ဗိသုကာပညာ တိုးတက်ထွန်းကားလာခြင်းနှင့်အတူ ကမ္ဘာ့နိုင်ငံ အများအပြားတွင် မိုးမျှော်တိုက်ကြီးများ အပြိုင်အဆိုင် တည်ဆောက်လာကြသည်။
ကမ္ဘာပေါ်တွင် အထပ်မြင့် အဆောက်အအုံ အများအပြား ရှိနေသော်လည်း ယင်းတို့အနက်မှ အမြင့်ဆုံး အဆောက်အအုံများသည် ကမ္ဘာ့နိုင်ငံအချို့၌ ပျံ့နှံ့တည်ရှိနေကြသည်။
အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံအချို့နှင့် တရုတ်နိုင်ငံတို့သည် မြင့်သထက်မြင့်သည့် မိုးမျှော်အဆောက်အအုံများ တည်ဆောက်နိုင်ရန် အားထုတ်ကြိုးစားလျက် ရှိသည်။
လက်ရှိအချိန်ထိ ကမ္ဘာပေါ်တွင် တည်ဆောက်ထားပြီးသမျှ အမြင့်ဆုံး အဆောက်အအုံ (၁၀)ခုကို စုစည်းဖော်ပြအပ်ပါသည်။
၁၀။ ဝီလီစ်မျှော်စင် အဆောက်အအုံ

Sears မျှော်စင်ဟုလည်း လူသိများသည့် အဆောက်အအုံကြီးသည် အမေရိကန်နိုင်ငံ ချီကာဂိုတွင် တည်ရှိသည်။
အထပ်ပေါင်း (၁၀၈)ထပ် ပါရှိသည့် အဆောက်အအုံကို ၁၉၇၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ပေပေါင်း ၁,၄၅၀ ထိ မြင့်မားသည်။
၉။ ဇီဖန်မျှော်စင် အဆောက်အအုံ

၂၀၁၀ ပြည့်နှစ်တွင် အပြီးသတ် တည်ဆောက်ခဲ့သည်။ ကမ္ဘာပေါ်တွင် နဝမအမြင့်ဆုံးနှင့် တရုတ်နိုင်ငံတွင် တတိယမြောက် အမြင့်ဆုံးအဆောက်အအုံလည်း ဖြစ်သည်။
နန်ဂျင်းတွင် ဆောက်လုပ်ထားသည့် မျှော်စင်ကြီးမှ (၈၉)ထပ် အဆောက်အအုံတစ်ခုဖြစ်ပြီး ၁,၄၇၆ ပေ အမြင့်ရှိသည်။
၈။ ပက်ထရိုနော့စ် အမြွှာမျှော်စင်

၁၉၉၈ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သည့် မိုးမျှော်တိုက်ကြီးများသည် မလေးရှားနိုင်ငံ၏ ဂုဏ်ဆောင်အထိမ်းအမှတ်တစ်ခုလည်း ဖြစ်လာသည်။
၁,၄၈၃ ပေစီ မြင့်မားသော မျှော်စင်ကြီးများကို တံတားဖြင့် ဆက်သွယ်ထားပြီး အထပ်ပေါင်း (၈၈)ထပ်စီ ပါဝင်ဖွဲ့စည်းထားသည်။ မျှော်စင်တစ်ခုစီ တိုင်းတာမှုအရ ကမ္ဘာ့အမြင့်ဆုံး အဆင့်(၈) နေရာတွင်သာ ရှိနေသော်လည်း အမြွာမျှော်စင်များ စံသတ်မှတ်ချက်အရမူ ပက်ထရိုနက်စ်သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်သည်။
၇။ ဟောင်ကောင် နိုင်ငံတကာ စီးပွားရေးစင်တာ

၂၀၁၀ ပြည့်နှစ်က အပြီးသတ် တည်ဆောက်ခဲ့သည့် မိုးမျှော်တိုက်ကြီးတွင် အထပ်ပေါင်း (၁၁၈)ထပ် ပါဝင်သည်။
အဆောက်အအုံ၏ အမြင့်မှာ ၁,၅၈၈ ပေ ဖြစ်သည်။
၆။ ရှန်ဟိုင်း ကမ္ဘာ့ဘဏ္ဍာရေးစင်တာ
အဆောက်အအုံ၏ အမြင့်မှာ ၁,၅၈၈ ပေ ဖြစ်သည်။
၆။ ရှန်ဟိုင်း ကမ္ဘာ့ဘဏ္ဍာရေးစင်တာ

ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် အမြင့်မားဆုံးနှင့် တရုတ်နိုင်ငံ၏ ဒုတိယအမြင့်ဆုံး မျှော်စင်အဆောက်အအုံကြီး ဖြစ်သည်။
၂၀၀၈ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့ပြီး တရုတ်၏ စီးပွားရေး အချက်အချာမြို့တော် ရှန်ဟိုင်းတွင် တည်ရှိသည်။
(၁၀၁)ထပ် အဆောက်အအုံကြီးသည် ၁,၆၁၄ ပေ မြင့်မားကြောင်း သိရသည်။
၅။ တိုင်ပေ ၁၀၁ မျှော်စင်အဆောက်အအုံ

ထိုင်ဝမ်၏မြို့တော် တိုင်ပေတွင် တည်ရှိပြီး ၂၀၀၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည်။
အဆောက်အအုံ၏ (၁၀၁)ထပ် မြင့်မားမှုကို အစွဲပြုပြီး ၁၀၁ ဆိုသော မျှော်စင်အမည်ကို သတ်မှတ်ထားခြင်း ဖြစ်သည်။ ပေပေါင်း ၁,၆၇၀ မြင့်မားသည်။
၄။ လွတ်လပ်ရေးမျှော်စင် (One World Trade Center)

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သည့် ကမ္ဘာကျော် အကြမ်းဖက် တိုက်ခိုက်မှုကြီးအတွင်း ပြိုကျသွားသော ကမ္ဘာ့ကုန်သွယ်ရေးစင်တာ မျှော်စင်အဆောက်အအုံများအတွက် အမှတ်တရအနေဖြင့် ဆောက်လုပ်ခဲ့သည်။
၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး အထပ်ပေါင်း (၁၀၄)ထပ် ပါဝင်သည်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ယခင်ကမ္ဘာ့ကုန်သွယ်မှု မျှော်စင်အဆောက်အအုံ နေရာဟောင်း၏ အနောက်မြောက်ဘက်တွင် တည်ဆောက်ထားပြီး ၁,၇၇၆ ပေ အမြင့်ရှိသည်။
၃။ မက္ကာတော်ဝင်နာရီ မျှော်စင်ဟိုတယ်

ကမ္ဘာပေါ်တွင် တတိယအမြင့်ဆုံးဖြစ်သည့် အဆောက်အအုံကြီးကို ၂၀၁၂ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။
ဆော်ဒီအာရေဗျ၏ အထင်ကရ ဘာသာရေးမြို့တော်ဖြစ်သော မက္ကာတွင် တည်ရှိသည်။
အထပ်ပေါင်း(၁၂၀)ပါဝင်ပြီး စုစုပေါင်း ၁,၉၇၁ ပေထိ မြင့်မားသည်။
၂။ ရှန်ဟိုင်းမျှော်စင် အဆောက်အအုံ

ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံးနှင့် တရုတ်နိုင်ငံတွင် အမြင့်မားဆုံး အဆောက်အအုံကြီး ဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်ခဲ့သည့် မျှော်စင်ကြီးသည် ၂,၀၇၃ ပေ မြင့်မားပြီး (၁၂၁)ထပ် ပါဝင်ဖွဲ့စည်းထားသည်။
၁။ ဘာ့ဂျ်ကာလီဖာမျှော်စင် အဆောက်အအုံ

အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် တည်ရှိပြီး လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ အမြင့်ဆုံး အဆောက်အအုံအဖြစ် သတ်မှတ်ခံထားရသည်။
၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလက စတင်ဖွင့်လှစ်ခဲ့သည့် မျှော်စင်ကြီးသည် ဒူဘိုင်းမြို့၏ ဂုဏ်ဆောင်ပုံရိပ်တစ်ခုလည်း ဖြစ်လာသည်။
၂,၇၂၂ ပေ မြင့်မားပြီး အထပ်ပေါင်း (၁၆၃)ထပ် ပါဝင်သဖြင့် ကမ္ဘာပေါ်တွင် အထပ်အရေအတွက် အများဆုံး အဆောက်အအုံအဖြစ်လည်း မှတ်တမ်းဝင်ထားသည်။

_TopTeny
No comments:
Post a Comment