☆☆☆☆☆
၁-မာရ်ငါးပါးဆိုတာ မာရ်နတ်ငါးယောက်ကိုပြောတာလား ??
၂-ဘုရားမရှိတော့ပေမယ့် သိကြားမင်းတို့နတ်ပြည်ကို
ဘာလို့သွားမသိမ်းလဲ ??
မာရ်နတ်သေးသေးလေးတဲ့မာရ်နတ်ကြီးကသာစံခိုင်းရင်ချက်ချင်းစံရမှာဆိုတာဟုတ်လား ??
၅-မာရ်နတ် ခိုင်းလို့ ပရိနိဗ္ဗာန်ပြုတာလား၊ ဝက်သားစားလို့လား ??
၆-မာရ်နတ်အခုဘယ်မှာလဲ ??
၇-မာရ်နတ်ကို နှောင့်ယှက်လို့မရအောင် ဘုရားကဘာလို့ တန်ခိုးနဲ့ မတားလဲ ??
၈-ရှင်ဥပဂုတ်ကမာရ်နတ်ကို ဆုံးမတယ်ဆိုတာ ဟုတ်လား ??
မာရ်ရဲ့အကြောင်းလေး အရင်ရှင်းရအောင် မာရ်ဆိုတာ မာရဆိုတဲ့ ပါဠိကနေလာတာ မာရဆိုတာ သေခြင်း၊ သေစေခြင်းလို့ အဓိပ္ပါယ်ရတယ်။
မာရ်ဆိုတာ သေတတ်တဲ့သဘော သေအောင်သတ်တတ်တဲ့သဘောကိုပြောတာ။
☆☆မာရ် (၅)ပါးကို အကျဉ်းလေး ပြောပြမယ်။
(၁) ကိလေသမာရ် (၂) ခန္ဓမာရ် (၃) မစ္စုမာရ် (၄) အဘိသခါၤမာရ် (၅) ဒေဝပုတ္တမာရ်
☆ ကိလေသမာရ် ဆိုတာ တစ်ထောင့်ငါးရာကိလေသာတွေကိုပြောတာ လောဘ၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ အစရှိတဲ့ ကိလေသာတွေဟာ စိတ်ကို ပူလောင်စေတတ်တယ်၊ ညစ်နွမ်းစေတတ်တယ်၊ ပင်ပန်းဆင်းရဲအောင် နှိပ်စက်တတ်တယ်။
ဒီကိလေသာတွေ ရှိနေသရွေ့ကတော့ သံသရာမှာ တလည်လည်နဲ့ အမြဲသေနေဦးမှာပဲ။
ဒီလိုသေစေတတ်လို့ ကိလေသာကို မာရ်လို့ခေါ်တယ်။
☆ ခန္ဓမာရ် ဆိုတာ ဒီခန္ဓာ ၅ပါးကို ပြောတာပဲ။ ခန္ဓာရှိသရွေ့ သေနေဦးမှာပဲ။
ဘယ်ခန္ဓာဖြစ်ဖြစ် သေနေဦးမှာပဲ။
သေတတ်လို့ ခန္ဓာ ၅ပါးကို မာရ်လို့ခေါ်တယ်။
☆ မစ္စုမာရ် ဆိုတာ သေခြင်းတရားပါပဲ။ မရဏကိုပြောတာပေါ့။
သေတတ်တဲ့ မစ္စုကို မာရ်လို့ခေါ်တယ်။
☆ အဘိသခါၤမာရ် ဆိုတာ ကိုယ်ပြုထားတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေကိုပြောတာ။
ကုသိုလ်ကံကြောင့် ကောင်းတဲ့ဘဝရောက်မယ်။ အကုသိုလ်ကံကြောင့် မကောင်းတဲ့ဘဝ ရောက်မယ်။ ဘယ်ဘဝရောက်ရောက် သေမှာပဲ။
သေစေတတ်လို့ အဘိသခါၤကို မာရ်လို့ ခေါ်တယ်။
☆ ဒေဝပုတ္တ မာရ်ဆိုတာ မာရ်နတ်ကို ပြောတာ။
မာရ်နတ်ဟာ သတ္တဝါတွေ သံသရာဝဋ်က လွတ်မှာကြောက်တယ်။
၃၁ဘုံ ဘယ်ကိုသွားသွား သူသဘောကျတယ်။
လွတ်ထွက်သွားမှာကြောက်လို့ လွတ်ကြောင်းလုပ်ရင် နှောင့်ယှက်တယ်။
မာရ်နတ် အနှောင့်အယှက် ခံရရင် သံသရာလွတ်ကြောင်း မလုပ်ဖြစ်တော့ဘူး။
၃၁ဘုံမှာပဲ ပျော်မွေ့တော့တယ်။ ဘယ်ဘုံဖြစ်ဖြစ် သေမှာပဲ။
ဒီလိုသေစေတတ်လို့ ဒေဝပုတ္တမာရ်နတ်ဟာလည်း မာရ်ပါပဲ။
ဒီတော့ မာရ်ငါးပါးဆိုတာကမာရ်နတ် ငါးပါးကိုပြောတာမဟုတ်ပါဘူး။
မာရ်နတ်ကလည်း ငါးယောက်မက ရှိနေနိုင်ပါတယ်။
ဘုရားနဲ့သံဃာတွေကို နှောင့်ယှက်တဲ့ မာရ်နတ်ကတော့ သူတစ်ယောက်တည်းပါပဲ။
၁ ရဲ့အဖြေ ပြီးပါပြီ။
မာရ်နတ်ဟာ နတ်ပြည် ၆ထပ်မှာ အထက်ဆုံး နတ်ဘုံမှာနေတယ်။
နတ်ပြည် ၆ထပ်ရဲ့ စည်းစိမ်နဲ့ သက်တမ်းလေး နည်းနည်းပြောပြမယ်။
☆စတုမဟာရာဇ်နတ်ပြည်ဆိုတာ မြင်းမိုရ်တောင်ရဲ့ အလယ်မှာရှိတယ်။
ဓတရဋ္ဌ၊ ဝိရုဠှက၊ ဝိရူပက္ခ၊ ကုဝေရဆိုတဲ့ နတ်မင်းကြီး လေးပါးက အုပ်ချုပ်တယ်။
စတုမဟာရာဇ်နတ်တွေဆိုတာ အလွန်တန်ခိုးကြီးတယ်။
သက်တမ်းက နှစ်ပေါင်း ၅၀၀ ရှိတယ်။
လူသက်နဲ့ဆို အနှစ် ၉သန်းရှိတယ်။
☆တာဝတိံသာ သူ့ထက်ပိုပြီးမြင့်တယ်။ မြင်းမိုရ်တောင်ထိပ်မှာ ရှိတယ်။
သိကြားမင်း ဦးမဃနဲ့တကွ ၃၃ယောက်သောနတ်မင်းကြီးတို့ အုပ်စိုးတယ်။
အခေါင်နတ်မင်းကတော့ ဦးမဃပဲ။ (မာဃမဟုတ် မဃသာအမှန်)
တခြားနတ်မင်းတွေလည်းရှိတယ်။ နတ်သားတစ်ယောက်တောင်မှ နတ်သမီးအခြွေအရံ
၅၀၀ ခြံရံပြီး ကာမဂုဏ်ချမ်းသာကို ခံစားတယ်။
သက်တမ်းက နှစ်၁၀၀၀ လူလိုတွက်ရင် ၃ကုဋေ၆သန်းရှိတယ်။
☆ယာမာကနေစပြီး ဘုံဗိမာန်တွေဟာ ကောင်းကင်ယံမှာတည်တယ်။
ယာမာနတ်တွေကို ဆင်းရဲခြင်းကင်းသောနတ်တွေလို့ခေါ်တယ်။
နတ်ချမ်းသာကိုချည့် သီးသန့်ခံစားတဲ့နတ်တွေ။
သက်တမ်းက နှစ် ၂၀၀၀ လူလိုတွက်ရင် ၁၄ကုဋေ၄သန်းရှိတယ်။
နတ်ဘုံတိုင်းမှာ ကိုယ့် နတ်မင်းကြီးနဲ့ကိုယ်ရှိတယ်။
ယာမာ နတ်ပြည်အတွက်တော့ သုယာမနတ်မင်းက အခေါင်နတ်မင်းကြီးပဲ။
☆တုသိတာနတ်ပြည်ဆိုတာ အလွန်နှစ်သက်ရွှင်လန်းတယ်။
ဘုရားလောင်းနဲ့ မယ်တော်ဟောင်းတွေဒီဘုံမှာ လာဖြစ်ကြတယ်။
အခေါင်နတ်မင်းကြီးက သန္တုဿိတနတ်မင်းပဲ။
သက်တမ်းက နှစ် ၄၀၀၀ လူလိုဆို ၅၇ကုဋေ၆သန်းရှိတယ်။
☆နိမ္မာနရတိနတ်ပြည်ဆိုတာ ကိုယ့်စည်းစိမ်ကိုယ်စိတ်ကြိုက် ဖန်တီးလို့ရတယ်။
အောက်ကနတ်ပြည်တွေက ကိုယ့်ကုသိုလ်ကံအလိုက် ဘုံဗိမာန် အစရှိသဖြင့် ရတယ်။
ဒီနတ်ပြည်ကတော့ စိတ်ကြိုက် ဖန်တီးပြီး ခံစားလို့ရတယ်။
လိုတာထက်ပိုပြီးခံစားလို့ရတယ်။
သက်တမ်းက နှစ် ၈၀၀၀ လူလိုဆို ၂၃ဝကုဋေ၄သန်းရှိတယ်။
ကျောင်းတကာမကြီး ဝိသာခါ သေတော့ ဒီဘုံကို ရောက်တယ်။
☆ပရနိမ္မိတဝဿဝတီနတ်ပြည်က နတ်ပြည် ၆ထပ်မှာ အမြင့်ဆုံးပဲ။
စည်းစိမ်ကလည်း ကိုယ်တိုင်တောင်ဖန်ဆင်းစရာမလိုဘူး။
ကျွန်အစေအပါးနတ်တွေက ဖန်ဆင်းပေးတယ်။
သူတို့က လိုတာထက်ပိုပြီး ခံစားချင်ရင်တောင် သူများဖန်ဆင်းပေးရတယ်။
သက်တမ်းက နှစ်ပေါင်း ၁၆၀၀၀ လူလို ၉၂၁သန်းအထိ ရှည်ကြာတယ်။
မာရ်နတ်က ဒီဘုံမှာနေတယ်။ အခေါင်နတ်မင်းကြီးတော့ မဟုတ်ဘူး။
မာရ်နတ်သားပဲ။ အခေါင်နတ်မင်းကြီးက ဝဿဝတီနတ်မင်းကြီး သပ်သပ်ရှိတယ်။
မာရ်နတ်ကို စင်ပြိုင်လို့တော့ သတ်မှတ်လို့ရတယ်။ သူ့တပည့်တွေက များတာကိုး။
ဗိုလ်ဆိုလည်း သူပုန်ဗိုလ်ပဲဆိုပါတော့။
မာရ်နတ်က ပုံထဲကလို ရုပ်ဆိုးဆိုးမဟုတ်ပါဘူး။
ကာမာဝစရနတ်ပြည် ၆ထပ်မှာ အချောအလှဆုံးနတ်တွေထဲက တစ်ပါးပါ။
အားကြီးတဲ့ ကုသိုလ်ကံတွေ ပြုခဲ့ဖူးသူပါ။
ဒီလောက်ဆို မာရ်နတ်က သိကြားမင်းကို ဘာလို့ သွားပြီး မတိုက်ခိုက် မသိမ်းပိုက်သလဲ
သိလောက်ပြီပေါ့နော်။
သူ့နေရာလောက်မှ စည်းစိမ်ချမ်းသာမရှိ။ သက်တမ်းမရှည်တဲ့နေရာကို သူကဘာလုပ်ဖို့လာသိမ်းမလဲ။ မာရ်နတ်က ဒီလောက်မအဘူးလေ။
၂ ရဲ့အဖြေပြီးပါပြီမာရ်နတ်ဆိုတာ သံသရာလွတ်ကြောင်းကလွဲရင် ဘာလုပ်လုပ် အမြဲအကောင်းမြင်တယ်။
သံသရာလွတ်ကြောင်း လုပ်လို့ကတော့ နည်းမျိုးစုံနဲ့တားတယ်။
သိဒ္ဓတ္ထမင်းသား တောထွက်ချိန်မှာလည်း တားခဲ့တယ်။
ဘုရားဖြစ်ကာနီးချိန်မှာလည်း လေကြီးမိုးကြီး ပြာပူမီးနဲ့ မှောင်ကြီးတစ်တန်
ဓားလှံမကြွင်း ပစ်ခတ်ခွင်းပြီး နှောင့်ယှက်တယ်။
ဘေးနားမှာရှိနေတဲ့ ဘုရားဖြစ်တာနဲ့ ကြိုဆိုမယ့်သူတွေ
ထွက်ပြေးကြတယ်။
သိကြားမင်းက ခရုသင်း၊ ဗြဟ္မာမင်းက ထီးဖြူ၊ ပဉ္စသိင်္ခနတ်မင်းက ဗေလုဝစောင်း။
ကိုယ့်ပစ္စည်း ဘယ်နားကျန်မှန်းတောင်မသိအောင် ထွက်ပြေးကြတယ်။
(တကယ်တော့ ဗေလုဝစောင်းက မာရ်နတ်ရဲ့အပိုင် ဘုရားလောင်း ၆နှစ်လုံးလုံး
အပြစ်လုပ်ရင်ထောက်ပြပြီး ပျော်ပျော်ပါးပါးတီးဖို့ ဂျိုင်းကြားညှပ်လာတာ။
၆နှစ်လုံး အပြစ်တစ်ချက်မှ မရှိတဲ့ ဘုရားလောင်းကို စိတ်ပျက်လက်ပျက်
စောင့်ကြည့်ရင်းက ထွက်ကျနေခဲ့တာ။ ဒါကိုသိကြားမင်းက ကောက်ပြီး ပဉ္စသိင်္ခနတ်မင်းကို
ပေးလိုက်တာ ###
^^^ဒီနေရာမှာက ကျမ်းညှိစရာတွေများတာရယ် ပို့စ်နဲ့လည်းသိပ်မဆိုင်လို့ဒီလောက်ပါပဲ)
သမီးတော် သုံးယောက်ရဲ့ အလှအပ၊ အတွေ့အထိ၊ အမွှေးနံ့သာ၊ အရက်သေစာ
မျိုးစုံနဲ့ နှောင့်ယှက်တယ်။
မရဘူး။
အရုဏ်တက်ချိန်မှာပဲ အရဟတ္တဖိုလ်အထွတ်တပ်တဲ့ အာသဝေါတရားတို့ အမြစ်မကျန်
ဖယ်ရှားပြီး သဗ္ဗညုတဉာဏ်ကို ရသွားတယ်။
ဒီတော့ သတ္တသတ္တာဟ ၄၉ရက်ရဲ့ အလွန် အဋ္ဌမသတ္တာဟ အဇပါလညောင်ပင်ကို
ဘုရားနောက်တဖန် ပြန်ရောက်ချိန်မှာ မာရ်နတ်က အချိုသပ်နဲ့ လာတောင်းပန်တယ်။
အရှင်ဘုရားအနေနဲ့ အရဟတ္တဖိုလ်လည်း တိုင်ပါပြီဘုရား။
အရှင်ဘုရား ပရိနိဗ္ဗာန်ပြုပါတော့လို့ လာတောင်းပန်တယ်။
ဘုရားက ပြန်ပြောတယ်။
ငါဘုရားမှာ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာ ပရိသတ်
လေးပါးတို့က တရားတွေကို
- ပိုင်ပိုင်နိုင်နိုင်မဆောင်ရွက်နိုင်ကြသေးဘူးဆိုလျှင်
- သူတပါးကို မဟောပြောနိုင်သေးဘူးဆိုလျှင်
- ဆန့်ကျင်ဘက်လာပြောလို့မှ မနှိမ်နင်းနိုင်သေးဘူးဆိုလျှင်
ဂုဏ်အရည်အချင်းမပြည့်သေးသရွေ့
ပရိနိဗ္ဗာန်မပြုသေးဘူးလို့ ငြင်းခဲ့တယ်။
မာရ်နတ်စိတ်ပျက်ပျက်နဲ့ ပြန်သွားတယ်။
ကြားကာလတွေမှာ ကြုံရင်ကြုံသလို နှောင့်ယှက်တယ်။
ဘုရားက မာရ်နတ်အပေါ်မှာရော ကျန်သတ္တဝါတွေအပေါ်မှာရော မေတ္တာထားတယ်။
အနှောင့်အယှက်တွေကို ဂရုမစိုက်ပဲ ဆက်လက် တရားပြတယ်။
သတ္တဝါတွေအပေါ်မှာ ကရုဏာထားပြီး တရားပြတယ်။
မာရ်နတ်နှောင့်ယှက်သမျှကို ဥပေက္ခာနဲ့ ခွင့်လွှတ်ပေးခဲ့တယ်။
(မာရ်နတ် မနှောင့်ယှက်နိုင်အောင် ချုပ်ထားတာပဲ ဖြစ်ဖြစ်
မလုပ်ရခြင်းအကြောင်း နောက်မှ ထင်ရှားပါလိမ့်မယ်)
ဘိက္ခုနီသာသနာအတွက် မိထွေးတော်ဂေါတမီတို့ ကြိုးစားနေချိန်မှာ
မာရ်နတ်မနှောင့်ယှက်ရတဲ့အကြောင်းကတော့ ဘိက္ခုနီသာသနာပေါ်မှ
ပရိသတ် ၄ပါးစုံမယ်။ ဒီပရိသတ်လေးပါးစုံပြီးမှ ဘုရားပရိနိဗ္ဗာန်ပြုမှာမို့
မနှောက်ယှက်ခဲ့တာပါ။
၃ ရဲ့ အဖြေပြီးပါပြီ
ပရိနိဗ္ဗာန်မပြုခင် ၃လ အလိုမှာ တစ်ခါလာတောင်းပန်တယ်။
အရှင်ဘုရား အဋ္ဌမသတ္တာဟမှာပြောခဲ့တဲ့
ငါဘုရားမှာ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာ ပရိသတ် လေးပါးတို့က
တရားတွေကို

ပရိနိဗ္ဗာန်မပြုသေးဘူးဆိုတဲ့စကား မှတ်မိပါသလားဘုရား။
ယခုအခါတွင် အရှင်ဘုရား၌
ပရိသတ်လေးပါးမှာ ဘိက္ခုပရိသတ်သည် ဗုဒ္ဓတရားတော်ကို ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်မှတ်သား၍ သူတပါးတို့ကိုလည်း ဟောပြောနိုင်ပါပြီ။ ဆန့်ကျင်ဘက်ပြောလာသူတို့ကိုလည်း တရားသဖြင့်နှိမ်နင်းပြီး အကျိုးအကြောင်းနှင့်တကွ တရားကို ဟောပြနိုင်ပါပြီ
ပရိနိဗ္ဗာန်စံယူရန် အချိန်အခါ သင့်ပါပြီ။ ပရိနိဗ္ဗာန် စံတော်မူပါတော့ဘုရား။
ဘိက္ခုနီပရိသတ်သည် ဗုဒ္ဓတရားတော်ကို ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်မှတ်သား၍ သူတပါးတို့ကိုလည်း ဟောပြောနိုင်ပါပြီ။ ဆန့်ကျင်ဘက်ပြောလာသူတို့ကိုလည်း တရားသဖြင့်နှိမ်နင်းပြီး အကျိုးအကြောင်းနှင့်တကွ တရားကို ဟောပြနိုင်ပါပြီ
ပရိနိဗ္ဗာန်စံယူရန် အချိန်အခါ သင့်ပါပြီ။ ပရိနိဗ္ဗာန်
စံတော်မူပါတော့ဘုရား။ဥပါသကာပရိသတ်သည် ဗုဒ္ဓတရားတော်ကို ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်မှတ်သား၍ သူတပါးတို့ကိုလည်း ဟောပြောနိုင်ပါပြီ။ ဆန့်ကျင်ဘက်ပြောလာသူတို့ကိုလည်း တရားသဖြင့်နှိမ်နင်းပြီး အကျိုးအကြောင်းနှင့်တကွ တရားကို ဟောပြနိုင်ပါပြီ
ပရိနိဗ္ဗာန်စံယူရန် အချိန်အခါ သင့်ပါပြီ။
ပရိနိဗ္ဗာန် စံတော်မူပါတော့ဘုရား။
ဥပါသိကာပရိသတ်သည် ဗုဒ္ဓတရားတော်ကို ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်မှတ်သား၍ သူတပါးတို့ကိုလည်း
ဟောပြောနိုင်ပါပြီ။ ဆန့်ကျင်ဘက်ပြောလာသူတို့ကိုလည်း တရားသဖြင့်နှိမ်နင်းပြီး အကျိုးအကြောင်းနှင့်တကွ တရားကို
ဟောပြနိုင်ပါပြီပရိနိဗ္ဗာန်စံယူရန် အချိန်အခါ သင့်ပါပြီ။
ပရိနိဗ္ဗာန် စံတော်မူပါတော့ဘုရား။
ဒီလိုမျိုး ပြည်စုံပုံပြပြီး ပရိနိဗ္ဗာန်စံဖို့ လျှောက်တယ်။
ဒီတော့ ဘုရားပရိနိဗ္ဗာန်စံဖို့ လာလျှောက်တာ ဒီမာရ်နတ်ပါပဲ။
ဘုရားပရိနိဗ္ဗာန်စံမယ့်ကိစ္စက ဘုရားရဲ့ကိစ္စသာဖြစ်ပါတယ်။
ဘယ်သူစံခိုင်းလို့မှလည်း မဟုတ်ပါဘူး။
ဒီအချိန်မှာ ဘုရားရဲ့သက်တော်ဟာ ၈ဝအတွင်းကို
ချဉ်းနင်းဝင်ရောက်နေပြီ။၈၀ ပြည့်ဖို့ ၃လပဲ လိုတော့တယ်။ ဘုရားရှင်တိုင်းဟာ သက်တမ်းရဲ့ ၅ပုံ ၄ပုံမှာပဲ ပရိနိဗ္ဗာန်စံလေ့ရှိတယ်။
ဘုရားရှင်ရဲ့ ပစ္ဆိမသာဝကဖြစ်တဲ့ သုဘဒ္ဒပရဗိုဇ်ကလည်းနောက်သုံးလနေမှ ဉာဏ်ရင့်မယ်။တရားဟောလို့ရမယ်။လွန်ခဲ့တဲ့ ၇လတုန်းက
သေလောက်တဲ့ သွေးဝမ်းသွန်ရောဂါကို အာယုပါလကဖလသမာပတ်နဲ့
၁၀ လတာထိန်းတာကလည်း နောက်သုံးလဆို ပြည့်ပြီ။
ပရိနိဗ္ဗာန်စံယူလောက်အောင် ပြင်းထန်တဲ့ သွေးဝမ်းသွန်ရောဂါဟာလည်း ပြန်ပေါ်တော့မယ်။
ပြန်ပေါ်လာတဲ့ ရောဂါကို အာယုပါလကဖလသမာပတ်နဲ့ ပြန်ထိန်းချင်လည်းရတယ်။မထိန်းတော့ပဲ အနုပါဒိသေသ ပရိနိဗ္ဗာန်ဝင်စံလိုက်လည်းရတယ်။
အရင်က ဖလသမာပတ်သုံးပြီးရောဂါကိုထိန်းတာဟာ ပစ္ဆိမသာဝကကို
တရားဟောဖို့ မမီမှာစိုးလို့။အခုကပစ္ဆိမသာဝကကိုတရားဟောမီတဲ့အတွက် မထိန်းတော့ဘူး ပရိနိဗ္ဗာန်စံတော့မယ်။ဒီတော့ ဘုရားပရိနိဗ္ဗာန်စံတာ မာရ်နတ်ကြောင့်လည်း မဟုတ်ဘူး သူကရမဒ္ဒဝကြောင့်လည်းမဟုတ်ပါဘူး။
(သူကရမဒ္ဒဝကို ဝက်သားမဟုတ်ကြောင်း ကျမ်းများစွာတို့မှာ
ရှင်းလင်းထားတာတွေ့ရပါတယ်။ ပို့စ်နဲ့မဆိုင်လို့ မရေးတော့ပါဘူး)
မာရ်နတ်ကလည်း လာလာနှောင့်ယှက်နေတာ ဒီတစ်ယောက်တည်းပါ။
ပရိနိဗ္ဗာန်မစံခင် ၁ဝလ အလို (အာယုသခါၤရမလွှတ်ခင် ၇လ အလို) ကတည်းကပရိနိဗ္ဗာန်စံစရာ ရောဂါဝေဒနာ သွေးဝမ်းသွန်မှု ဖြစ်နေပြီးဖြစ်ပါတယ်။အချိန်တန်ပြီမို့ ပရိနိဗ္ဗာန်စံကြောင်း သိလောက်ပါပြီ။
၄နဲ့ ၅ ရဲ့ အဖြေ ပြီးပါပြီ
[[သူကရမဒ္ဒဝဟာ သွေးဝမ်းသွန်စေခဲ့တာမဟုတ်ပဲ
သွေးဝမ်းသွန်လို့ လျော့သွားတဲ့အာဟာရ၊
ဆုတ်ယုတ်သွားတဲ့ခွန်အားတွေကို ပြန်လည်ဖြည့်တင်းပေးခဲ့တာပါ။
အကယ်၍သာ သူကရမဒ္ဒဝကို ကြိုတင်မှီဝဲထားခြင်းမရှိရင်
သွေးဝမ်းသွန်ပြီးချက်ချင်းတောင်ပရိနိဗ္ဗာန်စံသွားနိုင်ပါတယ်။
ခုတော့ သူကရမဒ္ဒဝရဲ့အာဟာရက
ကုသိနာရုံအထိခြေကျင်ကြွသသွားနိုင်ပါသေးတယ်။
သူကရမဒ္ဒဝကို သုံးဆောင်မိလို့ အာဟာရရှိပြီး နေနိုင်တာကို သူကရမဒ္ဒဝကြောင့်သွေးဝမ်းသွန်တယ်ထင်ရင်တော့ မှားပါလိမ့်မယ်။
ဒီသူကရမဒ္ဒဝဟာ ဘုရားမဖြစ်ခင် အာဟာရဖြည့်တင်းတဲ့ သုဇာတာရဲ့ ဃနာနို့ဆွမ်းလိုပဲအကျိုးကျေးဇူးကြီးမားကြောင်းပြောခဲ့ပါတယ်။ ]]
ဒီတော့ အကြောင်းစုံညီနေပြီဖြစ်တဲ့နောက် ၃လကို ဘုရားပရိနိဗ္ဗာန်စံတော့မှာဖြစ်လို့မာရ်နတ်က ပရိနိဗ္ဗာန်ပြုဖို့ လာလျှောက်ချိန်မှာ ဘုရားက -မာရ်နတ်ရေ ငါဘုရားပရိနိဗ္ဗာန်ပြုမယ့်
ကိစ္စမှာ မင်းကြောင့်ကြစိုက်မနေနဲ့တော့
နောက် ၃လနေရင် ငါဘုရား ပရိနိဗ္ဗာန်ပြုတော့မယ်။
ဒီလိုပြောပြီး အာယုသခါၤရကိုလွှတ်လိုက်ပါတော့တယ်။
ဒီလို အာယုသခါၤရကို လွှတ်လိုက်တဲ့အခါမှာ ကြောက်စရာကောင်းကြက်သီးမွေးညှင်း
ထလောက်အောင် မြေငလျင်အကြီးအကျယ်လှုပ်တယ်။
မိုးတွေချုန်း လျှပ်စီးတွေ လက်တယ်။
မြတ်စွာဘုရားကိုယ်တော်တိုင်တော့ ပရိနိဗ္ဗာန်ပြုဖို့ နီးကပ်ပြီမို့
နှစ်သက် ဝမ်းမြောက်တဲ့ ပီတိနဲ့ ဥဒါန်းကျူးတော်မူးပါသေးတယ်။
ဥဒါန်း --
လောကသုံးဘုံ အလုံးစုံကို အကုန်သိမြင် ဘုရားရှင်သည် အကျိုးတရား အစားစား၏ ဖြစ်ပွားရာလည်းဖြစ်ထသော အသစ်တဖန် ဘဝကိုစီမံတတ်သည်လည်း ဖြစ်ထသော ချိန်ခွင်ပမာဉာဏ်ပညာဖြင့် ကောင်းစွာပိုင်ပိုင် မချိန်နိုင်သော မဟဂ္ဂုတ်ကံကိုလည်းကောင်း မဂ်အရဟတ္တ ရတုံးကပင် လုံးဝမငဲ့ စွန့်လွှတ်တော်မူခဲ့ပြီ၊ သူရဲကောင်းကြီးသည် စစ်ဝတ်တန်ဆာကို ဖျက်ဆီးလိုက်သကဲ့သို့ ထို့အတူ မိမိသန္တာန်၌မွေ့လျော်တော်မူသော ဗုဒ္ဓမြတ်စွာသည် မိမိသန္တာန်၌ အဖန်ဖန်ဖြစ်သောကိလေသာကို ဖျက်ဆီးတော်မူပြီ။
လင်္ကာ ။ ။ မုနိ ထွဋ်တင် ဘုရားရှင်သည် များဖြင်အချိုး အမျိုးမျိုးဟု ကောင်းဆိုးနှစ်ပြင် ပေးစွမ်းအင်ကို ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့် ကောင်းစွာလှလှ ချိန်၍ရသည့် တုလမည်ငြား ကာမာဝစရကံ တရားကိုလည်းကောင်း ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့် ကောင်စွာပိုင်ပိုင် မချိန်နိုင်မှု အကြောင်းပြု၍ အတုလမည်ငြား မဟဂ္ဂုတ်ကံတရားကိုလည်းကောင်း ။မဂ် အရဟတ္တ ရတုန်းကပင်
လုံးဝမငဲ့ စွန့်လွှတ်ခဲ့၍ တကယ့်စစ်ပွဲ နိုင်အောင်နွှဲသည့် သူရဲခေါင်အုပ် စစ်ဗိုလ်ချုပ်သည် ဖွဲ့တုပ် စစ်ဝတ် အားလုံးချွတ်သို့ ဝဋ်ကိလေသာ အဖြာဖြာကို ကောင်းစွာ ဖျက်ဆီး အားလုံးပြီးသည် .....
အေးကြီး အေးရပြီ တကား။
မြတ်စွာဘုရား ဥဒါန်းကျူးသလိုပဲ မာရ်နတ်ကလည်း ပျော်ပြီး
ထွက်သွားတယ်။ဒီ ၃လအတွင်းမှာ အရှင်သာရိပုတ္တရာနဲ့
အရှင်မောဂ္ဂလာန် အဂ္ဂသာဝကကြီး ၂ပါးရှေ့ဆင့်နောက်ဆင့် ပရိနိဗ္ဗာန်ပြုကြပါတယ်ည အရှင်မောဂ္ဂလာန်
ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်မပြုခင် အခါတပါးက
တစ်ကိုယ်တည်း နေနေတုန်း မာရ်နတ်က ဝမ်းထဲကို ဝင်ရောက်နှောင့်ယှက်တယ်။
မထေရ်မြတ်ဝမ်းက မသာမယာဖြစ်လာလို့ အစာအာဟာရကြောင့်လားဆိုပြီး
လမ်းထလျှောက်တယ်။ တန်ခိုးတော်နဲ့လည်း ကြည့်တယ်။
ဒီတော့မှ မာရ်နတ်ဝင်နေတာသိပြီး မာရ်နတ်ကို ထွက်ခိုင်းတယ်။
မာရ်နတ်က ငါ့ကိုမြင်သွားပြီဆိုပြီး ဝမ်းထဲက ထွက်လာရတယ်။
တန်ခိုးပြင်းထန် အရှင်မောဂ္ဂလာန်ရဲ့စကားကို အာခံဖို့လည်း မဖြစ်နိုင်ဘူး။
အပြင်ထွက်ပြီးခပ်လှမ်းလှမ်းမှာ ကိုယ်ဖျောက်ရပ်နေတယ်။
အရှင်မောဂ္ဂလာန်က မင်းကို ငါမြင်ရသေးတယ်လို့ပြောပြီး
ဒီမယ်မာရ်နတ် ငါလည်း အရင်ကမာရ်နတ်ဖြစ်ခဲ့ဖူးတယ်။
ဒီတော့မာရ်နတ် စိတ်ဝင်စားသွားတယ်။
ငါ့ရဲ့နာမည်က အဲ့ဒီတုံးက ဒုဿီလို့ခေါ်တယ်။
အဲ့တုန်းက ငါ့နှမဟာ အခု မင်းအမေပဲ။
ဒီတော့မင်းနဲ့ငါဟာ တူအရီးတော်တယ်။
ဒီလိုပြောလိုက်တော့ မာရ်နတ် သူ့ဦးလေးမှန်းလည်းသိသွားရော
နှလုံးသားက နူးညံ့ပျော့ပြောင်းသွားတယ်။
ဒီအချိန်မှာမှ မထေရ်မြတ်က ငါမာရ်နတ်ဖြစ်ခဲ့တုန်းကလည်း
ဘုရားနဲ့ သံဃာတွေကိုစော်ကားခဲ့လို့ စုတိပြတ်ကြွေသေလွန်တဲ့အခါ
အဝိစိငရဲကို ကျဆင်းခံခဲ့ရတယ်။ မင်းလည်း ဘုရားနဲ့ သံဃာတွေကို
ဆက်ပြီးပြစ်မှားနှောင့်ယှက်နေဦးမယ်ဆိုရင် ငါ့တုန်းကလိုပဲ
အပယ်ကျလိမ့်မယ်လို့ ရှင်းပြလိုက်တယ်။
မာရ်နတ် အသိတရားဝင်သွားတယ်။
သူဒီအတိုင်းဆက်သွားရင် ငရဲကျမှာလည်းကြောက်လာတယ်။
သူမှားခဲ့သမျှကိုလည်း နောင်တရလာတယ်။
သတ္တဝါတွေ သံသရာဝဋ်က မလွတ်အောင်သူကြိုးစားခဲ့တာတွေကို
နောင်တရပြီး အရှင်မောဂ္ဂလာန်ရဲ့တရားတိုတိုလေးနဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်
ရလောက်ပါရဲ့နဲ့ သာဝကဗောဓိဉာဏ်မယူတော့ပဲ။
သတ္တဝါတွေကိုပါ သံသရာဝဋ်က ခေါ်ထုတ်နိုင်တဲ့ သမ္မာသမ္ဗောဓိဆုကို ပန်ခဲ့တယ်။
ပြီးတော့သူနေတဲ့ ပရနိမ္မိတဝဿဝတီနတ်ပြည်ကို ပြန်သွားခဲ့ပါတယ်။
ပါရမီပေါင်းများစွာဖြည့်ကျင့်ပြီး လောကသတ္တဝါတွေကို ဘုရားတစ်ဆူအနေနဲ့
ချေချွတ်ပါလိမ့်ဦးမယ်။
လက်ရှိတော့ ဝဿဝတီနတ်ပြည်မှာပါ။
၆ ရဲ့ အဖြေပြီးပါပြီ
ဘုရားကမာရ်နတ်ကို မနှောင့်ယှက်အောင်ချုပ်ထားတာပဲဖြစ်ဖြစ်
ဘာလို့တစ်ခုခု မလုပ်သလဲကို သိလောက်ပါပြီ။
သူ့ဦးလေးဟောင်းက ဆုံးမမှ ရမှာကြောင့်ကတစ်ကြောင်း
တန်ခိုးနဲ့ဆုံးမရင် မာစ်နတ်က မနိုင်မှန်းသိလည်း သူချကိုယ်ချကွာဆိုပြီး
ပြန်ချနေရင် အကျိုးယုတ်မှာ စိုးတာကြောင့်ကတစ်ကြောင်း
ဘုရားဆုပန်မယ့် ဆန္ဒဖြစ်ဦးမယ့် ဥပနိဿယကို မြင်တာက တစ်ကြောင့်
စတာတွေကြောင့် အစောပိုင်း နှောင့်ယှက်သမျှကို မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာတွေနဲ့
သည်းခံခဲ့တာပါ။
၇ ရဲ့ အဖြေ ပြီးပါပြီ
မာရ်နတ်ကိုအရှင်မောဂ္ဂလာန်ဆုံးမနိုင်ခဲ့တဲ့အတွက် အရှင်ဥပဂုတ်ဆုံးမတယ်ဆိုတာလုံးဝ မဖြစ်နိုင်တော့ပါဘူး။ နောက်တစ်ချက်က အရှင်ဥပဂုတ်ဆိုတာ
မဟာယာန အနွယ်ဝင် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ပါ။
၈ ရဲ့ အဖြေ ပြီးပါပြီတစ်ခါက စွန်းလွန်းဆရာတော်ကြီးကို ပရိနိဗ္ဗာန်ပြုဖို့ နတ်တစ်ပါးက လာလျှောက်ဖူးတယ်။
အရှင်ဘုရား အာယုသခါၤရလွှတ်ပါတော့ ဘုရားတဲ့
ဆရာတော်ကြီးက မလွှတ်ဘူးကွာဆိုပြီးငေါက်ထုတ်လိုက်တော့
သတ္တဝါတွေတော့ အကျွတ်တရားရကြလိမ့်ဦးမယ်ကွာဆိုပြီး
စိတ်ပျက်လက်ပျက် ပြန်သွားတယ်တဲ့။
ဆရာတော်ကြီးဘေးနားက တပည့်တွေက အဲ့ဒါမာရ်နတ်ဖြစ်လိမ့်မယ်လို့ပြောတော့
ဆရာတော်ကြီးက အဘိညာဉ်နဲ့ လိုက်ကြည့်ပြီးပြန်ပြောတယ်။
မာရ်နတ်မဟုတ်ဘူးကွ။ အောက်ကနတ်သေးနတ်မွှားလေးပါပဲ
မာရ်နတ်ကြီးက လိမ္မာနေပါပြီကွာ တဲ့
(၂) မင်းကွန်းဆရာတော်ကြီးရဲ့မဟာဗုဒ္ဓဝင်
(၃) ကျီးသဲလေးထပ်ဆရာတော်ရဲ့ ဇိနတ္ထပကာသနီ
(၄) တည်တောဆရာတော်ရဲ့ ဗုဒ္ဓဝါဒဆိုင်ရာအမေးအဖြေများ
(၅) စွန်းလွန်းအမေးအဖြေများနဲ့
(၆) ဒေါက်တာမင်းတင်မွန်တက္ကသိုလ်အဘိဓမ္မာပေါင်းချုပ်
ရေးသားပူဇော်သူ >> အကုသလပုတ္တ
နှလုံးသား အာဟာရမှ ကူးယူပါသည်..။
၂-ဘုရားမရှိတော့ပေမယ့် သိကြားမင်းတို့နတ်ပြည်ကို
ဘာလို့သွားမသိမ်းလဲ ??
၃-ဘိက္ခုနီသာသနာကိုကျတော့ ဘာလို့ မနှောက်ယှက်ခဲ့တာလဲ ??
၄-ဘုရားကို ပရိနိဗ္ဗာန်စံခိုင်းတာ မာရ်နတ်အကြီးမဟုတ်ဘူးလို့ဆိုတယ်၊မာရ်နတ်သေးသေးလေးတဲ့မာရ်နတ်ကြီးကသာစံခိုင်းရင်ချက်ချင်းစံရမှာဆိုတာဟုတ်လား ??

ကိုးကားသောကျမ်းစာအုပ်များ>>>>>
(၁) မဟာဂန္ဓာရုံဆရာတော်ရဲ့ နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ(၂) မင်းကွန်းဆရာတော်ကြီးရဲ့မဟာဗုဒ္ဓဝင်
(၃) ကျီးသဲလေးထပ်ဆရာတော်ရဲ့ ဇိနတ္ထပကာသနီ
(၄) တည်တောဆရာတော်ရဲ့ ဗုဒ္ဓဝါဒဆိုင်ရာအမေးအဖြေများ
(၅) စွန်းလွန်းအမေးအဖြေများနဲ့
(၆) ဒေါက်တာမင်းတင်မွန်တက္ကသိုလ်အဘိဓမ္မာပေါင်းချုပ်
ရေးသားပူဇော်သူ >> အကုသလပုတ္တ
နှလုံးသား အာဟာရမှ ကူးယူပါသည်..။
No comments:
Post a Comment