မေတ္တသုတ် (မြန်မာပြန်)
၁။ တစ္ဆေ သရဲ ဘီလူးများ မခြောက်ဝံ့အောင် အစွမ်းထက်လှသော မေတ္တသုတ် ပရိတ်တော်ကို ရွတ်ဆိုခြင်းအားဖြင့်-
၂။
၁ - ချမ်းသာစွာအိပ်ရခြင်း၊ ၂ - အိပ်မက်ဆိုးများ မမြင်မက်ရခြင်း၊ စသော
အကျိုးများရရှိနိုင်ပါသည်။ အို - သူတော်ကောင်းအပေါင်းတို့ - အထက်ပါ
ဂုဏ်ထူးဝိသေသနများနှင့်ပြည့်စုံသော မေတ္တသုတ်ပရိတ်တော်ကို
ညီညာဖျဖျရွတ်ဆိုကြပါကုန်စို့။
၃။
လောကီအကျိုးစီးပွား လောကုတ္တရာအကျိုးစီးပွားများအတွက် တတ်သိလိမ္မာသော ပညာရှိ
သူတော်ကောင်းများသည် မေတ္တာမပွားခင် အောက်ပါ သူတော်ကောင်းကျင့်စဉ်များကို
လိုက်နာကျင့်ကြံရပေမည်။
ကုသိုလ်ကောင်းမှုပြုလုပ်ရန် စွမ်းဆောင်နိုင်သူ ဖြစ်ရမည်။
ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သူ ဖြစ်ရမည်။
စိတ်သဘောထား အထူးဖြောင့်မတ်သူ ဖြစ်ရမည်။
မှန်ကန်သော စကားရှိသူ ဖြစ်ရမည်။
နူးညံ့သိမ်မွေ့သူ ဖြစ်ရမည်။
မာန်မာနကင်းသူ ဖြစ်ရမည်။
၎။
ရသမျှနှင့် ရောင့်ရဲ တင်းတိမ်နိုင်သူ ဖြစ်ရမည်။
အစားအစာ (ချေး) ဂျီးမများသူ ဖြစ်ရမည်။
အလုပ်ကိစ္စ မများသူ ဖြစ်ရမည်။
အသက်မွေးမှု လွယ်ကူချမ်းသာသူ ဖြစ်ရမည်။
ဣနြေ္ဒ သိက္ခာရှိသူ ဖြစ်ရမည်။
တည်ငြိမ်ရင့်ကျက်သော ညာဏ်ပညာနှင့် ပြည့်စုံရမည်။
မကြမ်းတမ်း မခက်ထန်သူ ဖြစ်၇မည်။
ဆွေမျိုး (ရဟန်းဖြစ်က ဒကာ - ဒကာမ) များကို တွယ်တာမှု ကင်းသူ ဖြစ်ရမည်။
၅။
အကျင့်ယုတ်မှန်သမျှကိုေ၇ှာင်ကြဉ်သူ ဖြစ်ရမည်။
အထက်ပါ ကျင့်ဝတ် ၁၅ ပါးနှင့် ပြည့်စုံပြီးနောက် မေတ္တာပွားရမည်။
၆။
သတ္တ၀ါအားလုံး ချမ်းသာကြပါစေ။
အသက်ရှိသော သတ္တ၀ါများ ချမ်းသာကြပါစေ။
ကြောက်တတ်သော သတ္တ၀ါများ ချမ်းသာကြပါစေ။
တည်ငြိမ်သော (မကြောက်တတ်သော) သတ္တ၀ါများ ချမ်းသာကြပါစေ။
ခန္ဓာကိုယ်ရှည်သော သတ္တ၀ါများ ချမ်းသာကြပါစေ။
ခန္ဓာကိုယ်တိုသော သတ္တ၀ါများ ချမ်းသာကြပါစေ။
ခန္ဓာကိုယ်မတိုမရှည်သော သတ္တ၀ါများ ချမ်းသာကြပါစေ။
ခန္ဓာကိုယ်ကြီးသော သတ္တ၀ါများ ချမ်းသာကြပါစေ။
ခန္ဓာကိုယ်သေးငယ်သော သတ္တ၀ါများ ချမ်းသာကြပါစေ။
ခန္ဓာကိုယ်မကြီးမသေးသော သတ္တ၀ါများ ချမ်းသာကြပါစေ။
ဝသော သတ္တ၀ါများ ချမ်းသာကြပါစေ။
ပိန်သော သတ္တ၀ါများ ချမ်းသာကြပါစေ။
မပိန်မ၀သော သတ္တ၀ါများ ချမ်းသာကြပါစေ။
၇။
မြင်ရသော သတ္တ၀ါများ ချမ်းသာကြပါစေ။
မမြင်ရသော သတ္တ၀ါများ ချမ်းသာကြပါစေ။
အဝေးရှိ သတ္တ၀ါများ ချမ်းသာကြပါစေ။
အနီးရှိ သတ္တ၀ါများ ချမ်းသာကြပါစေ။
ဖြစ်ပြီး သတ္တ၀ါများ ချမ်းသာကြပါစေ။
ဖြစ်ဆဲ သတ္တ၀ါများ ချမ်းသာကြပါစေ။
သတ္တ၀ါများ အချင်းချင်း စိတ်မဆိုးဘဲ သည်းခံနိုင်ကြပါစေ။
သတ္တ၀ါများ အချင်းချင်း မညှဉ်းဆဲဘဲ အကျိုးဆောင်နိုင်ကြပါစေ။
၈။
သတ္တ၀ါများ အချင်းချင်း ရန်ညှိုးမထားဘဲ ချစ်ခင်ကြပါစေ။
သတ္တ၀ါများ အချင်းချင်း လေးစားကြည်ညိုနိုင်ကြပါစေ။
သတ္တ၀ါများ အချင်းချင်း ဆင်းရဲဒုက္ခမပေးဘဲ ချမ်းသာသုခပေးနိုင်ကြပါစေ။
သတ္တ၀ါများ အချင်းချင်း မေတ္တာပွားနိုင်ကြပါစေ။
မေတ္တာပွားသူများသတိပြုရန်
၉။ တစ်ယောက်တည်းသော သားကလေးကို သူ့မိခင်က အထူးမေတ္တာထားသကဲ့သို့ သတ္တ၀ါအားလုံးကို အထူးအာရုံစိုက်၍ မေတ္တာပို့တော်မူကြပါ။
၁၀။
သတ္တ၀ါအားလုံး ပျံ့နှံ့အောင် ကျယ်ကျယ်ပြန့်ပြန့်မေတ္တာပို့ပါ။
အရပ်မျက်နှာအားလုံးပျံ့နှံ့အောင်၊ ရန်သူမိတ်ဆွေအားလုံး ပါဝင်အောင်
မေတ္တာပို့ပါ။
၁၁။
မေတ္တာပို့ရမည့် အချိန်မှာလဲ အထူး ကန့်သတ်ချက် မရှိပါ။ အိပ်ပျော်နေစဉ်က
လွဲလျှင် ကျန်အချိန်အားလုံး မေတ္တာပို့ချိန်ဖြစ်ပါသည်။
တကယ်တမ်းမေတ္တာပို့နေသော သူတော်ကောင်းကို ဗြဟ္မ၀ိဟာရ -
မြင့်မြတ်စွာနေထိုင်သူ လို့ မြတ်စွာဘုရား ချီးကျူးတော်မူပါသည်။
၁၂။ တကယ်တမ်းမေတ္တာပို့နေသူသည် ကလျာဏပုထုဇဉ်ကနေ စူဠသောတပန်၊ မဟာသောတပန်၊ သကဒါဂါမ်၊ အနာဂါမ်အထိ ဖြစ်နိုင်ပါသည်။
မေတ္တသုတ် မြန်မာပြန်ပြီး၏။
မေတ္တသုတ် ရွတ်ဖတ်ခြင်း အကျိုး
ချမ်းချမ်းသာသာ
အိပ်ရနိုးရစေသည်။ အိပ်မက်ဆိုးများ မမက်အောင် ကာကွယ်နိုင်သည်။
မျက်နှာကြည်လင်၍ လူချစ်လူခင် များလိမ့်မည်။ အိပ်ခါနီးဆဲဆဲမှာ
ရွတ်ပြီးအိပ်လျှင် ညအခါဘီလူးစီးခြင်း၊ ယောင်ယမ်း၍ ထပြေးခြင်း၊ အိပ်နေရင်း
အသံနက်ကြီးဖြင့် အော်ခြင်း၊ အိပ်ယာနားရှိတွေ့ကရာ ပစ္စည်းတို့ဖြင့်
ယောင်ယမ်းပြီးပစ်ပေါက်ခြင်း စသည်တို့ကင်းသည်။ ထိုသို့ဖြစ်တတ်သူများသည်
အထူးတလည် မေတ္တသုတ်ကို ရွတ်သင့်ပေသည်။
No comments:
Post a Comment