7Day News Journal
တရားအားထုတ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာပြုစုပျိုးထောင်မှုကို စိတ်ပညာနည်းဖြင့် ချဉ်းကပ်ခြင်းဖြစ်တယ်။ စိတ်ဓာတ်သန့်ရှင်းအောင် လေ့ကျင့်ခြင်းလည်းဖြစ်တယ်။ သဘာဝအားဖြင့်တော့ ပြုစုပျိုးထောင်လေ့ကျင့်ထားခြင်းမရှိတဲ့စိတ်ဟာအလွန်တိမ်းလွယ်ညွတ်လွယ်တယ်။
လူတွေကို မကောင်းမှုပြုဖို့ဘက်ကိုပဲ ဆွဲဆောင်တတ်တယ်။ ပြီးတော့ ကိလေသာအာရုံကာမဂုဏ်တရားတွေရဲ့ အနှိုင်းခံကျေးကျွန်ဖြစ်လွယ်တယ်။ စိတ်ကူးကြံစည်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေကလည်း လူကိုလွဲမှားမှုတွေဖြစ်အောင်လုပ်တတ်တယ်။ ဘယ်လို တရားဘာဝနာအလုပ်ကို အားထုတ်ရမယ်ဆိုတာကို
သိတဲ့လူမျိုးကသာ စိတ်ကိုလေ့ကျင့်ယူနိုင်တယ်။ ထိန်းချုပ်နိုင်တယ်။ သိစိတ်ရှိတဲ့လူသားဟာ သိပ်ပြီးစိတ်မချမ်းမသာဖြစ်လာတဲ့အခါ၊ အလွန်အမင်းစိုးရိမ်ပူပန်လာတဲ့အခါ၊ ကြာရှည်စွာ
ဝမ်းနည်းပူဆွေးကြတဲ့အခါ ရုပ်ခန္ဓာမှာပါ ဒုက္ခဆင်းရဲတွေဖြစ်ပေါ်လာပါတယ်။ ဒီနေ့ လူသားတွေကြုံတွေ့နေရတဲ့
ဒုက္ခဆင်းရဲတွေ၊ ပြဿ နာတွေ ဟာ ယဉ်ကျေးသိမ် မွေ့အောင် ပဲ့ပြင်ဆုံးမ မထားတဲ့စိတ်ကြောင့်
ဖြစ်ရတာကများပါတယ်။ လူတွေကြုံတွေ့နေကြရတဲ့ ကိုယ်ဆင်းရဲနာ၊ စိတ်ဆင်းရဲနာတွေကို ကုသရာမှာ အကောင်းဆုံးဆေးဟာ တရားအားထုတ်ခြင်းပဲဖြစ်တယ်။

No comments:
Post a Comment