာ​ကြီး​ဖြစ်​နေ​တတ်​တယ်။ဒေါသ​ဖြစ်​နေ​တယ်​ဆု​ ိ​ရင်​လဲ ဒေါသ​ချည်း​ပဲ​ဖြစ်​လို့ မ​ကျေ​မ​ချမ်း​နိုင်​ဘူး။ဒါ​ဟာ ဖြစ်​ကြော​ရှည်​တာ​ပဲ။ဒုက္ခ​ချုပ်​ပြီး​သား​သော​တာ​ပန်​ကတော့ ဖြစ်​တယ်​ဆို​ရင် ဖြစ်​သွား​တယ်​လို့ နောက်​က တစ်ခါတည်း​ဉာဏ်​လိုက်​တယ်။ဖြစ်​ရင် ချက်ချင်း​သိ​တယ်၊ဖြစ်​ကြော​မ​ရှည်​တော့​ဘူး။ ငါ​လောဘ​ဖြစ်​သွား​တယ်​လို့ နောက်​က​နေ ဉာဏ်​နဲ့ ချက်ချင်း အသိ​လေး​လိုက်​လာ​တယ်။ဒေါသ​ဖြစ်​ရင်​လဲ ဉာဏ်​အသိ ချက်ချင်း​လိုက်​တယ်။ ထိနမိဒ္ဓ​ဖြစ်​ရင်​လဲ​ချက်ချင်း​လိုက်​တာ​ပဲ။ မ​သိ​လိုက်​တာ​ဆို​တာ​မ​ရှိ​ဘူး။လောဘ​ဖြစ်​ဖြစ်၊ဒေါသ​ဖြစ်​ဖြစ်၊ ထိနမိဒ္ဓ​ဖြစ်​ဖြစ်၊ဥဒ္ဓစ္စ​ကုက္ကုစ္စ​ဖြစ်​ဖြစ် ဖြစ်​တော့​ဖြစ်​တာ​ပဲ၊ မ​ပယ်​နိုင်​သေး​လို့​ဖြစ်​တာ။

သော​တာ​ပ​တ္တိ​မဂ်​က ဒိ​ဋ္ဌိ​နဲ့ ဝိစိကိစ္ဆာ​ပဲ ပယ်​နိုင်​သေး​တာ။

လောဘ ဒေါသ မောဟ​တွေ​က မ​ပယ်​နိုင်​သေး​တော့​လာ​မှာ​ပဲ။ လာ​ပင်​လာ​သော်​လဲ ချက်ချင်း နောက်​က ပြန်​သိ​တယ်။ ပ​ဋိ​စ္စ​သ​မု​ပ္ပါ​ဒ်​က နောက်​က​ဖြတ်​ဖြတ်​လိုက်​တယ်။ ပုထုဇဉ်​ကတော့ မ​ဖြတ်​ဘူး၊ပ​ဋိ​စ္စ​သ​မု​ပ္ပါ​ဒ် တန်း​နေ​အောင် သွား​တာ​ပဲ။ဥပမာ ပုထုဇဉ်​က​ဒေါသ​ဖြစ်​ရင် ကမ္ဘာ​မ​ကျေ​ဘူး​ဆို​ၿ ​ပီး တေး​ထား​တယ်။သော​တာ​ပန်​ကတော့ ဖြစ်​တော့​ဖြစ်​လို ​က်​တာ​ပဲ၊ ဒါ​ပေ​မယ့် နောက်​က​အသိ​နဲ့ ပြန်​လိုက်​ပေးလိုက်​တယ်။ ဒါ​နံပါတ်(၁)ကွာ​ခြား​မှု​ပဲ။ဖြစ်​ကြော​ရှည်​နဲ့​ဖြစ်​ကြော​တို​ကွာ​တယ်။

နံပါတ်(၂)က လောဘ ဒေါသ မောဟ​တွေ မ​ပယ်​နိုင်​သေး​တော အကြောင်း​တိုက်ဆိုင်​လို့ ပေါ်လာ​ခဲ့​သော်​လဲ ဒီ​ကိလေသာ​တွေ ငြိမ်း​အေး​အောင်​လုပ်​လိုက်​တော့​မယ်​ဆို​တဲ့ စိတ် ပေါ်လာ​တယ်။ သိ​ရုံ​တင်​မက​ဘူး၊ငြိမ်း​အေး​အောင်​လုပ်​မယ်​ဆို​တဲ့​အထိ လာ​တယ်။လောဘ ဒေါသ မောဟ​တွေ​ကတော့​ပုထုဇဉ်​လို​ပဲ ဖြစ်​တာ​ပဲ။သို့​သော်​ဖြစ်​မှန်း​သိ​တဲ့​အတွက် ငြိမ်း​အေး​အောင်​လ​ ု​ပ်​လိုက်​မယ်​ဆို​ပြီး ဖြစ်​ပျက်​ရှု​လိုက်​တော့ ငြိမ်း​အေး​သွား​တာ​ပဲ။ ဘယ်​တော့​မှ မ​ကျေ​ဘူး​ဘာ​ညာ​ဆို​တာ​တွေ မ​ကျန်​ရစ်​တော့​ဘူး။ ကိလေသာ​တွေ လာ​သော်​လဲ ငြိမ်း​အေး​အောင်​လ​ ု​ပ်​ပစ်လိုက်​တယ်။အကျဉ်း​ချုပ်​အား​ဖြင့် မှား​ရင် မှား​မှန်း ချက်ချင်း​သိ​တယ်၊ငြိမ်း​အောင်​လုပ်​ပစ်​တယ်။လောဘ ဒေါသ​တွေ​နဲ့ မှား​တာ​ကို​ပြော​တာ။

(၃)နံပါတ်​က ဒီ​ဘုရား​သာသနာ​မှ​တစ်ပါး​အခြား​သာသနာ​မှာ သော​တာ​ပန် သ​က​ဒါ​ဂါ​မ် အနာဂါမ် ရဟန္တာ​မ​ရှိ​ဘူး​လို ယုံကြည်​တယ်။ ကိုယ်တိုင်​သိ​လာ​တာ။သိ​လာ​လို့ ယုံကြည်​တာ။

(၄)နံပါတ်​က ရဟန်း​တော်​တွေ​ဟာ ဘုရား​ပညတ်​ထား​တဲ့ သိက္ခာပုဒ်​တစ်​ခု​ခု​ချိုး​ဖောက်​မိ​ရင် အပြစ်သင့်​တယ်။ အာပတ်သင့်​တယ်။အဲ​ဒီ​အပြစ်​ကို သိ​လိုက်​တာ​နဲ့ ပျောက်​သွား​အောင် ချက်ချင်း​ဒေသနာကြား​တယ်။ အာ​ပတ်​ကုစား​တာ​ခေါ်​တယ်။လူ​တွေ​မှာ​တော့​တစ်​ခု​ခု မှား​လို့​ရှိ​ရင် ဝန်ချ​တောင်းပန်​ပြီး ပြေလည်​အောင်​လုပ် လို​စိတ်​ပေါ်လာ​တယ်။မှား​တဲ့​ဥစ္စာ ချက်ချင်း ပြေ​အောင်​လုပ်​ချ​င​ ္​စိတ်​ပေါ်လာ​တာ။မှား​မိ​တာ သိ​လိုက်​တာ​နဲ့​ချက်ချင်း ဘုရား​ရှေ့သွား​ပြီး​ကမ္မ​ဋ္ဌာ​န်း​ထိုင်​ပစ်လိုက်​ပြီး​မှား​တဲ့​အပြစ်​တွေ ပြေ​ပြောက်​အောင် လုပ်​လိုက်​တယ်။ဒါ​သော​တာ​ပန်​ရဲ့​စိ ​တ်​ထား​ပဲ။

နံပါတ်(၅)က အမှု​ကိစ္စ​အတွက် ရုံး​ကန်​က​နား​ခေါ်​သော်​ငြား​လဲ လိုက်​တော့​လိုက်​တယ်။ ဒါ​ပေ​မယ့် သူ့ သီလ၊ သမာဓိ၊ ပညာ​တော့ အ​ပျက်​မ​ခံ​ဘူး။ကိစ္စ​ကြီး​ငယ်​ရှိ​လို့​အကူအညီ​လို​ရင် အကူအညီ​တော့ ပေး​တာ​ပဲ၊ဒါ​ပေ​မယ့်​သူ့​သီလ၊ သမာဓိ၊ ပညာ​တော့ အ​ပျက်​မ​ခံ​ဘူး။မဟုတ်​ဘဲ​နဲ့​အဟုတ်​လုပ်​အပြော​ခ​ ုိ​င်း​လဲ သူမ​ပြော​ဘူ၊အလိမ်​ခိုင်း​လဲ​မလိမ်​ဘူး၊ မ​တရား ထွက်​ဆို​တာ​မျိုး သူမ​လုပ်​တော့​ဘူး။အမှန်​ပြော​ရင် ဘယ်​လို​လုပ်​မယ်၊ ဘာ​လုပ်​မယ်​စ​သည်​ခြိမ်းခြောက်​နေ​စေ​ကာ​မူ သူ​ကတော့ အမှန်​အတိုင်း​ပဲ ထွက်​ဆို​တယ်။ဒီ​လို​ပြော​ပေး​ရင် ငွေ​ပေး​မယ်၊ဘာ​ပေး​မယ်​ပြော​လဲ သူ​ကတော့ မဟုတ်​မ​မှန်​တာ​ကို အဟုတ်​အမှန်​လုပ်​ပြီး ပြော​မ​ပေး​တော့​ဘူး။

နံပါတ်(၆)က တရားဟော​နေ​တဲ့​အခါ အနက်​အ​ဓိ​ပ္ပါ​ယ်​ကို သိ​ပြီး စိတ်​ဟာ​ဘယ်​မှ​မ​သွား​ဘဲ​နဲ့ နာ​လေ့​ရှိ​တယ်။မြတ်​စွာ​ဘုရား​တ​ရာ​ း​တော်​တွေ နာ​ကြား​ရ​တဲ့​အခါ အာရုံ​တစ်ပါး​စိတ်​မ​သွား​ဘဲ စူးစူး​စိုက်စိုက်​နာ​နိုင်​ခြင်း​သည် သော​တာ​ပန်​ရဲ့​သဘော​ပဲ။

နံပါတ်(၇)က တရား​တော်​တွေ နာ​ကြား​ပြီး​တဲ့​နောက် ပြော​လို့​လဲ မ​ပြီး​နိုင်၊ဝမ်းမြောက်​လို့​လဲ​မ​ဆုံး​နိုင်​ဘူး​တဲ့။သိပ်​ပြီး သဘောကျ​လွန်း​လို့​ပီ​တိ​သော​မန​ဿ​တွေ​ဖြစ်​ပြီး​တော်တော်​နဲ့ မ​ပျောက်​နိုင်​ဘူး။

အကျဉ်း​ပြန်​ချုပ်​လိုက်​ရင်

​၁။လောဘ ဒေါသ မောဟ ပေါ်​တိုင်​ပေါ်​တိုင်း ချက်ချင်း​သိ​တာ​သည်​သော​တာ​ပန်​ရဲ့​အသိ။

​၂။သိ​သည်​နှင့်​တစ်​ပြိုင်​နက် ငြိမ်း​အေး​အောင်​လုပ်​နိုင်​ခြင်း​သည် သော​တာ​ပန်​ရဲ့​အသိ။

​၃။ဤ​သာသနာ​မှ​တစ်ပါး​အခြား​သာသနာ​မှာ ထွက်​ရပ်​လမ်း​လုံး ဝ​မ​ရှိ​ဘူး​ဆို​တဲ့​ယုံကြည်​မှု​ဟာ​လဲ သော​တာ​ပန်​ရဲ့​သ​ဒ္ဓါ။

​၄။ကျူးလွန်​ထား​တဲ့​အပြစ်​ကို ချက်ချင်း ကု​သ​လို​တဲ့​စိတ်​ပေ​ ၚ​တာ​ဟာ​လဲ​သော​တာ​ပန်​ရဲ့​သဘော။

​၅။ကိစ္စ​ကြီး​ငယ်​ရှိ​လို့​အကူအညီ သက်သေ​လိုက်​ရ​ငြား​သော်​လဲ သီလ သမာဓိ ပညာ အ​ပျက်​မ​ခံ​တာ​သည် သော​တာ​ပန်​ရဲ့​သဘော။

​၆။တရား​တော်​တွေ​ကို အာရုံ​တစ်ပါး​စိတ်​မ​သွား​ဘဲ အနက်​အ​ဓိ​ပ္ပါ​ယ်​သိ​ပြီး နာ​နိုင်​ခြင်း​သည် သော​တာ​ပန်။

​၇။ခန္ဓာ​ဉာဏ်​ရောက်​တရား​တွေ​နာ​ရ​တော့ ဝမ်းမြောက်​လို့​မ​ဆုံး ကြည်ညို​လို့​မ​ဆုံး​ကျေးဇူးတင်​လို့ မ​ဆုံး​ဖြစ်​တာ​သည် သော​တာ​ပန်။

ပုထုဇဉ်​နဲ့​သော​တာ​ပန် ဒီ(၇)ချက်​မှာ ထူးခြား​တယ်​တဲ့။ ကောသ​မ္ဘီ​ရဟန်း​တွေ အကြောင်းပြု​ပြီး​ဟော​တာ။ဥပမာ သော​တာ​ပန်​လဲ ရန်​တော့ ဖြစ်​တာ​ပဲ။ဒါ​ပေ​မယ့် ဖြစ်​ရင် ဖြစ်​မှန်း​နောက်​က​သိ​တယ်။သိ​လိုက်​တော့​ငြိမ်း​အောင်​လုပ် လိုက်​တယ်။သိ​လို့ ကု​သ​လိုက်​တယ်။သူတစ်ပါး​ကိစ္စ​ဆော ​င်​ရွက်​ရာ​မှာ သီလ​သမာဓိ ပညာ​ကို​သာ ငဲ့​လေ့​ရှိ​တယ်။ တရားနာ​တဲ့​အခါ​မှာ အခြား​စိတ်​တွေ အဝင်​မ​ခံ​ဘူး။ တရားနာ​ရ​တော့ ဝမ်းသာ​လို့​မ​ဆုံး​ပီ​တိ​သော​မန​ဿ​တွေ​လဲ ဖြစ်​လို့​မ​ဆုံး​ဘူး​တဲ့။ဒါ​ပုထုဇဉ်​နဲ့ မ​တူ​တဲ့​အချက် (၇)ချက်။ ဒီ(၇)ချက်​နဲ့​ကိုက်​ညီ​ပြီ​ဆို​ရင်​တော့ ကိုယ့်ကိုယ်ကို သော​တာ​ပန်​ဖြစ်​နေ​ပြီ​လို့ ကောက်ချက်​ချ​လိုက်​ပါ။

(မိုး​ကုတ်​ဆရာတော်​ဘုရား​ကြီး​၏​ဟော​တရား​များ​မှ ကောက်နုတ်​တင်ပြ​ခြင်း​သာ​ဖြစ်​သည်။)

[ဒေါက်​တာ​အရှင်​ပါရမီ]

မေတ္တာ​ဖြင့် စုစည်း​သူ
အ​နှို​င်း​မဲ့​စာ​တို​ပေ​စ​များ

"ဧတဒဂ်ရ​သော လူ​ယောက်ျား (၁​၀) ယောက်"



၁။ တပု​ဿ ဘ​လ္လိ​က​ညီနောင် - ရှေးဦးစွာ သရဏဂုံ​တည်​သော
အရာ​၌ ဧတဒဂ်ရ​သည်။

​၂။ အနာ​ထ​ပိ​ဏ်​သူဌေး - ပေး​လှူ​တတ်​သော အရာ​၌
အသာ​လွန်​ဆုံး ဧတဒဂ်ရ​သည်။

​၃။ ​စိ​တ္တ​သူကြွယ် - တရားဟော​သော​အရာ​၌ အသာ​လွန်​ဆုံး
ဧတဒဂ်ရ​သည်။

​၄။ ဟ​တ္ထာ​ဠ​ဝ​က - သင်္ဂဟ​ဝတ္ထု​လေး​ပါး​ဖြင့် သ​င်္ဂြ​ ိဳ​လ်​တတ်​သည့်
အရာ​၌ အသာ​လွန်​ဆုံး ဧတဒဂ်ရ​သည်။



​၅။ မဟာ​နာမ် သာကီ​ဝင် - အခါ​မ​ပြတ် အမြတ်​အကောင်း
ပေး​လှူ​တတ်​သည့်​အရာ​၌ အသာ​လွန်​ဆုံး ဧတဒဂ်ရ​သည်။

​၆။ ဥ​ဂ္ဂ​သူကြွယ် - နှစ်သက်​ရာ​အမြတ်​ကို ပေး​လှူ​တတ်​သည့်
အရာ​၌ အသာ​လွန်​ဆုံး ဧတဒဂ်ရ​သည်။

​၇။ ဥ​ဂ္ဂ​တ​သူကြွယ် - သံဃာ​အား လုပ်ကျွေး​သည့်​အရာ​၌
အသာ​လွန်​ဆုံး ဧတဒဂ်ရ​သည်။

​၈။ သု​ရဗ​န် - မ​တုန်​မ​လှုပ် ကြည်ညို​ရာ​၌ အသာ​လွန်​ဆုံး
ဧတဒဂ်ရ​သည်။

​၉။ သမား​တော် ဇီဝက - ပုဂ္ဂိုလ်​ကို ကြည်ညို​တတ်​သည့်​အရာ​၌
အသာ​လွန်​ဆုံး ဧတဒဂ်ရ​သည်။

​၁​၀။ န​ကု​လ​ပီ​တာ - အကျွမ်းဝင်​သော အရာ​၌ အသာ​လွန်​ဆုံး
ဧတဒဂ်ရ​သည်။

(သုခ​မှတ်စု မှ)

မေတ္တာ​ဖြင့် စုစည်း​ဝေမျှ​သူ
အ​နှို​င်း​မဲ့​စာ​တို​ပေ​စ​များ

"ဧတဒဂ်ရ​သော လူ​မိန်းမ (၁​၀) ယောက်"


၁။ သူဌေး​သမီး သု​ဇာတာ - ရှေးဦးစွာ သရဏဂုံ​တည်​ရာ​၌
ဧတဒဂ်ရ​သည်။

​၂။ ​ဝိ​သာ​ခါ - ပေး​လှူ​တတ်​သည့်​အရာ​၌ အသာ​လွန်​ဆုံး
ဧတဒဂ်ရ​သည်။

​၃။ ခု​ဇ္ဇု​တ္တ​ရာ - အကြား​အမြင်​များ​သည့်​အရာ​၌ အသာ​လွန်​ဆုံး
ဧတဒဂ်ရ​သည်။

​၄။ သာ​မာ​ဝ​တီ - မေတ္တာ​ဖြင့် နေ​သည့်​အရာ​၌ အသာ​လွန်​ဆုံး
ဧတဒဂ်ရ​သည်။



​၅။ န​န္ဒ​မာတာ ဥ​တ္တ​ရာ - ဈာန်​ဝင်စား​သော​အရာ​၌ အသာ​လွန်​ဆုံး
ဧတဒဂ်ရ​သည်။

​၆။ သု​ပ္ပ​ဝါ​သာ - အကောင်း အမြတ် ပေး​လှူ​တတ်​သည့်​အရာ​၌
အသာ​လွန်​ဆုံး ဧတဒဂ်ရ​သည်။

​၇။ သု​ပ္ပိ​ယာ - သူနာ​ကို လုပ်ကျွေး​တတ်​သည့် အရာ​၌
အသာ​လွန်​ဆုံး ဧတဒဂ်ရ​သည်။

​၈။ ကာ​တိ​ယာ​နီ - မ​တုန်​မ​လှုပ် ကြည်ညို​ရာ​၌ အသာ​လွန်​ဆုံး
ဧတဒဂ်ရ​သည်။

​၉။ န​ကု​လ​မာတာ - အကျွမ်းဝင်​ခြင်း​၌ အသာ​လွန်​ဆုံး
ဧတဒဂ်ရ​သည်။

​၁​၀။ ကာ​ဠီ​ဒါယိကာမ - တစ်​ဆင့်​ကြား​၍ ကြည်ညို​သော​အရာ​၌
အသာ​လွန်​ဆုံး ဧတဒဂ်ရ​သည်။

(သုခ​မှတ်စု မှ)

မေတ္တာ​ဖြင့် စုစည်း​ဝေမျှ​သူ
အ​နှို​င်း​မဲ့​စာ​တို​ပေ​စ​များ

"ဧတဒဂ်ရ​သော ရဟန်း​မိန်းမ ​၁​၃ ယောက်"



၁။ မဟာ​ပ​ဇာ​ပတိ​ဂေါ​တ​မီ​ထေ​ရီ - နေ့​ည​အပိုင်းအခြား​ကို
သိ​တတ်​သော အရာ​၌ ဧတဒဂ်ရ​သည်။

​၂။ ခေ​မာ​ထေ​ရီ - ပညာကြီး​သည့်​အရာ​၌ ဧတဒဂ်ရ​သည်။

​၃။ ဥ​ပ္ပ​လ​ဝ​ဏ်​ထေ​ရီ - တန်ခိုး​အရာ​၌ ဧတဒဂ်ရ​သည်။

​၄။ ပ​ဋာ​စာ​ရီ​ထေ​ရီ - ဝိနည်း​ဆောင်​သော အရာ​၌ ဧတဒဂ်ရ​သည်။

​၅။ ဓမ္မ​ဒိ​န္နာ​ထေ​ရီ - တရားဟော​သော​အရာ​၌ ဧတဒဂ်ရ​သည်။

​၆။ န​န္ဒာ​ထေ​ရီ - ဈ​န်​ဝင်စား​သော​အရာ​၌ ဧတဒဂ်ရ​သည်။

​၇။ သော​ဏာ​ထေ​ရီ - လုံ့လ​အားထုတ်​သော​အရာ​၌ ဧတဒဂ်ရ​သည်။

​၈။ သ​ကု​လာ​ထေ​ရီ - ဒိ​ဗ္ဗ​စက္ခု​အရာ​၌ ဧတဒဂ်ရ​သည်။

​၉။ ဘ​ဒ္ဒါ​ကု​ဏ္ဍ​လ​ကေ​သာ​ထေ​ရီ - လျင်​စွာ​တရား​ကို သိ​သော
အရာ​၌ ဧတဒဂ်ရ​သည်။

​၁​၀။ ဘ​ဒ္ဒါ​ကာ​ပိ​လာ​နီ​ထေ​ရီ - ပု​ဗ္ဗေ​နိ​ဝါ​သ​ဥာ​ဏ်​အရာ​၌
ဧတဒဂ်ရ​သည်။

​၁​၁။ ဘ​ဒ္ဒ က​စ္စ​နာ​ထေ​ရီ - ​ဥာ​ဏ်​အမြင်​ကြီး​သည့်​အရာ​၌
ဧတဒဂ်ရ​သည်။

​၁​၂။ ​ကိ​သာ​ဂေါ​တ​မီ​ထေ​ရီ - ညစ်နွမ်း​ခေါင်းပါး​သော
သင်္ကန်း​ကို​ဆောင်​ရာ​၌ ဧတဒဂ်ရ​သည်။

​၁​၃။ သိ​ဂါ​ၤ​လ​မာတာ​ထေ​ရီ - သ​ဒ္ဓါ​အားကြီး​သည့် အရာ​၌
ဧတဒဂ်ရ​သည်။

(သုခ​မှတ်စု မှ)

မေတ္တာ​ဖြင့် စုစည်း​ဝေမျှ​သူ
အ​နှို​င်း​မဲ့​စာ​တို​ပေ​စ​များ

ပျက်စီး​ခြင်း ငါး​ပါး





တ​နေ့​သော​အခါ ဗုဒ္ဓ​ဘုရားရှင်​သည် ရဟန်း​တို့​အား ပျက်စီး​ခြင်း​တို့​နှင့် ပတ်သက်​၍ ဤသို့ ဟော​တော်​မူ​သည်။

ရဟန်း​တို့၊ သတ္တဝါ​တို့​တွင် ပျက်စီး​ခြင်း​တို့​သည် ငါး​မျိုးရှိ​၏၊ ယင်း​တို့​မှာ-
​၁။ အဆွေအမျိုး​တို့​၏ ပျက်စီး​ခြင်း။
​၂။ စည်းစိမ်​ဥစ္စာ​တို့​၏ ပျက်စီး​ခြင်း။
​၃။ အနာ​ရောဂါ နှိပ်စက်​မှု​ဟူ​သော ပျက်စီး​ခြင်း။
​၄။ အကျင့်​သီလ​၏ ပျက်စီး​ခြင်း။
​၅။ အယူ​၏ ပျက်စီး​ခြင်း​တို့​တည်း။

ဤသို့ ပျက်​စီ​ခြင်း ငါး​မျိုးရှိ​ရာ​တွင် သတ္တဝါ​တို့​သည်
အဆွေအမျိုး​တို့​၏ ပျက်စီး​ခြင်း​ကြောင့်​ဖြစ်​စေ၊
စည်းစိမ်​ဥစ္စာ​တို့​၏ ပျက်စီး​ခြင်း​ကြောင့်​ဖြစ်​စေ၊
အနာ​ရောဂါ နှိပ်စက်​မှု ဟူ​သော ပျက်စီး​ခြင်း​ကြောင့်​ဖြစ်​စေ၊
ခန္ဓာ​ကိုယ်​ပျက်စီး​၍ သေ​ပြီး​သော​အခါ ချမ်းသာ​ကင်း​သော ငရဲ​၌ မ​ဖြစ်​ရ​ကုန်။

အကျင့်​သီလ ပျက်စီး​ခြင်း​ကြောင့်​ဖြစ်​စေ၊
အယူ​၏ ပျက်စီး​ခြင်း​ကြောင့်​ဖြစ်​စေ၊
ခန္ဓာ​ကိုယ်​ပျက်စီး​၍ သေ​ပြီး​သော​အခါ​တွင်​ကား ချမ်းသာ​ကင်း​သော ငရဲ​၌ ဖြစ်​ရ​ကုန်​၏။

( အ​င်္ဂု​တ္တ​ရ ​ဂိ​လာ​န​ဝဂ်၊ ဗျ​သန​သုတ် )
credit to - mingala

ဓု​တင် ဆို​သည်မှာ



ဓု ​တင် ဆို​သည်မှာ ကိလေသာ​ကို ခါ​ထွက်​ကြော​င်း ခေါင်းပါး​စေ​သည့် အကျင့်​တရား​များ ဖြစ်​သည်။ အကျဉ်း​အား​ဖြင့် ​ဓု​တင် ​၁​၃-ပါး ရှိ​သည်။

​၁။ ဒါ​ယ​ကာ​တို့ လှူဒါန်း​သော သင်္ကန်း​ကို စွန့်​လျက် ပံ့သကူ သင်္ကန်း​ကို ဆောင်​ခြင်း​ဟူ​သော ပံ့သကူ ​ဓု​တင်၊

​၂။ လေး​ထည်​မြောက် သင်္ကန်း​ကို စွန့်​လျက် သုံး​ထည်​သော သင်္ကန်း​ကို​သာ ဆောင်​ခြင်း​ဟူ​သော တိ​စီ​ဝ​ရိ​က် ​ဓု​တင်၊

​၃။ လာဘ်​ပို လာဘ်​လျှံ​ကို ပယ်​၍ ဆွမ်း​ခံ​၍​ရ​သော ဆွမ်း​ကို​သာ သုံးဆောင်​ခြင်း (ပိ​ဏ္ဍ​ပါ​တ် ​ဓု​တင်)

​၄။ လျှပ်ပေါ်​လော်​လီ အိမ်​စဉ်​ကျော်​၍ ခံယူ​ခြင်း​ကို ပယ်​လျက် အိမ်​စဉ် မ​ကျော်​မလှ​ပ် ရပ်​၍​ရ​သော ဆွမ်း​ကို သုံးဆောင်​ခြင်း (သ​ပ​ဒါန​စာ​ရိ​က ​ဓု​တင်)

​၅။ နေရာ​အထူးထူး​၌ စား​ခြင်း​ကို ပယ်​လျက် တစ်​ထိုင် တစ်​နေရာ​တည်း​၌ စား​ခြင်း​ကို ဆောင်​ခြင်း (ဧ​ကာ​သ​နို​က် ​ဓု​တင်)

​၆။ နှစ်​ခွက်​မြောက်​သော ဆွမ်း​ဟင်း​ကို ပယ်​၍ တစ်​ခွက်​တည်း​နှင့်​သာ သုံးဆောင်​ခြင်း (ပ​တ္တ​ပို​ဏ် ​ဓု​တင်)

​၇။ ဆွမ်း​စ​ပြီး စား​နေ​စဉ် ကပ်​လာ​သော ဘောဇဉ်​ကို တော်​ပြီ​တန်​ပြီ ဆို​ပြီး ကပ်​ယူစား​ခြင်း​ကို ပယ်​ခြင်း (ခ​လု​ပ​စ္ဆာ​ဘ​တ် ​ဓု​တင်)

​၈။ ဂါမ​ဝါ​သီ ကျောင်း​သင်္ခမ်း​ကို ပယ်​၍ တောရကျောင်း​၌ နေ​ခြင်း​ကို ဆောက်တည်​ခြင်း (အာ​ရ​ည​ကင် ​ဓု​တင်)

​၉။ အမိုး အကာ​ရှိ​သော ကျောင်း​ကို ပယ်​၍ လွင်တီးခေါင်​၌ နေ​ခြင်း (အ​ဗ္ဘော​ကာ​သိ​က ​ဓု​တင်)

​၁​၀။ သု​ဿာ​န် မဟုတ်​သော နေရာ​ကို ကပ်​လျက် သု​ဿာ​န်​၌ နေ​ခြင်း (သု​ဿာ​န် ​ဓု​တင်)

​၁​၁။ အမိုးအကာ​ရှိ​သော ကျောင်း​ကို ပယ်​လျက် သစ်ပင်​ရင်း​၌ နေ​ခြင်း (ရုက္ခမူ​ဓု​တင်)

​၁​၂။ နေရာ​ကောင်း ကျောင်း​ဆောင်​ကို ပယ်​၍ ဖြစ်​စဉ်​အတိုင်း နေ​ခြင်း (ယ​ထာ​သ​န္တ​တိ ​ဓု​တင်)

​၁​၃။ အိပ်​ခြင်း​ကို ပယ်​၍ ထ​ခြင်း၊ ထိုင်​ခြင်း၊ စ​င်္ကြံ​သွား​ခြင်း​ကို ဆောင်​ခြင်း (နိ​သ​ဇ္ဇိ ​ဓု​တင်) တို့ ဖြစ်​၏။


ဤ​ဓု​တင်​များ​ကို ဆောင်​ခြင်း​ဖြင့်-



(၁) အသက်မွေး စင်ကြယ်​ခြင်း၊

(၂) ချမ်းသာ​ကျိုး ရှိ​ခြင်း၊

(၃) အပြစ်​မ​ရှိ၊

(၄) သူတစ်ပါး​တို့​အား ဒုက္ခ​မ​ပေး၊

(၅) ဘေးမ​ရှိ၊

(၆) သူတစ်ပါး​ကို မ​နှိပ်စက်၊

(၇) အမှန် ကြီးပွား​၏၊

(၈) ကုသိုလ်​တရား မ​ဆုတ်ယုတ်၊

(၉) မာယာ စဉ်းလဲ​ခြင်း မ​ရှိ၊

(၁​၀) သေ​ခြင်း​ကို စောင့်​တတ်​၏၊

(၁​၁) တောင့်တ​တိုင်း ပေး​၏၊

(၁​၂) သတ္တဝါ အားလုံး​ကို ဆုံးမ​တတ်​၏၊

(၁​၃) စောင့်စည်း​သော အကျိုး ရှိ​၏၊

(၁​၄) လျောက်ပတ်​သော အကျင့် ဖြစ်​၏၊

(၁​၅) ကိလေသာ​တို့ မ​မှီ​မက​ပ်​နိုင်၊

(၁​၆) ကိလေသာ​မှ လွတ်​၏၊

(၁​၇) ရာဂ​ကုန်​၏၊

(၁​၈) ဒေါသ​ကုန်​၏၊

(၁​၉) မောဟ​ကုန်​၏၊

(၂​၀) မာန်​တက်​မှု​ကို ပယ်​၏၊

(၂​၁) ဝိတက်​ကို ဖြတ်​၏၊

(၂​၂) ယုံမှား​သင်္ကာ​မှ ကူးမြောက်​၏၊

(၂​၃) အ​ပျင်း​ကို ပယ်​ဖျောက်​၏၊

(၂​၄) မ​မွေ့လျော်​ခြင်း​ကို ဖျောက်​၏၊

(၂​၅) သည်းခံ​တတ်​၏၊

(၂​၆) အတု​မ​ရှိ မြတ်​သော အကျင့်​တည်း၊

(၂​၇) မ​နှိုင်းယှဉ်​အပ်​သော ဂုဏ်ရှိ​၏၊

(၂​၈) နိဗ္ဗာန်​သို့ ရောက်​၏- ဟူ​သော အကျိုး​ထူး အကျိုး​မြတ်​များ​ကို ရ​နိုင်​သည်။

Credit to Myoukoo Syadaw's article & website

Tuesday, December 24, 2013

မြန်မာ​ပြည်​မှ က​မ္ဘာ့​အမြင့်​ဆုံး မြင်း​ခုံ​တံတား (ဂုတ်​ထိပ်​တံတား)




Myanmarဂုတ်​ထိပ်​တံတား (Goteik viaduct) အမည်​ရ တောင်​ကြား​ဖြတ် မီးရထား သံ​လမ်း တံတား ရဲ့ တည်​နေရာ​ကတော့ ရှမ်းပြည်နယ် အနောက်​ပိုင်း နောင် ချို​မြို့​အနီး​မှာ ဖြစ်​ပါ​တယ်။

အတိ​အကျ​အား​ဖြင့် မန္တလေး-လား ​ရှိုး​လမ်း၊ နောင်​ချို​ဘူ​တာ​အလွန် ​၇​မိုင်​အ​ကွာ​တွင် တည်​ရှိ​ပါ​တယ်။ ပြင်ဦးလွင် နဲ့ လားရှိုး မြို့​နှစ်​ခု​ကြား​က တံတား​လို့​လည်း နိုင်ငံ​ခြား​သား​များ​က အ​လွယ်​မှတ်ထား​ပါ​တယ်။

မြင်း​ခုံ​တံတား​ဆိုလို မြင်း​တွေ​ခုံ​တယ်​လို့ ဘာသာ​ပြန်​ရန်​မဟုတ်​ပါ။ The world largest trestle လို့ အသိ​မှတ်​ပြု​ထား​တဲ့ တံ​တာ​ဖြစ်​ပြီး Trestle ဆို​တာ စ​တီး၊ သံမဏိ၊ သံချောင်း​များ​ဖြင့် ထောက်ခံ​ထား​သော တံတား​လို့ လွယ်​လွယ်ကူ​ကူ ဘာသာ​ပြန်​နိုင်​ပါ​တယ်။ မြန်မာ​အခေါ် ကတော့ မြင်း​ခုံ ဖြစ် ပါ​တယ်။

​၁​၈​၉​၉ ခု​နှစ်​က တည်ဆောက်​ပြီး ​၁​၉​၀​၀ ခု​နှစ်​မှာ ပြီးစီး​ခဲ့​ပါ​တယ်။ အသုံးပြု​တာ​ကတော့ ​၁​၉​၀​၃ ခု​နှစ်​ရောက်​မှ စတင်​တယ်​လို့ မြန်​မာ့​စွယ်စုံ ကျမ်း​မှာ ဖော်​ပြ​ထား​ပါ​တယ်။ ဗြိတိသျှ ကို​လို​နီ​တို့ တည်ဆောက်​ပေး ခဲ့​တယ်​လို့ အကျ​မ်း​ဖျင်း​မှတ်ယူ​ပေ​မယ့် တာဝန်​ယူတ​ည်​ဆောက်​တာ​ကတော့ ဗ​မာ့​မီးရထားလမ်း​ကု​မ္မ​ဏီ (Burma Railroad Company) ဖြစ်​ပါ​တယ်။ ယင်း​ကု​မ္မ​ဏီ​မှာ ​ဗြ​တိ​သျှ၊ မြန်မာ အင်​ဂျင်​နေ​ယာ​များ ပါဝင်​ပါ​တယ်။ ဦးဆောင်​တည်ဆောက်​သူ​ကတော့ Sir Arthur Rendel ဖြစ်​ပါ​တယ်။ အသုံးပြု​တဲ့ အစိတ်​အပိုင်း​များ​ကို​တော့ အမေ​ရိ​ကန်​မှ တိုက်ရိုက် မှာ​ယူထား​ခြင်း ဖြစ်​ပါ​တယ်။

တံတား​အရှည် ​၂​၂​၆​၀​ပေ၊ တံတား​အောက်​ခြေ​မှ အမြင့် ပေ ​၁​၁​၀​၀ ရှိ​ပြီး ပေ ​၃​၀​၀ ကျော်​မတ်စောက်​သော လျှို​ကြီး​နှစ်​ဖက်​ကို ဖြတ်​ကျော်​တည်ဆောက် ထား​ခြင်း ဖြစ်​ပါ​တယ်။ ရှမ်း​ဘာသာ​အခေါ် ငုပ်​ထိပ်​တံတား​မှ ဂုတ်​ထိပ်​ဟူ၍ အမည်တွင်​လာ​ခဲ့​သော တံတား​ဖြစ်​သည်။

ယင်း​တံတား​ကို တည်ဆောက်​သည့် နည်း​ပညာ အဆင့်​မြင့်​မှု​နှင့် သ​ဘာ​ဝ​ပတ်ဝန်းကျင်​လှပ​မှု​တို့​ကြောင့် ခေတ်​အဆက်ဆက် ထင်ရှား​ကျော်​ကြား​လာ​သော တံတား​ဖြစ်​ပြီး က​မ္ဘာ့​အံ့ဖွယ်​စာရင်း​များ​တွင် ပါဝင်​ခဲ့​သည်။

ယနေ့​တိုင်​ထိ​လည်း မြန်မာ​ပြည်​၏ အမြင့်​ဆုံး တံတား၊ က​မ္ဘာ့​အကြီး​ဆုံး မီးရထား​သံ​လမ်း တံတား (မြင်း​ခုံ​တံတား) ဟု မှတ်​ကျောက်​တင် ဆဲ ဖြစ်​ကြော​င်း သိ​ရ​ပါ​တယ်။

ခေတ်​အဆက်ဆက် ပျက်​ဆီး​ယိုယွင်း​မှု​များ​ကို ထိန်းသိမ်း​လာ​ခဲ့​ခြင်း​ကြောင့် ယနေ့​တိုင် တည်​ရှိ​နေ​ဆဲ​ဖြစ်​သည့် Goteick viaduct သည် ကမ္ဘာ​လှည့်​ခရီးသည်​များ​၏ စိတ်ဝင်စား​ဖွယ်၊ သွား​ရောက်​လေ့​လာ​ဖွယ် နေရာ​တစ်​ခု ဖြစ်​ကြော​င်း သိ​ရ​ပါ​တယ်။
---
အသေး​စိတ်​လေ့​လာ​ရန်-
http://en.wikipedia.org/wiki/Goteik_viaduct#cite_note-1

    အောင်​ခ​မ်း ( ရိုးရာ​လေး )

Monday, December 16, 2013

သင့်​ခန္ဓာ​ကိုယ်၏ အံ့​မ​ခန်း​လှည့်​ကွက်​များ






၁) သင့်​လည်ချောင်း​ထဲ​က ယား​နေ​တယ်​ဆို​ရင် နားရွက်​ကို​ကုတ်​လိုက်​ပါ... နားရွက်​မှာ​ရှိ​တဲ့ အာရုံကြော​တွေ​ကို​လှုံ့ဆော်​မိ​တဲ့​အခါ အဲ့​ဒီ​အာရုံကြော​တွေ​ဟာ လည်ချောင်း​ထဲ​က​ကြွက်သား​တွေ​ကို အလို​အလျောက်​ရုတ်​တ​ရက် တုံ့​ပြန်စေ​ပြီး ယားယံ​မှု​ကို ပျောက်ကင်း​ပါ​လိမ့်​မယ်....

၂) လူ​တွေ​ဆူ​ညံ​နေ​တဲ့​နေရာ​မှာ ဒါ​မှ​မဟုတ် ဖုန်း​ပြော​တဲ့​နေရာ တစ်​ယောက်⁠ယောက်​ရဲ့​အ​သံ​ကို မ​ကြား​နိုင်​ဖြစ်​နေ​ပါ​သလား.... ရုတ်​ချည်း​ပြော​လိုက်​တဲ့​အ​သံ​ကို​ကြား​ဖို့​ဆို​ရင်​တော့ ညာ​ဘက်​နား​ကို အသုံးပြု​ပါ... ဂီ​တ​သံ​စဉ်​တွေ​ကို​နားထောင်​ဖို့​ဆို​ရင်​တော့ ဘယ်​ဘက်​နား​ကို အသုံးပြု​ပါ....

၃) သန့်စင်​ခန်း​ဒါ​မှ​မဟုတ် တခြား​သင့်​တော်​တဲ့ တစ်​နေရာ​ရာ​နဲ့ အလှမ်း​ဝေး​နေ​တဲ့​အချိန်​မှာ သင့်​အနေ​နဲ့ အလွန်အမင်း အခင်း​ကြီး​ငယ်​သွား​ချင်​နေ​တယ်​ဆို​ရင် သင့်​ရဲ့ ချစ်​သံယောဇဉ်​လေး​တွေ​အကြောင်း စိတ်ကူး​ယဉ်​လိုက်​ပါ... ဒါ​က သင့်​ဦးနှောက်​ကို အာရုံ​လွှဲ​ပြောင်း​ပေး​နိုင်​ပါ​တယ်....

၄)ဆရာဝန်​က​သင့်​ကို​ဆေး​ထိုး​တော့​မယ်​ဆို​ရင် ဆေး​ထိုး​အပ်​ဝင်​တာ​နဲ့ ချောင်းဟန့်​လိုက်​ပါ... ချောင်းဆိုး​ချောင်းဟန့်​တာ​ဟာ သင့်​ရဲ့ ကျော​ရိုး​ပြွန်​ထဲ​က ဖိ​အား​ကို​မြင့်​တက်​စေ​ပြီး ဦးနှောက်​ကို နာကျင်​မှု​ဝေဒနာ​ပေး​ပို့​တဲ့​အခါ​မှာ ကန့်သတ်​ထား​စေ​နိုင်​ပါ​တယ်...

၅) နှာစေး​နေ​လို့ နှာခေါင်း​ပိတ်​နေ​တဲ့​အခါ​မျိုး... အသက်ရှူ​လမ်းကြောင်း​ပိတ်​နေ​တဲ့​အခါ​မျိုး​မှာ သင့်​လျှာ​ကို ခံတွင်း​အပေါ်​ဘက်​နံရံ​မှာ​ဖိ​ကပ်ထား​ပြီး မျက်​ခုံး​နှစ်​ခု​ကြားမှာ လက်​တစ်​ချောင်း​နဲ့​ဖိ​ထား​လိုက်​ပါ... ဒီ​အနေအထား​အတိုင်း စက္ကန့် ​၂​၀ လောက် ထား​လိုက်​ခြင်း​ဖြင့် သင့်​နှာ​နု​ရိုး​ကို​လှုပ်​ခါ​စေ​နိုင်​ပြီး ပိတ်​ဆို့​နေ​တာ​တွေ လျော့ပါး​ပြီး ရှင်းလင်း​သွား​စေ​နိုင်​ပါ​တယ်....

၆) အစား​ကောင်း​အ​သောက်​ကောင်း​တွေ အားပါးတရ​စား​ပြီး အရမ်း​ပြည့်​အင့်​ကာ​အိပ်​ချင်​လာ​ပြီ​ဆို​ရင်​ဘယ်​ဘက်​ကို​စောင်း​ပြီး​လှဲ​လျောင်း​ပါ...​ဒီ​ပုံစံ​ဟာ​သင့်​အစာအိမ်​ကို​အစာ​ပြွန်​ထက်​ပို​နိမ့်​တဲ့​အနေအထား​မှာ​ရှိ​တဲ့​အတွက် အစာချေ​ရည်​အက်​ဆစ်​ပြောင်းပြန်​စီး​ဆင်း​မှု​ကို တားဆီး​ပေး​ပြီး အစာချေ​ရည်​တွေ​သင့်​လည်ချောင်း​ထဲ​က​မ​ထွက်​လာ​အောင်​ထိန်း​ပေး​ထား​နိုင်​ပါ​တယ်...

၇)သင်​သွားကိုက်​တယ်​ဆို​ရင် ရေခဲ​တုံး​တစ်​တုံး​နဲ့​လက်မ​နဲ့​လက်​ညိုး​ကြား​က လက်​ဖမိုး​နေရာ​လေး​ကို ပွတ်​ပေး​ခြင်း​ဖြင့် ပျောက်ကင်း​နိုင်​ပါ​တယ်... အဲ့​ဒီ​နေရာ​က အာရုံကြော​ဟာ ခံတွင်း​က​နာကျင်​မှု​ဝေဒနာ​ကို​သိ​တဲ့ ဦးနှောက်​ရဲ့ အစိတ်​အပိုင်း​ကို ပိတ်​ဆို့​အောင် လှုံ့​ဆော်​ပေး​နိုင်​ပါ​တယ်...

၈) သင်​အလွန်​အ​ကျွံ​အရက်မူး​တဲ့​အခါ အခန်း​တစ်​ခု​လုံး​ချာချာ​လည်​လာ​ပြီး ဟန်​ချက်​ထိန်း​နိုင်​အောင် တစ်​ခု⁠ခု​ကို ဆုပ်​ကိုင်​ထား​ရ​ပါ​တယ်... ဘာ​ကြောင့်​လဲဆို​တော့ အရက်​ဟာ cupula လို့​ခေါ်​တဲ့ နား​ထဲ​က ဟန်​ချက်​ထိန်း​တဲ့​အစိတ်​အပိုင်း​ရဲ့ သွေး​ကို ရေ​ဓာတ်လျော့​ပါး​ပြီး အားနည်း​စေ​လို့​ပါ​ပဲ... တစ်​ခု⁠ခု​ကို ဆုပ်​ကိုင်​လိုက်​တဲ့​အခါ ဦးနှောက်​က နောက်ထပ်​ရည်​ညွ​န်း​မှတ်​တစ်​ခု​ကို ရ​ရှိ​သွား​ပြီး ချာချာ​လည်​ခြင်း​က​ရပ်​အောင် လုပ်ဆောင်​ပေး​ပါ​တယ်....

၉) နှာခေါင်း​သွေး​ယို​တဲ့​အခါ နှာခေါင်း​အောက်​နား​မှာ​ရှိ​တဲ့ အပေါ်​ဘက်​သွား​ဖုံး​ပေါ်​က အခွက်​လေး​ထဲ​မှာ ဂွမ်း​နည်း⁠နည်း​ကို​ခု​ပြီး ခပ်​နာနာ​လေး​ဖိ​ပေး​ပါ... နှာခေါင်း​က​ယို​တဲ့​သွေး​အများ​စု​ဟာ နှာခေါင်း​အလည်​က အရိုးနု (နှာ​နု​ရိုး) က​နေ လာ​တာ​ဖြစ်​တဲ့​အတွက် ဒီ​လို​ဖိ​လိုက်​ရင် သွေး​ယို​ရပ်​သွား​စေ​နိုင်​ပါ​တယ်...

၁​၀) စိတ်​လှုပ်ရှား​ထိတ်လန့်​နေ​သလား... သင့်​နှလုံးခုန်​နှုန်း​ကို လက်မ​ကို မှုတ် (စုပ်) ရင်း လျှော့​ချ​နိုင်​ပါ​တယ်... vagus လို့​အမည်​ရ​တဲ့ အာရုံကြော​ဟာ နှလုံးခုန်​နှုန်း​ကို ထိန်း​ချုပ်​ပေး​ပြီး အသက်ရှူ​ခြင်း​ဖြင့် သင်​တည်​ငြိမ်​မှု​ရ​လာ​ပါ​လိမ့်​မယ်...

၁​၁) ရေ​ထဲ​မှာ ခဏ​လောက် အသက်ရှူ​ချင်​သလား... ရေ​ထဲ​ကို​မ​ဆင်း​ခင် အသက်​တဝ​ကြီး​ရှူ​တာ ပုံ​မှန်​ထက်​မြန်⁠မြန်​ပြင်း⁠ပြင်း​ရှူ​တာ​မျိုး​လုပ်​မယ့်​အစား ရှူ​သွင်း​ရှူ​ထုတ်​ခြင်း​ကို အချိန်​တို​အတွင်း​များ⁠များ​လုပ်ဆောင်​လိုက်​ပါ... ဒီ​လို​လုပ်​ခြင်း​ဟာ သင့်​ဦးနှောက်​ကို အောက်​ဆီ​ဂျင်​ပို​ရသ​လို ခံစား​ရ​စေ​ပြီး အချိန် ​၁​၀ စက္ကန့်​လောက် ပို​ကြာ⁠ကြာ​နေ​နိုင်​ပါ​လိမ့်​မယ်....

၁​၂) ရေခဲ​မုန့်​တွေ အအေး​တွေ စား​သောက်​ပြီး​တဲ့​အခါ​မှာ ပါး​စပ်​အပေါ်​နံရံ​က​နေ​ပြီး ခေါင်း​ထဲ​ထိ​ထိုး​ကိုက်​တာ​မျိုး​ဖြစ်​တတ်​ပါ​တယ်... အဲ့​ဒါ​ကို Brain freeze လို့​ခေါ်​ပါ​တယ်... အဲ့​လို​ဖြစ်​တဲ့​အခါ သင့်​လျှာ​ကို ပါး​စပ်​အပေါ်​နံရံ​အတိုင်း အပြား​လိုက်​ဖိ​ကပ်ထား​ပါ... လျှာ​နဲ့​နေရာ​များ⁠များ​ထိ​နိုင်​သ​မျှ ထိ​အောင်​ကပ်ထား​ပေး​ရ​ပါ​မယ်... brain freezeဟာ​ခံတွင်း​နံရံ​မှာ​ရှိ​တဲ့​အာရုံကြော​ကို​အလွန်အမင်း​အေး​စေ​တဲ့​အခါ​ဦးနှောက်​က​ခန္ဓာ​ကိုယ်​တစ်​ခု​လုံး​အေး​နေ​တယ်​လို့ ယူဆ​သွား​တဲ့​အတွက် ဖြစ်လာ​တာ​ပါ... ဒါ​ကြောင့် သင့်​ဦးခေါင်း​ကို​နာကျင်​ကိုက်ခဲ​တဲ့​အထိ အပူ​ပေး​တဲ့​လုပ်ဆောင်​ချက်​တွေ လုပ်​နေ​တာ​ဖြစ်​ပါ​တယ်... ခံတွင်း​အပေါ်​နံရံ​ကို လျှာ​နဲ့​ကပ်​ပြီး အ​နွေး​ဓာတ်​ပေး​ခြင်း​ဖြင့် သင့်​ဦးနှောက်​ကို ပြန်​အေး​စေ​ပြီး ကိုက်ခဲ​မှု​က သက်သာ​စေ​ပါ​တယ်....

၁​၃)သင့်​ရဲ့​လက်​တွေ​အိပ်ပျော်​တဲ့​အခါ​မှာ​လက်​တွေ​ဟာ ဘေး​တစ်​ဘက်​တစ်​ချက်​ကို လွှဲ​ပြီး​လှုပ်​ရမ်း​နေ​ပါ​တယ်... ဒီ​အခါ​မှာ လက်​တွေ​က​ပြန်​နိုး​လာ​ပြီး တစ်​မိ​နစ်​အတွင်း​မှာ​ပဲ အပေါ်​ပြန်​တက်​လာ​ပါ​တယ်... လက်​တွေ​ဘာ​ကြောင့် အိပ်ပျော်​လဲဆို​တော့ လည်ပင်း​မှာ​ရှိ​တဲ့ အာရုံကြော​တွေ​ကြောင့်​ဖြစ်​ပြီး လည်ပင်း​ကို အသာအယာ​နှိပ်နယ်​ပေး​ခြင်း​ဖြင့် ကု​သ​နိုင်​ပါ​တယ်... သင့်​ခြေထောက်​တွေ​အိပ်ပျော်​တယ်​ဆို​တာ ခန္ဓာ​ကိုယ်​အောက်​ပိုင်း​ကို​ထိန်း​ချုပ်ထား​တဲ့ အာရုံကြော​တွေ​ကြောင့်​ဖြစ်​ပါ​တယ်... ဒီ​လို​မ​ဖြစ်​အောင် ရပ်​ဖို့​နဲ့ လမ်းလျှောက်​ဖို့​လို​ပါ​လိမ့်​မယ်....

၁​၄) ကြို့ထိုး​နေ​သလား... လက်မ​နဲ့​လက်​ညိုး​ကို ကြို့ထိုး​မ​ရပ်​မ​ချင်း မျက်​ခုံး​ပေါ်​မှာ​ဖိ​ထား​ပါ... မ​ကြာ​ပါ​ဘူး... ခဏ​နေ​ရင် ရပ်​သွား​ပါ​လိမ့်​မယ်....

From : နှင်းဆီ​ဖူး​လေး​များ-Love BUDS 

Friday, December 13, 2013

အာဖဂန်နစ္စတန်တွင် ဗုဒ္စသာသနာ ကွယ်ပျောက်သွားရပုံ သမိုင်း

 

                 အစ္စလာမ်ဝါဒမထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိကကိုးကွယ်သော ဘာသာ မှာ ဗုဒ္စဘာသာဖြစ်သည် ။ အာဖဂန် နိုင်ငံ ဟင် ဒုကတ် ရှ် တောင်တန်း၏ တောင်ဘက်အရပ်ဒေသများတွင် ဗုဒ္စဘာသာ သည် ထိုစဉ်ကများစွာ စည်ပင်ဝပြောခဲ့သည် ။ ကမ္ဘာ. ပထမဆုံးသော ဗုဒ္ဓရုပ်ပွားတော်မြတ် ကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးခရိုင် ဂန်ဒါရာတွင် တည်ထားခဲ.ကြသည်။ ယခုအခါ ထိုဒေသကို ကန်ဒါဟာ ဟုခေါ် ်ကြသည်။ သမိုင်းဆိုင်ရာသက်သေအထောက်အထားများအရ အာဖဂန်နစ္စတန်တွင် အစ္စလာမ်ဝါဒ မထွန်းကားမီ (ခရာဇ်တော်မပေါ ်မီ နှစ်ပေါင်း ၃၀၅ ခု) ကပင် ဗုဒ္စဘာသာ အခြေတည်ခဲ.ကြောင်း သုတေသီတို.ကသုံးသပ်ကြသည် ။ ထိုသို. စောစီးစွာ အခြေတည်ခဲ.သောဗုဒ္စသာသနာမှာ အေဒီ (၇) ရာစုတွင် စတင်မှေးမှိန်လာခဲ.ပြီး ၊ အေဒီ (၁၁) ရာစုတွင် လုံးဝကွယ်ပျောက် ချုပ်ငြိမ်းသွားခဲ.လေသည်။          
                     ဤဒေသမှာ တရုတ်တို.၏ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ပိုးလမ်းမကြီးပေါ ်တွင်ရှိ၍ လူသိများ ကျော်ကြားလှပါသည် ။ ဂရေကိုဘက်တားရီးယန်း မင်းဆက်မှ ဘုရင်တစ်ပါးဖြစ်သော မိန္ဒာ ဘုရင်ကြီးလက်ထက်တွင် ထေရဝါဒ ဗုဒ္စဘာသာ သည် အာဖဂန်နစ္စတန်တွင် ထွန်းကားခဲ.ပါသည်။ မကြာသေးမီ အချိန်ပိုင်းက ရှာဖွေတွေ.ရှိချက် များအရ အာဖဂန်နစ္စတန်နိုင်ငံ လော်ဂျာပြည်နယ် (ကဘူးမြို.တောင်ဘက်) တွင် ဗုဒ္စ၏ ဓါတ်တော်မွေတော် ၄၂ ဆူကို တူးဖော်တွေ.ရှိခဲ.ပါသည် ။ ဗုဒ္စ သာသနိက အဆောက်အအုံများကို လည်း အာဖဂန်ရှေးဟောင်းဌာနက တစ်ခုပြီးတစ်ခု ရှာဖွေတွေ.ရှိခဲ.ပါသည်။လော်ဂျာပြည်နယ်၌ရှာဖွေတွေ.ရှိခဲ.သမျှ ပစ္စည်းများထဲတွင် ရှေးဟောင်းစေတီတော် နှစ်ဆူ ၊ ဗုဒ္စ ရုပ်ပွားဆင်းတုတော်များ ၊ နံရံ ပန်းချီများ ၊ ရွှေဒင်္ဂါး ငွေဒင်္ဂါးများ ၊ ရှေးဟောင်း ပုတီးများပါဝင်ပါသည် ။ ဘက်တားရီးယန်း စာပေပညာရှင်နှင်.စစ်သည်တော် ( မိလိန္ဒပဥှာ ကျမ်းအရ မိလိန္ဒမင်းကြီး ) တစ်ဦးသည် အိန္ဒိယ မှ ရောက်လာသော နာဂသေနဟု အမည်ရသောမထေရ် တစ်ပါးနှင့်တွေ.ပြီး ဗုဒ္စဘာသာဝင်အဖြစ်ကူးပြောင်း ရောက် ရှိခဲကြောင်းသိရပါသည်။ မြတ်ဗုဒ္စ၏ ပထမဆုံး ဥပသကာနှစ်ပါးဖြစ်သော တဖုဿနှင်.ဘလိက ကုန်သည်ညီနောင်နှစ်ပါးသည် သူတို.၏ ဇာတိမြို ့ဖြစ်သော ဘာသ်မြို ့တွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကိုဆောက်လုပ်လှူဒါန်းခဲ.ရာ အာဖဂန်နစ္စတန်တွင် ပထမဆုံး တည်ထားကိုးကွယ်သော ဗုဒ္စဘာသာ ဘုန်းတော်ကြီးကျောင်းဖြစ်လာပါသည်။ ( ရွှေတိဂုံ စေတီတော်မြတ် ရာဇဝင်လာ နာမည်များနှင့် ဆင် တူနေသည်မှာ စဉ်းစားဖွယ်ရာ ပင်။ ဘာသာပြန်သူ၏စကားချပ်)
            ဘာမီယန်တောင်တန်းသည်လိုဏ်ဂူ များပေါများလှသောတောင်စဉ်တောင် ်တန်းကြီးတစ်ခုဖြစ်ပြီး ၎င်းတောင်များအတွင်းရှိလိုဏ်ဂူများတွင် သီတင်းသုံးကြသော ဗုဒ္စဘာသာ ရဟန်းတော်များသည် ဗုဒ္စဝင် နိပါတ်တော်များကိုကျောက်ဂူနံရံများတွင်နံရံပန်းချီများအဖြစ်ရေးချယ်ခဲ.ကြပါသည်။ဘာမီယန်တောင်ကြားဒေသရှိကျောက်ဂူနံရံများတွင်ထွင်းထုထားသော ဗုဒ္စရုပ်ပွားတော်များကို ဘာမီယန် ဗုဒ္စရုပ်ပွားတော်များဟု ခေါ်ဝေါ်ကြပြီး သမိုင်းကြောင်းအရ တန်ဖိုးဖြတ်၍မရအောင်အလွန်ရှားပါးအဖိုးတန်လှပေသည်။ထိုဗုဒ္စရုပ်ပွားတော်များထဲမှ ကြည်ညိုဖွယ်အကောင်းဆုံးနှင်. အရွယ်အစားအကြီးဆုံးမှာ ညဏ်တော် ပေ ၄၂၀ ရှိသော ရပ်တော်မူ ကိုယ်တော်ကြီးဖြစ်သည် ။ ထိုရုပ်ပွားတော်မြတ်ကြီးကို လွန်ခဲ.သော ၁၁ နှစ် (၂၀၀၁ ခုနှစ်) က တာလီဘန်သူပုန်များက ဒိုင်းနမိုက်ဖြင်.ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ.သည် ။ မူဆလင်များသည် ရုပ်တုကိုးကွယ်မှုမပြုရဟု အယူရှိသောကြောင်.တာလီဘန်တို.သည်ဗုဒ္စရုပ်ပွားတော်မြတ်များတည်ရှိနေခြင်းကိုသည်းမခံနိုင်ပဲ ဖြစ်ခဲ.ပုံရသည် ။ ထိုလုပ်ရပ်ကိုတားဆီးရန်  ထိုစဉ်ကပါကစ္စတန်နိုင်ငံတွင်ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန် က “ တာလီဘန်တို.သည် ကိုယ်.ကိုယ်ကိုသာမက အစ္စလမ်ဝါဒအတွက်ပါ အကျိုးမဲ.စေသော လုပ်ရပ်ကိုလုပ်ခဲ. လေပြီ “ ဟု ပြောကြားခဲ.ပါသည် ။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးတားဆီးနေသည်.ကြားမှ၂၀၀၁ခုမတ်လ(၁၁)ရက်တနင်္ဂနွေနေ.တွင်ရုပ်ပွားတော်ကြီး နှစ်ဆူကို နှစ်ရက်ဆက်၍ ရှေ.စင့် နောက်စင့် ဒိုင်းနမိုက်ဖြင်.ဖြိုခွဲဖျက်ဆီးခဲ.သည် ထိုကိစ္စနှင်.ပါတ်သက်၍ ပါကစ္စတန်၊သီရိလင်္ကာ၊ဂျပန်တို.မှကိုယ်စားလှယ်အဖွဲ.များလွှတ်ကာထိုသို.မလုပ်ဖို.စေ.စပ်ဆွေးနွေးခဲ.သော်လည်းမအောင်မြင်ခဲ.ပေ။ ဒါတွေဟာ အစ္စလာမ်တရားတော်နဲ.မညီလို. ဖယ်ရှားရတာပါဟု တာလီဘန်တို.က အကြောင်းပြခဲ.သည် ။ UN အတွင်းရေးမှူး ကိုဖီအာနန်ကမူ “အစ္စလာမ်နာမည်ကိုခုတုန်းလုပ်ပြီး ဘယ်သူ.ကိုမှ အကျိုးမရှိ ပျက်စီးစေမဲ.အလုပ်ကို သူတို. လုပ်နေကြတယ် ။ ဒီလုပ်ရပ်ကို ကမ္ဘာပေါ်မှာဘယ်သူကမှ ထောက်ခံမှာ မဟုတ်ဘူးဆိုတာ ကျုပ်ပြောရဲတယ် “ ဟု ပြောခဲ.သည် ။
    အဖိုးအနဂ္ဂထိုက်တန်သော ကမ္ဘာ.အမွေအနှစ်များအာဖဂန်သမိုင်းတွင် ပြန် အဖတ်ဆယ်၍မရအောင် ပျောက်ဆုံးသွားရခြင်းအတွက် နောင်အခါတွင်သူတို.နှမျော ကောင်းနှမျော တသနေပါလိမ်.မည်။ ကမ္ဘာ.ဗုဒ္စဘာသာနိုင်ငံများသည် ကုလသမဂ္ဂ ၊ ယူနက်စကို တို.နှင်.ပူးပေါင်း၍ ထိုစဉ်ပြင်းပြင်းထန်ထန်ကန်.ကွက်ခဲ.ပါမူ ထိုအဖြစ်ဆိုးမ ှရှောင်လွဲကောင်းရှောင်လွဲနိုင်ပါလိမ်.မည် ။ တာလီဘန်တို.သည် အဖျက်စွမ်းအားကြီးမားသော အမြှောက်လက်နက်ကြီး များကိုသုံး၍ ၂၀၀၁ ခုမတ်လတွင်ဗုဒ္စရုပ်ပွားတော်များကိုဖျက်ဆီးခဲ.ပါသည်ထိုဖျက်ဆီးခံရသောဘာမီးယန်းဗုဒ္စရုပ်ပွားတော်နှင်.တစ်ပုံစံထဲတူသော( ညာဏ်တော်ပို၍မြင်.သော) ပုံစံတူ သြကာန ရုပ်ပွားတော်မြတ်ကြီးကို သီရိလင်္ကာတွင် တည်ထားကိုးကွယ်ခဲ.ကြပါသည် ။
             ရှေးအခါကလည်းအာဖဂန်နစ္စတန်တွင် မတူညီသော ဘာသာများ ရှိခဲ.ကြ ၊ကိုးကွယ်ခဲ.ကြဖူးပါသည်။ သို.သော် ဘာသာတစ်ခုကအခြားဘာသာများကိုလေးစားခဲ.ကြသည် ။ ဘော်လ်ကာဒေသသည် ဇောရိုးဝါဒ Zoroaster ( အီရန်နိုင်ငံတွင်စတင်ခဲ.သော ဘုရားသခင် ဘက်တော်သားများသည် မိစ္ဆာဝါဒီများကို အဆက်မပြတ် တိုက်ခိုက်သုတ်သင်ရေးဝါဒ) ၏ မူလ ဘူတစတင်မွေးဖွားရာနေရာဖြစ်နေသည် နောင်သောအခါဤဝါဒမှာ အီရန်သို.ရောက်ရှိပျံ.ပွားသွားပြီး မကောင်းသူပါယ်ကောင်းသူကယ်ဝါဒ Zoroastrianism. ဟု ထင်ရှားခဲ.သည် ။ ဂရေ.(စ်)ကို ဘက်ထရီယန် လက်ထက်တွင် ဗုဒ္စဘာသာ နှင်.ဇောရိုးဝါဒ မှာ ငြိမ်းချမ်းစွာ အတူတကွ တူရှိခဲ.ကြသည် ။
              တမန်တော်မိုဟာမက်ကွယ်လွန်ပြီး နှစ် ၃၀ ကြာသောအခါ ( အေဒီ ၆၀၀ ) အာရပ်မူဆလင်များသည်ပါရှားကိုအောင်နိုင်ပြီးနောက်ဘက်တားရီးယားဒေသကိုဆက်လက်တိုက်ခိုက်ပြီးဗုဒ္စဘာသာထွန်းကားရာဘော်လ်ကာဒေသ(Balka)သို.ပါရောက်ရှိလာခဲ.သည်။၎င်းတို.အုပ်စိုးပြီးနောက်ပိုင်းတွင် ဗုဒ္စဘာသာဝင်များကိုလူခွန်စတင်ကောက်ခံခဲ.သည်။ဘုရားကျောင်းကန်စေတီပုထိုးများသို.သွားရောက်ဖူးမျှော်ပူဇော်ကန်တော.သူများကိုလည်းဘုရားဖူးခွန်များ ကောက်ခံခဲ.သည် ကဘူးရှိဘုန်းကြီးကျောင်းများကိုဝင်ရောက်လုယက်ဖျက်ဆီးကြပြီးဗုဒ္စရုပ်ပွားတော်များကို အောင်ပွဲအထိမ်းအမှတ်အဖြစ် ယူငင်သိမ်းပိုက်ကြသည်။ နာကျည်းဖွယ်အနိုင်ကျင်.ခံရမှု့သည် ဤမှာပင် စသည် ။ ကဘူးတွင် ဗုဒ္စဘာသာသည်တဖြည်းဖြည်းအားးနည်းလာပြီးနောက်ဆုံးတွင်အာဖဂန်နစ္စတန်မှလုံးဝ ပျောက်ကွယ်သွားရတော.သည် ။ အေဒီ (၇) ရာစုတွင် အာဖဂန်သို. မူဆလင်များစတင်ရောက်ရှိလာပြီး (၁၀)ရာစုသို.ရောက်သောအခါ တစ်နိုင်ငံလုံးနီးပါး အစ္စလမ်ဘာသာ သို.ရောက်ရှိခဲ.သည် ။ ၁၁ ရာစု တွင်ကား ဗုဒ္စဘာသာသည် အာဖဂန်နစ္စတန်မှ လုံးဝ ချုပ်ငြိမ်းထွက်ခွာခဲ.ရသည် ။ (မှတ်ချက် မြန်မာနိုင်ငံ ပုဂံသို. ဗုဒ္စဘာသာရောက်လာချိန်မှာ အာဖဂန်တွင် ဗုဒ္စဘာသာ ချုပ်ငြိမ်းချိန်ဖြစ်နေပေသည် ။ စကားချပ် )            အာရပ်တို.အာဖဂန်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးအစ္စလာမ်ဝါဒကိုသယ်ဆောင်လာဖို.စစ်ရေးဖြင်.
ကျူးကျော်ဝင်ရောက်လာသောအခါ အာ ဖဂန်ဒေသခံတောင်ပေါ ်သားတို.သည် ၎င်းတို.၏ ပိုင်နက်နယ်မြေကို လက်နက်စွဲကိုင်ကာ ခုခံကာကွယ်ခဲ.ကြပေသည် ။ ထိုအချိန်က အာဖဂန်နစ္စတန်တွင် ဗုဒ္စဘာသာ ၊ ဟန္ဒူဘာသာ၊ ဇောရိုးဝါဒ ၊ ဂျူးဘာသာ များကို မိမိ ယုံကြည ်ရာကိုးကွယ်ခဲ.ကြ ပေသည် ။ အာရပ်များသည် ဒေသခံများကို အစ္စလာမ်ကိုးကွယ်သူများဖြစ်စေရန်အတင်းအကြပ်ဘာသာပြောင်းစေရန် ကြံဆောင်မှု မှာ ကနဦးတွင် အာဖဂန်တောင်ပေါသားများ၏အဆက်မပြတ်အပြင်းအထန်ခုခံ တော်လှန််မှုကြောင်.မအောင်မြင်ခဲ.ပေ။ အေဒီ (၈၇၀)တွင်မူ ယနေ.ခေတ် အာဖဂန်နစ္စတန်ဟုခေါ ်တွင်နေသော နေရာ တော်တော်များများကို ရာကွတ် ဘင်လာသီ ဆာဖာ ဆိုသူက တိုက်ခိုက်အောင်မြင်ခဲ.ပြီး အစ္စလမ်ဝါဒ ကို စစ်ရေးဖြင်.တိုးချဲ.နိုင်ခဲ.သည် ။အတင်းအကျပ်ဘာသာပြောင်းခံရသ ူများသည် အခွင်.သာသည်နှင်.သူပုန်ထကြပြီး သူတို.၏ မူလ ဘာသာ ကို ပြန်လည်ဆည်းကပ်ကြသည် လည်းရှိခဲ.သည် ။
                    အေဒီ (၈) ရာစုနှင်.(၉) ရာစုကြားကာလများတွင် ယနေ.ခေတ် အာဖဂန်နစ္စတန်   ၊ပါကစ္စတန် နှင်. အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများမှဒေသခံများမှာ ဆွန်နီ အစ္စလာမ် ဘာသာသို.             သွတ်သွင်းခြင်းခံကြရသည်အေဒီ(၉၉၈နှင်.၁၀၃၀)ကြားတွင်အုပ်ချုပ်ခဲ.သော တူရကီမင်းဆက်စူလတန််မိုဟာမက်သည် အိန္ဒိယနိုင်ငံ ကို ၁၇ ကြိမ်ခန်. ဝင်ရောက်တိုက်ခိုက်ခဲ.ပြီး အိန္ဒိယ  နှင်.အာဖဂန်နစ္စတန်တွင်လူအစုလိုက်အပြုံလိုက်အစ္စလမ်ဘာသာသို.အတင်းအဓမ္မပြောင်းလဲဝင်ရောက်စေခဲ.
သည် ။ တောင်ကုန်.တောင်တန်းများပေါ် ်တွင်နေထိုင်ကြသော ဒေသခံ အာဖဂန်များကတော.  အစ္စလမ်ဘာသာသို.မဝင်ပဲ နေခဲ.ကြသည် ။ ထိုဒေသတွင်တော. အုပ်ချုပ်သူ ပြည်နယ် ဘုရင်ခံများသည် ဂျာလာလာဘတ် အနီးရွာများတွင် ဟိန္ဒိူ ၊ မူဆလင် ၊ အာဖဂန် မိန်းမများစွာ ကို ယူကာ အစ္စလာမ်ဘာသာ တိုးတက်အောင်လုပ်ခဲ.ကြသည် ဟု အေဒီ ၉၈၂ တွင် ရေးသားသော ဟူဒတ်အယ်အလမ်(Hudud-al-Alam ) ဆိုသော စာအုပ်တွင် ဖော်ပြခဲ.သည် ။ လုပ်သက် ၃၄ နှစ်ရှိိပြီဖြစ်သော အာဖဂန်ပြတိုက်မှုူး ဖြစ်သူ အိုမာခန် မက်ဆိုဒီ က အာဖဂန်၏ ခေတ်အဆက်ဆက်မှအလွန်လက် ရာမြောက်သော ဗုဒ္စရုပ်တုများကို သူတို. လျှို.ဝှက်စုဆောင်းနိုင်ခဲ.သောကြောင်.အလွန်ဂုဏ်ယူကြောင်း။ သူတို.သည် ဗုဒ္စရုပ်ပွားတော် အဆူ၃၀၀ ခန်.ကို ပြတိုက်အနီးမြေအောက်ခန်းထဲတွင် လျှို.ဝှက်သိမ်းဆည်းထားပြီး ပြတိုက်ဝန်ထမ်းများကကာကွယ်စောင်.ရှောက်ထားကြောင်း ပြောကြားခဲ.သည် ။ ဘာမီယန် ဗုဒ္စရုပ်ပွားတော်ကြီး ဖျက်ဆီးခံရမှု့ကို သူတို.အလွန်စိတ်မကောင်းဖြစ်မိကြောင်း ၊ အဘယ်ကြောင်.ဆိုသော် ဤ ရုပ်ပွားတော်ကြီးမှာ အာဖဂန်နစ္စတန်၏ သမိုင်းကြောင်းဖြစ်နေသောကြောင်.ဖြစ်သည် ဟုလည်းပြောကြားခဲ.ပါသည်။
                 ဂန်ဒါရာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စတင် မတည်ထားခင်ကအထိ ဗုဒ္စ ဘာသာ ပေါ်ထွန်းစ  ကာလများတွင် မည်သူမျှ ဗုဒ္စ ကို ရုပ်တု ၊ ရုပ်ပွားလုပ်၍ မကိုးကွယ်ခဲ.ကြပါ ။ ကနဦးတွင် လူ.ပုံသဏ္ဍန်ကို ရှောင်ရှားပြီး အခြား သင်္ကေတများကိုသုံး၍ ကိုးကွယ်ပူဇော်ခဲ.ကြသည် ။လူတို.သည် ရှေးဦးစွာ ဗုဒ္စဘုရားရှင်၏ ခြေတော်ရာ (စက်တော်ရာ ) ကို ပုံတူပြု၍ ကိုးကွယ်ခဲ.ကြသည်။ ခြေတော်ရာပုံထဲတွင် မဟာယာနဗုဒ္စဘာသာမှ အန္တရာယ်ကင်း အင်းကွက်များနှင်.ဆင်  တူသော အင်းများကို ကို ထည်.သွင်းရေးဆွဲခဲ.ကြသည် ။ဗုဒ္စရုပ်ပွားတော်များ၏ ခြေတော်ရာတွင် သင်္ကေတများထည်.သွင်းရေးဆွဲကြသည်မှန်သော်လည်း အာဖဂန်နစ္စတန်မှ ဗုဒ္စရုပ်ပွားတော်များ၏ ခြေတော်ရာ သင်္ကေတများကိုကား ယခုထက်ထိ သုတေသီတို. အဓိပါယ်မဖော်နိုင်သေးပါဟု ခြေတော်ရာသမိုင်းကို ၂၅ နှစ်ကြာသုတေသနလုပ်ခဲ့သည် ့ ဒေါက်တာ ဝဲဓမ္မဆေလာ ကပြောပါသည် ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးရေးခဲ.သော ဂေါသ ကျမ်း၌ လည်း ဗုဒ္စဘုရားရှင်သည် သူ၏ လက်ဝဲဘက်ခြေတော်ရာကို သမ္မန်နိုလာ(သီရိလကာင်္) အရပ် တွင်ချတော်မူပြီး၊ လက်ယာဘက်ခြေတော်ရာကို ယိုနာကာပူရ် ( ဆော်ဒီအာရေဗျ ) နိုင်ငံ မက္ကာမာ ( မက္ကာ ) တွင်ချတော်မူသည်ဟုအထူးအလေးထားဖော်ပြထားပါသည် ။ ဤအချက်သည် မူဆလင်တို.က ကဘာ ဟုခေါ် သော မက္ကာရှိခြေရာတစ်ခု ကိုရည်ညွှန်းပုံ ရသည် ။ မူဆလင် ၊ ခရာဇ်ယန်နှင်. ဂျူး ဘာသာဝင်တို.ကအလေးအမြတ်ထားကြသော အေဘရာဟမ် ဆိုသည်. ပုဂ္ဂိုလ်သည် ကျောက်နံရံပေါ ်၌သူ၏ခြေရာကို တစ်ချိန်က ချထားခဲ.သည် ဆို၏ ။ ထိုခြေရာ မချခင်ကပင် မူလခြေရာတစ်ခုသည်ရှိနှင်.နေပြီးဖြစ်ရာ အေဘရာဟမ်သည် ထိုမူလခြေရာကို အာဒမ်၏ခြေရာဟု ယူဆခဲ.ပြီး ကျောက်တုံးတစ်ခုနှင်. ဖုံးအုပ်ထားခဲ.ပြီး ခြေရာအမည်ကို ကဘာ ဟုအမည်ပေးခဲ.သည်ဟုဆို၏။ ကာလကြာသောအခါ ထိုနေရာကို အကြိမ်ကြိမ် ပြုပြင်မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ.ကြသည် ။ ထိုနေရာကိုမြင်.မြတ်သောနေရာအဖြစ်သတ်မှတ်ပြီး မူဆလင်များသာ ဝတ်ပြုပူဇော်ရန်ဝင်ခွင်.ပြုသည် ။ ဗုဒ္စဘာသာဝင်များကတော. ထိုနေရာသို. မြတ်စွာဘုရားခြေတော်ရာ ဖူးမျှော် ရန်ဘယ်တုန်းကမှ မသွားခဲ.ကြပါ။ သို.သော် ရာစုနှစ်ပေါင်းများစွာ ကြာလွန်သည်အထိ ဂေါသကျမ်းမှာ အသုံး ပြုကိုးကားနေကြရဆဲဖြစ်သည် ။ ဤဒဏ္ဍာရီဆန်လှသော ကျမ်းစာပါအကြောင်းများကိုတော. မည်သူမှ မှားသည် မှန်သည် မဆန်းစစ်နိုင်ခဲ.ပါ။ သင်္ဂ ါယနာတင်ရာတွင် ထည်.သွင်းမဖော်ပြခဲ.သော်လည်း မဟာဝံသ ကျမ်းများအလိုအရ ဗုဒ္စဘုရားသခင်သည် သီရိလင်္ကာ ( သီဟိုကျွန်း) သို. သုံးကြိမ်ခန်. ကြွရောက်ခဲ.သည်ဟုမှတ်တမ်း တင်ထားပါသည် ။ ဤကိစ္စသည် အသေးစိတ်ဆက်လက် လေ.လာသုတေသနပြုသင်.သော ကွင်းဆက်တစ်ခုဖြစ်ပါသည် ။  
                အာဖဂန်နစ္စတန်ကဲ.သို.ပင် ဗုဒ္စ သာသနာ စည်ပင် ထွန်းကားပြီးမှ ကွယ်ပျောက်သွားသော အခြားနေရာတစ်ခုမှာအိန္ဒယနိုင် ငံ တောင်ပိုင်းဖြစ်ပါသည်။ ပါရဂူဘွဲ.အတွက်ကျမ်းပြုရန် ကွင်းဆင်းလေ.လာခဲ. သော ဒေါက်တာ ဟီကိုဆာကီ ၏ အဆိုအရ အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မဟာယာနနှင်. ထေရဝါဒ ရဟန်းတော်များသီတင်းသုံးခဲ.သည်. ဘုန်းတော်ကြီးကျောင်းပေါင်းများစွာကို တွေ.ခဲ.ရသည်ဟုပြောပါသည်။ ယခုအခါ ဗုဒ္စဘာသာနှင်. ဟိနူ္ဒူဘာသာမှာ အိန္ဒိယမှာရော ၊ သီရိလင်္ကာ မှာပါ ရောထွေးနေပေသည် ဟိန္ဒူူဘုရားကျောင်းတိုင်းတွင် ဗုဒ္စ ရုပ်ပွားတော်တွေ.ရမည်ဖြစ်ပြီး ၊ ဗုဒ္စဘာသာ ဘုရားပုထိုးများမှာ လည်းဟိန္ဒူ နတ်ရုပ်များ ရှိလေသည် ဗုဒ္စဘာသာ ကိုရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခဲ.သော အာဖဂန်နစ္စတန်နှင်.ယှဉ်၍ သုံးသပ်ကြည်.စေလိုပါသည် ။ ဗုဒ္စဘာသာ သာသနာပြု မင်းကြီး ဖြစ်သော သီရိဓမ္မာသောကမင်းကြီး ၏ စကားကို ယူ၍ သုံး ရလျှင် “ အကြင်သူသည် မိမိကိုးကွယ်ရာဘာသာကိုသာချီးမြှင်.မြှောက်စားလျက် အခြားဘာသာများကို ကဲ.ရဲ. မရှုတ်ချထိုက် ၊ အခြားဘာသာအယူဝါဒများကိုလည်း သူတို.ကိုးကွယ် ယုံကြည်မှုနှင်.အညီ လေးစား အသိအမှတ်ပြုရမည်။ ဤသို.ပြုခြင်းဖြင်. ဘာသာအယူဝါဒများ အပြန်အလှန် ကူးလူးဆက်ဆံနိုင်ရမည်။ မိမိအယူဝါဒနှင်.မတူသူများကို ပြစ်တင်ရှုတ်ချခြင်းမလုပ်ရာ။ မိမိဘာသာ အယူဝါဒကိုသာချီးမြှောက်လျက် အခြားတစ်ပါးသော ဘာသာအယူဝါဒ ကို ပိတ်ပင် နှိပ်စက်ခြင်းကား အကျိုးမရှိယုံမျှမက ကိုယ့် အယူဝါဒကိုပင် နိမ်.ကျပျက်ဆီးစေ၍ ရှောင် ကျဉ် ရ ပေမည်။

                                                                စာရေးသူ....…………………… သရဝဏ်- ပြည်