Tuesday, September 11, 2012

ကောင်းမှုများနှင့် ဘ၀ကို တည်ဆောက်ခြင်း


Photo
7Day News Journal
သူတော်ကောင်းတရားကျင့်ရန် မိတ်ဆွေကောင်းကိုရှာသောသူသည် မိမိထက် သီလ၊ သမာဓိ၊ ပညာသာလွန်သောသူကိုလည်းကောင်းမိမိနှင့်ဂုဏ်ရည်တူဖြစ်သောသူကို လည်းကောင်း မရနိုင်ခဲ့မူ တစ်ယောက်တည်းသာ ကောင်းစွာကျင့်ရာ၏။ သူမိုက်နှင့်မပေါင်းဖော်ရာ။ လူမိုက်ပင်ဖြစ်သော်လည်း မိမိမိုက်ကြောင်းသိသောသူသည် ဤကဲ့သို့ အမှန်သိတတ်သဖြင့် ပညာရှိမည်၏။ လူမိုက်ဖြစ်လျက် မိမိကိုယ်ကို ပညာရှိဟု ထင်မှတ်သောသူသည် မိမိမိုက်ကြောင်းကိုမျှ မသိတတ်သဖြင့် တကယ့်ပညာမဲ့လူမိုက် ဟုခေါ်၏။ အမှုတစ်ခုကို ပြုလုပ်သည့်အတွက် နောင်တ တစ်ဖန်ပူပန်ခြင်း မဖြစ်ရဘဲ၊ နှစ်သက်ဝမ်းမြောက်စွာ ကောင်းကျိုး ချမ်းသာကို ခံစားရလျှင်ထိုအမှုသည် ကောင်း၏။
  
ပညာရှိမည်သည် မိမိအတွက်ဖြစ်စေ၊ သူတစ်ပါးအတွက်ဖြစ်စေ မကောင်းမှုကိုမပြု၊ ယုတ်မာသောအကျင့်ဖြင့် သားသမီး၊ ပစ္စည်းဥစ္စာ၊ စည်းစိမ်ကို အလိုမရှိရာ၊ မတရား သဖြင့် မိမိ၏ စည်းစိမ်ချမ်းသာပြည့်စုံခြင်းကို အလိုမရှိရာ။ သီလရှိသောသူ၊ ပညာရှိသောသူ၊ အသိတရားရှိသောသူဖြစ်ရာ၏။    ကောင်းမှုပြုသောသူသည် ဤဘ၀၌လည်း ၀မ်းမြောက်ရ၏။ နောင်ဘ၀၌လည်း ၀မ်းမြောက်ရ၏။ ပစ္စုပ္ပန်တမလွန် နှစ်တန်သောဘ၀တို့၌လည်း ၀မ်းမြောက်ရ၏။ ထိုသူသည် မိမိပြုပြီးသော ကောင်းမှုကံကိုမြင်၍ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ရလေ၏။

No comments:

Post a Comment