Tuesday, April 22, 2014

RGB & CMYK



51
RGB color ဟာအလင်းရောင်ပေါ်မူတည်ပြီး ဖြစ်ပေါ်လာတဲ့ အရောင်ဖြစ်ပါတယ်။ Additive colors လို့လည်းခေါ်ပါတယ်။ ကျွန်တော်တို့ အသုံးပြုနေကြတဲ့ Computer Monitor တွေ၊ Television တွေဟာ RGB ကိုအသုံးပြုကြပါတယ်။ RGBဟာ Red, Green, Blue အရောင်သုံးရောင်ကို ဆိုလိုပါတယ်။ ဒီအရောင်သုံးရောင်ကို အခြေခံထားပြီး ရောစပ်ခြင်းအားဖြင့် လိုအပ်တဲ့ အရောင်ကို ရယူတာဖြစ်ပါတယ်။ ကျွန်တော်တို့ အခုမြင်နေရတဲ့ အရောင်တွေရရှိဖို့အတွက် ဒီအရောင်သုံးရောင်ကို အမျိုးမျိုးရောစပ်ယူရပါတယ်။ ဘယ်အရောင်ကိုမဆို ရယူနိုင်ပါတယ်။ Red, Green, Blue ဆိုတဲ့ အရောင်သုံးရောင်ကို ရောစပ်လိုက်ရင်တော့ အဖြူရောင်အလင်းကိုရှရှိမှာဖြစ်ပါတယ်။
RGB color method ဟာအလင်းရောင်ပေါ်မူတည်ပြီးဖြစ်လာတဲ့အတွက် Printing ပိုင်းတွေမှာ အသုံးလေ့မရှိပါဘူး။ Screen Viewing Only ဖြစ်ပါတယ်။
CMYK color method ကတော့ ဆေးရောင်၊ မင်ရောင်၊ အရောင်ခြယ်ပစ္စည်းတွေ အရောအစပ်ကနေဖြစ်လာပါတယ်။ Subtractive colors လို့လည်းခေါ်ပါတယ်။ C က Cyan, M က Megenta, Y က Yellow နဲ့ K က Black ကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒီအရောင်လေးရောင်ကို တွဲစပ်ပြီး တော်တော်များများသောအရောင်တွေကိုသာ ရယူနိုင်ပါတယ်။ RGBလောက် အရောင်ပမာဏ ခပ်များများ မထုတ်လုပ်နိုင်ပါဘူး။ ဒီနည်းလမ်းကိုတော့ Printing ပိုင်းတွေမှာ အသုံးပြုပါတယ်။
Graphic နဲ့ပါတ်သတ်တဲ့ software တော်တော်များများမှာ RGB နဲ့ CMYKကို ရွေးချယ်ခွင့်ပေးထားကြပါတယ်။ အဲဒါတွေကို color spaces လို့ခေါ်ပါတယ်။ Website Design တွေ၊ Website ပေါ်မှာ အသုံးပြုမယ့် image တွေ စတာတွေအတွက် RGB ကိုအသုံးရပါမယ်။ အတော်များများ Desktop scanner တွေ၊ Digital cmaera တွေနဲ့ Video Capture system တွေမှာလည်း RGBကို အသုံးပြုကြပါတယ်။ Vinyl တွေ၊ Brochureတွေ စတဲ့ printing ပိုင်းတွေမှာတော့ CMYK ကိုအသုံးပြုကြပါတယ်။
Designer တွေအနေနဲ့ မိမိဆွဲရမယ့် Design တစ်ခုဟာ RGB mode အသုံးပြုရမှာလား၊ CMYK mode ကိုအသုံးပြုရမှာလားဆိုတာ သိသင့်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ RGB ကနေ CMYK ကိုပြောင်းတဲ့အခါမှာ color တွေဟာ ပြောင်းလည်းသွားတတ်လို့ပါပဲ။ CMYK ဟာ RGB လောက်အရောင်ခပ်များများ မထုတ်လုပ်နိုင်လို့ပါပဲ။ နမူနာအနေနဲ့ အောက်ကပုံမှာ အရောင်အချို့ကို RGB ကနေ CMYK ကိုပြောင်းပြထားပါတယ်။
Color တွေကွာခြားသွားတာကိုတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိလုပ်နေတဲ့ Designဟာ RGB သုံးရမှာလား CMYK သုံးရမှာလားဆိုတာ သိဖို့လိုလာပါတယ်။ အောက်ဘက်မှာ အသုံးများတဲ့ software တစ်ချို့ရဲ့ CMYK သို့ပြောင်းလဲပုံများကို ဖော်ပြပေးလိုက်ရပါတယ်။
Microsoft Publisher : Microsoft Publisher မှာ RGB က default ဖြစ်ပါတယ်။ Document အသစ်ကိုစယူထဲက CMYK color space ကိုစယူနိုင်သလို Menu ထဲကပြောင်းမယ်ဆိုရင်လည်း Tools/ Commercials Printin Tools/ Color Printing ထဲက Process colors (CMYK) ရွေးလိုက်ရုံပါပဲ။
Adobe Photoshop : Document စယူထဲက Color Mode မှာရွေးလို့ရပါတယ်။ Bitmap, Grayscale, RGB Color, CMYK Color, Lab Color ဆိုပြီးအမျိုးမျိုးရွေးချယ်လို့ရပါတယ်။ ရှိပြီးသား file ကိုပြောင်းချင်တယ်ဆိုရင်တော့ Image/Mode/CMYK  ဆိုပြီးပြောင်းရုံပါပဲ။
Corel Draw 9 : ပြောင်းချင်တဲ့ အရာဝတ္ထုကို select လုပ်ရပါမယ်။ ပြီးရင် Fill tool ကိုရွေးပြီး Fill Color Dialog ကိုနှိပ်ပါမယ်။ Color model ကို CMYK ထားလို့ရပါပြီ။ Outline ပါတဲ့ အရာဝတ္ထုတွေအတွက်တော့ Outline Color Dialog ကိုရွေးပြီး ပြောင်းပေးရပါမယ်။
Adobe Illustrator : File/Document color mode/CMYK color ကိုရွေးလိုက်ရုံပါပဲ။
Adobe InDesign : Window/Swatches ကိုနှိပ်လိုက်ပါ။ Swatches ထဲက color ကို double click နှိပ်ပြီး ပေါ်လာတဲ့ Swatch Options box ထဲမှာ Color Mode ကို CMYK ပြောင်းပြီး၊ Color Type ကို Process လို့ပြောင်းပေးရပါမယ်။
Adobe Pagemaker 6.5 : Window/Show Colors ကိုနှိပ်ပါ။ ပေါ်လာတဲ့ palette ထဲက color ကို double click နှိပ်ပြီး Model ကို CMYK,Type ကိုတော့ Process ပြောင်းပေးရပါမယ်။

http://ict.com.mm/

No comments:

Post a Comment