Thursday, May 29, 2014

ဗုဒ္ဓ​ဝါဒ နှင့် ​ဗြ​ဟ္မ​ဏ​ဝါဒ ခွဲ​ခြား​ပုံ

"ဗုဒ္ဓ​ဝါဒ နှင့် ​ဗြ​ဟ္မ​ဏ​ဝါဒ ခွဲ​ခြား​ပုံ "
************************************



ကိုယ့်ကိုယ်ကို ဗုဒ္ဓ​ဘာသာ​ဝင်​ပါ​လို့ ခံယူ​ထား​ရင် တ​က​ယ့်​ဗုဒ္ဓ​ဘာသာ​ဝင်​ဟုတ်​ရဲ့​လား​လို့ ဆန်း​စစ်​ကြည့်​ကြ​ပြီး တကယ်​မ​ဖြစ်​သေး​ရင် ဖြစ်​အောင်​ကြိုးစား​နိုင်​ကြ​ပါ​စေ။

မြွေ​ဝင် ပျားစွဲ​ခြင်း​ကြော ​င့် ချမ်းသာ​တယ်​လို့ ယူဆ​ရင် ​ဗြ​ဟ္မ​ဏ​ဝါဒ၊ (ဟိန္ဒူ​ဝါဒ) 
အလုပ်​ကြိုးစား​ခြင်း၊ ကုသိုလ်​ရှိ​ခြင်း​ကြောင့် ချမ်းသာ​တယ်​လို့ ယူဆ​ရင် ဗုဒ္ဓ​ဝါဒ။ 

ဖွတ်​တက်​လို့၊ ​ဠ​င်း​တ​နား​လို့ ဆင်းရဲ​တယ် ခိုက်​တယ်​လို့ ယူဆ​ရင် ​ဗြ​ဟ္မ​ဏ​ဝါဒ၊ 
အလုပ်​မ​လုပ်​လို့ နှစ်​လုံး သုံး​လုံး လောင်း​ကစား​လုပ်​လို့ အကုသိုလ်​ရှိ​လို့ ဆင်းရဲ​တယ်​လို့ ယူဆ​မှ ဗုဒ္ဓ​ဝါဒ။

လက်​ယပ်​ခေါ်​တဲ့ အရုပ်​ကလေး​ရှိ​လို့၊ ပုလင်း​အစိမ်း​ထဲ​မှာ နှင်းဆီ​ပွင့် စိုက်​ထား​လို့ ပိုက်ဆံ​နဲ့ ပုံ​ဖော်​ထား​တဲ့ ဇီးကွက်​ရုပ်(လာဘ်​ခေါ်​အဆောင်​က​ဒ်​ပြား) ရှိ​လို့ ဈေးရောင်း​ကောင်း​တာ​လို့ ယူဆ​ရင် ​ဗြ​ဟ္မ​ဏ​ဝါဒ၊ 
ဝီရိယ​ဥာ​ဏ်​ယှဉ် စေတနာ​မေတ္တာ​ထား​ပြီး ရောင်း​လို့ ဈေးရောင်း​ကောင်း​တယ်​လို့ ယူဆ​မှ ဗုဒ္ဓ​ဝါဒ၊ 

ရက်ရာဇာ​မှ ကောင်းကျိုး​ပေး​ပြီး ပြ​ဿ​ဒါး​က မကောင်းကျိုး​ပေး​တယ်​လို့ ယူဆ​ရင် ​ဗြ​ဟ္မ​ဏ​ဝါဒ၊ 
ကုသိုလ်​က ကောင်းကျိုး​ပေး​ပြီး၊ အကုသိုလ်​က မကောင်းကျိုး​ပေး​တယ်​လို့ ယူဆ​မှ ဗုဒ္ဓ​ဝါဒ၊ 

စနေ တနင်္ဂနွေ​အစ​ရှိ​သော ​ဂြို​လ်​တွေ​က ကောင်းကျိုး မကောင်းကျိုး​ပေး​တယ်​လို့ ယူဆ​ရင် ​ဗြ​ဟ္မ​ဏ​ဝါဒ၊ ကုသိုလ် အကုသိုလ်​က ကောင်းကျိုး ဆိုး​ကျိုး​ပေး​တယ်​လို့ ယူဆ​မှ ဗုဒ္ဓ​ဝါဒ။

ခရီးသွား​တဲ့​အခါ နဂါး​လှည့်​သင့်​မှု၊ မ​သင့်​မှု​ကြောင့် ကောင်းကျိုး ဆိုး​ကျိုး​ပေး​တယ်​လို့ ယူဆ​ရင် ​ဗြ​ဟ္မ​ဏ​ဝါဒ၊ ကုသိုလ် အကုသိုလ်​က ကောင်းကျိုး ဆိုး​ကျိုး​ပေး​တယ်​လို့ ယူဆ​မှ ဗုဒ္ဓ​ဝါဒ။ 

စုံ​ဂဏန်း၊ မ​ဂဏန်း(၁​၃)ဂဏန်း၊ ကိုး​ဂဏန်း​တွေ​က ကောင်းကျိုး ဆိုး​ကျိုး​ပေး​တယ်​လို့ ယူဆ​ရင် ​ဗြ​ဟ္မ​ဏ​ဝါဒ၊ 
ကုသိုလ် အကုသိုလ်​က ကောင်းကျိုး​ဆိုး​ကျိုး​ပေး​တယ်​လို့ ယူဆ​မှ ဗုဒ္ဓ​ဝါဒ၊ 

အသုဘ​ယာဉ်​ကို ကျောင်း​ဝိုင်း​ထဲ အိမ်​ဝိုင်း​ထဲ​ထား​ရင် မြို့​မြင်​ရွာ​ပြင်​မှာ ဆုံး​တဲ့ ရုပ်​အလောင်း​ကို မြို့​ထဲ​ရွာ​ထဲ​ပြန်​သွင်း​ရင် မြို့​ခိုက်​တယ်၊ ရွာ​ခိုက်​တယ်​လို့ ယူဆ​ရင် ​ဗြ​ဟ္မ​ဏ​ဝါဒ၊ 
 ထို​အကြောင်း​များ​ကြောင့် မြို့​ရွာ​ကို​မ​ခိုက် အကုသိုလ်​ကြောင့်​သာ မြို့​ရွာ​ကို ခိုက်​တယ်​လို့ ယူဆ​မှ ဗုဒ္ဓ​ဝါဒ၊

အလောင်း​ကိုင်​တာချ​င်း​တူ​ပါ​လျက် သုဘရာဇာ​ကို အဝေး​မှ​ရှောင်​ပြီး​ဆရာဝန် ဖြစ်​မည့်​သူ​ကို သမက်​ဖမ်း​ခြင်း​သည် ​ဗြ​ဟ္မ​ဏ​ဝါဒ၊ 
အယူ​အစွဲ​မ​ရှိ​ဘဲ နှစ်​ဦး​စလုံး​ကို တန်းတူ​ဆက်ဆံ​ခြင်း​သည် ဗုဒ္ဓ​ဝါဒ၊ 

ဒက္ခိဏ​သာ​ခါ​ရုပ်ပွား​ကို ကိုးကွယ်​လျှင် မီး​ကွင်း​သည် ဆင်​စီး​မြင်း​ရံ​ဘုရား​ကို ကိုးကွယ်​လျှင် စီးပွားတက်​သည် ဇ​မ္ဗု​ပတိ​ချွတ်​ခန်း (မကိုဋ်​စလွယ်​ဆင်) ဘုရား​ကို ကိုးကွယ်​လျှင် ရာထူး​တက်​သည်​ဟု ယူဆ​၍ ကိုးကွယ်​လျှင် ​ဗြ​ဟ္မ​ဏ​ဝါဒ၊ 
 ဒက္ခိဏ​သာ​ခါ​ပုံ​ကို ထု​လုပ်​လျှင် ဗုဒ္ဓ​၏​သ​ပ္ပါ​ယ်​သော ရုပ်လက္ခဏာ​တော်​ကို ဖျက်ဆီး​ရာ​ရောက်​သည်။ ဆင်​ဆီး မြင်း​ရံ​ဘုရား​ကို ထု​လုပ်​လျှင် ဘုရားရှင်​၏ မဟာ​ကရုဏာ​တော်​ကို ပြက်​ရယ်​ရာ​ရောက်​သည်။ မကိုဋ်​စလွယ်​ဆင် ရုပ်ပွား​ကို ထု​လုပ်​လျှင် ရဟန်း​တစ်ပါး​ကို ယုတ်​နိမ့်​သော လူအ​ဝတ်​အစာ​ း​များ​ဖြင့် ဝတ်ဆင်​ပေး​ရာ​ရောက်​သည်​ဟု တွေးခေါ်​မြော်​မြင်​ပြီး ထို​ပုံ​မျိုး​ကို မ​ကိုးကွယ်​ဘဲ ရဟန်း​နှင့်​တူ​သော ရုပ်ပွား​တော်​ကို​သာ ကိုးကွယ်​ခြင်း​သည် ဗုဒ္ဓ​ဝါဒ။

တန်ခိုး​ရှိ​သော ရုပ်ပွား​စေတီ​ကို ရှိခိုးပူဇော်​လျှင် ကောင်းကျိုး များ​များ​ရသ​ည် တန်ခိုး​မ​ရှိ​သော ရုပ်ပွား​စေတီ​ကို ရှိခိုးပူဇော်​လျှင် ကောင်းကျိုး​နည်း​နည်း​သာ ရသ​ည်​ဟု ယူဆ​လျှင် ​ဗြ​ဟ္မ​ဏ​ဝါဒ၊ 
ရုပ်ပွား​စေတီ​က အဓိက​မဟုတ် မိမိ​စေတနာ က​သာ အဓိက​ဖြစ်​သည်။ စေတနာ အကြီး​အသေး​က ကောင်းကျိုး အကြီး​အသေး​ကို ဖြစ်​စေ​သည်​ဟု ယူဆ​လျှင် ဗုဒ္ဓ​ဝါဒ။

လူသေ​ပြီး ခု​နှစ်​ရက်လည်​မှ အိမ်​မှ​ထွက်​သည်​ဟု ယူဆ​လျှင် ​ဗြ​ဟ္မ​ဏ​ဝါဒ၊ 
စု​တိ​နောင် ပဋိသန္ဓေ​ဖြစ်​သည် သို့မဟုတ် သေ​ပြီး စက္ကန့်​မ​ခြား​ဘဲ နောက်​ဘဝ​သစ်​၌ ချက်​ခြင်း​ဖြစ်​သည်​ဟု ယူဆ​လျှင် ဗုဒ္ဓ​ဝါဒ။ 

မိမိ​ကောင်းစား​ချမ်းသာ​ဖို့ အဓိက​ထား​ပြီး​လှူ​လျှင် ​ဗြ​ဟ္မ​ဏ​ဝါဒ၊ 
အလှူခံ​ပုဂ္ဂိုလ် ချမ်းသာ​ဖို့ အဓိက​ထား​ပြီး လှူ​လျှင် ဗုဒ္ဓ​ဝါဒ၊ 

ဝါတွင်း​ကာလ​၌ အိမ်မ​ပြောင်း​ကောင်း​ဟု ယူဆ​လျှင် ​ဗြ​ဟ္မ​ဏ​ဝါဒ၊ 
အဆင်​ပြေ​သည့် အချိန်​တွင် ပြောင်း​ကောင်း​သည်​ဟု ယူဆ​လျှင်​ဗုဒ္ဓ​ဝါဒ။

လက္ခဏာ​တွင် အာ​ယု​လမ်းကြောင်း ရှည်​သော​ကြောင့် အသက်​ရှည်​သည်၊ အာ​ယု​လမ်းကြောင်း တို​သော​ကြောင့် အသက်​တို​သည်​ဟု ယူဆ​လျှင် ​ဗြ​ဟ္မ​ဏ​ဝါဒ၊ 
သူ့​အသက်​ကို မ​သတ်​ခြင်း သူတစ်ပါး အသက်​ရှည်​ခွင့်​ရအောင် ဆေးဝါး​လှူဒါန်း​ခြင်း​ဟူ​သော ကုသိုလ်​တို့​ကြောင့် အသက်​ရှည်​သည် သူတစ်ပါး​အသက်​ကို သတ်​ဖြတ်​ခဲ့​သော အကုသိုလ်​ကြောင့် အသက်​တို​သည်​ဟု ယူဆ​လျှင် ဗုဒ္ဓ​ဝါဒ၊ အာ​ယု​လမ်းကြောင်း​သည် သင်္ကေတ​နိမိတ်​သာ​ဖြစ်​သည်။

အရှင်​ဇ​ဝ​န(မေတ္တာ​ရှင်-ရွှေ​ပြည်​သာ)၏ ဆောင်းပါး​မှ​ကောက်​နှုတ်​ချက်။

No comments:

Post a Comment