ဖန်တီးရှင် သုံးဦး
-------------------
ဘာသာခြားများက လောကကို ဖန်ဆင်း သူသည် ထာဝရဘုရားသခင်ဖြစ်သည်ဟု ဆိုသည်။ ဗုဒ္ဓကတော့ မိမိသည်သာ ဖန်ဆင်းသူဖြစ်သည်။
ဗုဒ္ဓက – လူ့ဘဝသည် အမွန်မြတ်ဆုံး ဖြစ်ပေသည်။ လူသည် မိမိကိုယ်ပိုင် အရှင်သခင်ဖြစ်၍ သူ၏ဘ၀ဖြစ်စဉ်ကို စီရင်ဆုံးဖြတ်ရန် မည်သည့်တန်ခိုး အာဏာရှင် သို့မဟုတ် အထက်ပုဂ္ဂိုလ်မျှ လိုအပ်သည် မဟုတ်ပေ။
“မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာ ဖြစ်၏။ မိမိမှတစ်ပါး အဘယ်သူသည် (မိမိ၏) ကိုးကွယ်ရာ ဖြစ်နိုင်ပါအံ့နည်း”
ဟု မြတ်ဘုရားက မိန့်ခဲ့လေပြီ။
၎င်း၏ တပည့်ရဟန်းတို့အား
“မိမိကိုယ်သာ အားကိုးကြလေတော့ အခြားတစ်ပါး၌ ကိုးကွယ်ရာ မရှာလေနှင့်” ဟူ၍လည်း ဩဝါဒ ပေးခဲ့သေး၏။
ဗုဒ္ဓဘာသာဝင်တစ်ဦးဦးသည် အခြားသူ တစ်ဦးဦး၏ ကျေးကျွန်မဟုတ်။
ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်လာရေး အတွက် မိမိ၏ လွတ်လွတ်လပ်လပ် တွေးခေါ်ဝေဖန် နိုင်ခွင့်ကို စွန့်လွှတ်စရာ မလိုအပ်ပါ။
သူ၏ လွတ်လပ်ခွင့်ကို ဆက်လက်ကျင့်သုံး နိုင်သည့်အပြင် သူကိုယ်တိုင် ဘုရားဆု ပန်ပြီး ပညာပါရမီဆက်လက်တိုးတက် ဖြည့်ဆည်းရေး အတွက်ကိုသော်မှ ဗုဒ္ဓ ဘာသာက အားပေးထောက်ခံထားပါသည်။ အကြောင်းမှု သမ္မာသမ္ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သမ္မာဗုဒ္ဓ၊ သုတဗုဒ္ဓ ဟူသော ဗုဒ္ဓလေးမျိုး အနက် တစ်မျိုးမျိုးသော ဗုဒ္ဓဖြစ်နိုင်သည့် ပင်ကိုယ်စွမ်းရည်များ ရှိနေသောကြောင့်ပင် ဖြစ်၏။
တခြားဘာသာနှင့် ဗုဒ္ဓဘာသာကွာခြား ချက်သည် တခြားဘာသာတို့သည် ကိုးကွယ်သူက ဘုရားဖြစ်ချင်လို့မရဘူး။ ကျင့်ရမယ့် ကျင့်စဉ်မရှိဘူး။ ဘယ်ရွေ့ဘယ်မျှကြာအောင် ကျင့်ရမယ် ဆိုတဲ့ သတ်မှတ်ချက်မရှိဘူး။
ဗုဒ္ဓဘာသာမှာ ကိုးကွယ်သူက ဘုရားဖြစ်ချင် လို့ရတယ်။ ဘုရားဖြစ်အောင် ကျင့်ရမည့် ကျင့်စဉ်ရှိတယ်။ ဘယ်ရွေ့ဘယ်မျှကြာအောင် ကျင့်ရမယ် ဆိုတဲ့ သတ်မှတ်ချက်လည်းရှိတယ်။
ဖန်တီးရှင်သုံးဦး
------------------
သားတို့ သမီးတို့စဉ်းစားပါ၊ အရမ်းတော့ မယုံစရာ။စာမေးပွဲအောင်လိုက၊ စာကြိုးစား လိုက်ကြ၊ ဇွဲနဲ့လုံ့လအရင်းခံ၊ ကြိုးစားအချိန်မှန်မှန်၊
ထိုသူဧကန်ချမ်းသာပွား၊ ပညာစီးပွားကောင်းကျိုးများ၊
မကြိုးစားဘဲ အပျင်းထူ၊ ဆုပဲတောင်းနေသူ၊
ကယ်မည့်သူဘယ်မရှိ၊ သေချာဒုက္ခရောက်မည်သိ၊
ကိုယ်၏စွမ်းအားကိုယ်ကိုး၊ သေချာကြီးပွားတိုးတက်မှာ၊
ဗုဒ္ဓမြတ်စွာဟောညွှန်ကြား၊ ကောင်းကျိုးလိုလားကျင့်စေသား၊
ကံ ဉာဏ် ဝီရိယစွမ်းအင်များ၊ ဖန်ဆင်းရှင်လို့မှတ်စေသား။
ဒီကဗျာတစ်ပုဒ်သည် မူလတန်းစာအုပ်မှ ကဗျာဖြစ်သောလည်း ထိုကဗျာကြောင့် ဘာသာခြား ဆရာမတစ်ဦးသည် ဗုဒ္ဓဘာသာ ဝင်တစ်ယောက် ဖြစ်လာခဲ့ပါသည်။
ထိုဖန်ဆင်းရှင် သုံးဦးမှာ –
ကံ ဉာဏ် ဝီရိယ သာဖြစ်သည်။
ကံ ဆိုသည်မှာ အလုပ် စေတနာ။ ထိုကံသည် အတိတ်ကံကြောင့် ယခုဘဝခန္ဓာကို လူ့ဘဝတွင် ဖြစ်လာရသည်။ ထိုအတိတ်ကံကိုတော့ ပြင်လို့မရ။ သို့ပေမယ့် ပစ္စုပ္ပုန်ကံကို ပြင်နိုင်သည်။
ဉာဏ် ဆိုသည်မှာ အကောင်း အဆိုး အမှား အမှန် ပိုင်းခြားသိခြင်းကို ဆရာတော် ဦးသုမင်္ဂလက အဓိပ္ပါယ်ဖွင့်ဆိုပါသည်။
ဝီရိယ ဆိုသည်မှာ ကိုယ်လိုချင်တာတစ်ခုအတွက် အမြဲတစေ ကြိုးစားအားထုတ်မှုကို ဆိုလ်ိုပါတယ်။
ဗုဒ္ဓက
ချိုသော မျိုးစေ့ကို စိုက်ပျိုးလျှင်
ချိုသော အသီးကို စားရမည်။
ခါးသော မျိုးစေ့ကို စိုက်ပျိုးလျှင်
ခါးသော အသီးကို စားရမည်။
ထို့အတူ -
ကောင်းသောအမှုကို ပြုလျှင်
ကောင်းသောအကျိုးကို ခံစားရမည်။
မကောင်းသောအကျိုးကို ပြုလျှင်
မကောင်းသောအကျိုးကို ခံစားရမည်။
ကမ္မဿကတာ သမ္မာဒိဋ္ဌိ = ကံနှင့် ကံ၏အကျိုးအပေါ် အမြင်မှန်ခြင်း၊
ကမ္မဿကတာ သမ္မာဒိဋ္ဌိ မရှိသည်နှင့် ထိုသူသည် ဗုဒ္ဓဘာသာတစ်ယောက် မဟုတ်တော့ပေ။
ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဉာဏ်ရင့်သန်ဖို့
------------------------------------------
စူဠကမ္မဝိဘင်္ဂသုတ်မှာ ဗြဟ္မာဘာသာဝင် တောဒေယျလို့ခေါ်တဲ့ ပုဂ္ဂိုလ်က သူ၏သား သုဘလုင်အား အလှူဒါန လုပ်လျှင် ကုန်ခမ်းမည်။ ထို့ကြောင့် ဒါန မလုပ်နှင့်ဟု ဆုံးမ၏။ ထိုတောဒေယျသေတဲ့အခါ တွေဝေမှုတွေ အားကြီးခဲ့တာကြောင့် သူ့အိမ် မှာပဲ ခွေးကြီး တစ်ကောင်လာဖြစ်တယ်။ ဖခင်ဘဝကနေလာသောကြောင့် ဘဝနီး သဖြင့် သုဘလုလင်က ခွေးကြီးကို တအား ချစ်တယ် လိုလေသေးမရှိအောင်ထားတယ်။
ဘုရားရှင်က သုဘလုလင်ဟာ ခွေးကြီးကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာဖြစ်မှာ မြင်တော် မူတဲ့အတွက် တစ်ရက်မှာ သုဘရဲ့ အိမ်ကို ဆွမ်းခံကြွသွားတယ်။ အဲဒီအချိန်မှာ သုဘမရှိဘူး။ ခွေးကြီးကတော့ ဘုရားရှင် သူတို့အိမ်ရှေ့လာတဲ့နဲ့ သဲကြီးမဲကြီး ဟောင်တော့တာပဲ။
ဗုဒ္ဓဟာ တအားဟောင်နေတဲ့ ခွေးကြီးကို လက်ညျိုးထိုးပြီး “တောဒေယျ သင်ဟာ လူ့ဘဝတုန်းက ငါဘုရားနဲ့ဆန့်ကျင်ဘက် လုပ်ပြီး ဒါနကိုပယ်ခဲ့တယ်။ အခုခွေးဘ၀တောင်ရောက်နေပြီး နောင်တမရသေးရင် ခွေးဘဝကသေရင် ငရဲထိဆက်ကျဦးမယ်” လို့ပြောပြီး ဘုရားရှင်က ကျောင်းကို ပြန်ကြွသွားတယ်။
တောဒေယျဟာ ခေါင်းစိုက်သွားပြီး ငါခွေးဖြစ်တာတောင် ဘုရားရှင်တောင် သိတယ် ဆိုပြီး ရှက်စိတ် ဝမ်းနည်း စိတ်ကြောင့် အိပ်နေကျ ခုတင်မှာ မအိပ်ဘဲ ပြာပုံထဲတိုးအိပ်သွားတယ်။
သုဘပြန်လာတော့ ခွေးကြီးရဲ့အခြေပျက် နေတာတွေ့တော့ အိမ်စေတွေမေးမြန်း တော့တယ်။
အဖြစ်မှန်ကို သိတော့ ဘုရားရှင်ကျောင်းကို လိုက်ပြီး ရန်တွေ့တော့တာပဲ။ ကျွန်ုပ်ဖခင်ခွေးဘ၀ ဖြစ်တယ်ဆိုရင် သက်သေပြပါ။ မပြနိုင်ရင် ဘုရားဖြစ်ပြီး မုသားပြောတယ်ဆိုပြီး တစ်မြို့လုံး ကြေငြာ မယ်။
ဗုဒ္ဓက... “အသင်လုလင်၊ သင့်ဖခင်မသေခင် အပ်သွားတဲ့ပစ္စည်းတွေ ရှိသလား။”
သုဘက “ရှိပါတယ်။”
ဗုဒ္ဓက “ဒါဆိုရင် အိမ်ပြန်ရောက်တဲ့အခါ ခွေးကြီးကို ရေချိုးပေးပြီး ရေမရောတဲ့ နို့ထမင်းကို ချက်ကျွေးပါ။ ပြီးနောက် နူးညံ့တဲ့အိပ်ရာပေါ်မှာ သိပ်ထားပြီး မနိုးတနိုးအချိန်မှာ ကျောသပ်ပြီး အဖေ သားကိုမအပ်ဘဲ ဝှက်ထားခဲ့တဲ့ဥစ္စာတွေ ဘယ်နားမှာလဲလို့ မေးလိုက်ပါ။”
ဒါနဲ့ သုဘက စဉ်းစားတယ်။ တကယ်လို့ ခွေးကြီးကို မေးလို့ ဥစ္စာတွေရှိတဲ့နေရာတွင် ပြနိုင်ရင် သူ့အတွက်အရှူံးမရှိ။ တကယ်လို့ မပြနိုင်ရင် ဘုရားကို မုသားနဲ့စွပ်စွဲခွင့်ရတယ် ဆိုပြီး နှစ်ဖက်နှစ်လှံ အရှူံးမရှိ။ (အရှူံးမရှိသော ဒဿန ခေါင်းစဉ်တွင် အကျယ်ဖတ်နိုင်သည်)
ဘုရားရှင်ပြောတဲ့အတိုင်း တွေ့ခဲ့တဲ့ သုဘလုလင်က မြတ်စွာဘုရားကို ကြည်ညို သွားပြီး နှစ်အတော်ကြာ သူသိချင်နေတဲ့ ပုစ္တာ ၁၄ချက်ကို ဘုရားရှင်အား သွားမေးတယ်။ မေးခွန်းတွေ အဆုံးမှာ သုဘလုလင်ဟာ ဗုဒ္ဓဘာသာဝင်ဖြစ်သွား ခဲ့ပါတယ်။
မေး – လူချင်းတူပါလျက် တချို့က အသက်တို၊ တချို့ကအသက်ရှည် ကြပါတယ်။
တန်ခိုးရှင် ဖန်ဆင်းမျိုးသာ မှန်ရင် အသက်ရှည်သူတွေကိုသာ ဖန်ဆင်းသင့် ပါတယ်။
အသက်တိုသူတွေကို ဖန်ဆင်းမသင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မေတ္တာ ကရုဏာ ထားတဲ့ ဘုရားရှင်လို့ ခံယူထားလို့ပါပဲ။
ဖြေ – အသက်ရှည်တာ သူ့အသက် မသတ်ခဲ့လို့။
အသက်တိုတာ သူ့အသက် သတ်ခဲ့လို့။
မေး – လူချင်းတူပါလျက် တချို့က ချမ်းသာတယ်။ တချို့က ဆင်းရဲတယ်။ ဘာကြောင့်ပါလဲ။
ဖြေ - လူချမ်းသာ ဖြစ်ရတာသည် ဒါနပြုခဲ့လို့။
လူဆင်းရဲ ဖြစ်ရတာသည် ဒါနမပြုခဲ့လို့။
မေး – တချို့လူတွေက အနာရောဂါ များတယ်၊ တချို့ကအနာရောဂါနည်းတယ်။
အဲ့ဒါ ဘာကြောင့်ပါလဲ။
ဖြေ – အနာရောဂါကင်းတာ သူတစ်ပါးကို မညှင်းဆဲခဲ့လို့။
အနာရောဂါများတာ သူတစ်ပါးကို ညှင်းဆဲခဲ့လို့။
မေး – လူချင်းတူပါလျက် တချို့က ရုပ်ချော၊ တချို့က ရုပ်ဆိုးတယ်။ ဘာကြောင့်ကွဲပြားရပါသလဲ။
ဖြေ – ရုပ်ချောတာ မေတ္တာပွားခဲ့လို့။
ရုပ်ဆိုးတာ ဒေါသာအာဃာတကြီးခဲ့လို့။
မေး – လူချင်းတူပါလျက် တချို့က အခြွေအရံများတယ်၊ တချို့က အခြွေအရံနည်းတယ်။
ဘာကြောင့်ပါလဲ။
ဖြေ – အခြွေအရံများတာ ကိုယ်ထက်သာသူအပေါ် ဝမ်းမြောက်ခဲ့လို့။
အခြွေအရံနည်းတာ ကိုယ့်ထက်သာသူ အပေါ် မနာလိုခဲ့လို့။
မေး – လူချင်းတူလျက် တချို့အမျိုးယုတ်တယ်။ တချို့ အမျိုးမြတ်တယ်။ ဘာကြောင့်ပါလဲ။
ဖြေ – အမျိုးမြတ်တာ မာနကင်းပြီး ဂါရဝနိဝါတ ရှိခဲ့လို့။
အမျိုးယုတ်တာ မာနကြီးပြီး ဂါရဝနိဝါတ ကင်းခဲ့လို့။
မေး – တချို့က ဥာဏ်ကောင်းတယ်။ တချို့က ဥာဏ်ထိုင်းတယ်။ ဘာကြောင့်ပါလဲ။
ဖြေ – ဥာဏ်ကောင်းတာ ကိုယ်မသိတာ မေးမြန်းခဲ့လို့။
ဥာဏ်မကောင်းတာ မေးမြန်းခြင်းမရှိခဲ့လို့။ ဟု မိန့်ကြားတော်မူခဲ့ပါတယ်။
အညွှန်း – အရှူံးမရှိသော ဒဿန၊ ဖန်ဆင်းရှင် သုံးဦး၊ အမေးဘာသာခြား၊ အဖြေဂေါတမဘုရား။ လူ၊ သတ္တဝါ တို့ကို ဖန်ဆင်းရှင်က ဖန်ဆင်းတာလား ဆိုတာ ကို သိချင်ရင်တော့ “ဒေါက်တာမင်းတင်မွန်ရဲ့ ဘဝဖန်တီးရှင် ကံတရား” စာအုပ်တွင် ဖတ်ရှုနိုင်ပါတယ်။
By-မေတ္တာရိပ်

No comments:
Post a Comment