Tuesday, April 22, 2014

RGB & CMYK



51
RGB color ဟာအလင်းရောင်ပေါ်မူတည်ပြီး ဖြစ်ပေါ်လာတဲ့ အရောင်ဖြစ်ပါတယ်။ Additive colors လို့လည်းခေါ်ပါတယ်။ ကျွန်တော်တို့ အသုံးပြုနေကြတဲ့ Computer Monitor တွေ၊ Television တွေဟာ RGB ကိုအသုံးပြုကြပါတယ်။ RGBဟာ Red, Green, Blue အရောင်သုံးရောင်ကို ဆိုလိုပါတယ်။ ဒီအရောင်သုံးရောင်ကို အခြေခံထားပြီး ရောစပ်ခြင်းအားဖြင့် လိုအပ်တဲ့ အရောင်ကို ရယူတာဖြစ်ပါတယ်။ ကျွန်တော်တို့ အခုမြင်နေရတဲ့ အရောင်တွေရရှိဖို့အတွက် ဒီအရောင်သုံးရောင်ကို အမျိုးမျိုးရောစပ်ယူရပါတယ်။ ဘယ်အရောင်ကိုမဆို ရယူနိုင်ပါတယ်။ Red, Green, Blue ဆိုတဲ့ အရောင်သုံးရောင်ကို ရောစပ်လိုက်ရင်တော့ အဖြူရောင်အလင်းကိုရှရှိမှာဖြစ်ပါတယ်။
RGB color method ဟာအလင်းရောင်ပေါ်မူတည်ပြီးဖြစ်လာတဲ့အတွက် Printing ပိုင်းတွေမှာ အသုံးလေ့မရှိပါဘူး။ Screen Viewing Only ဖြစ်ပါတယ်။
CMYK color method ကတော့ ဆေးရောင်၊ မင်ရောင်၊ အရောင်ခြယ်ပစ္စည်းတွေ အရောအစပ်ကနေဖြစ်လာပါတယ်။ Subtractive colors လို့လည်းခေါ်ပါတယ်။ C က Cyan, M က Megenta, Y က Yellow နဲ့ K က Black ကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒီအရောင်လေးရောင်ကို တွဲစပ်ပြီး တော်တော်များများသောအရောင်တွေကိုသာ ရယူနိုင်ပါတယ်။ RGBလောက် အရောင်ပမာဏ ခပ်များများ မထုတ်လုပ်နိုင်ပါဘူး။ ဒီနည်းလမ်းကိုတော့ Printing ပိုင်းတွေမှာ အသုံးပြုပါတယ်။
Graphic နဲ့ပါတ်သတ်တဲ့ software တော်တော်များများမှာ RGB နဲ့ CMYKကို ရွေးချယ်ခွင့်ပေးထားကြပါတယ်။ အဲဒါတွေကို color spaces လို့ခေါ်ပါတယ်။ Website Design တွေ၊ Website ပေါ်မှာ အသုံးပြုမယ့် image တွေ စတာတွေအတွက် RGB ကိုအသုံးရပါမယ်။ အတော်များများ Desktop scanner တွေ၊ Digital cmaera တွေနဲ့ Video Capture system တွေမှာလည်း RGBကို အသုံးပြုကြပါတယ်။ Vinyl တွေ၊ Brochureတွေ စတဲ့ printing ပိုင်းတွေမှာတော့ CMYK ကိုအသုံးပြုကြပါတယ်။
Designer တွေအနေနဲ့ မိမိဆွဲရမယ့် Design တစ်ခုဟာ RGB mode အသုံးပြုရမှာလား၊ CMYK mode ကိုအသုံးပြုရမှာလားဆိုတာ သိသင့်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ RGB ကနေ CMYK ကိုပြောင်းတဲ့အခါမှာ color တွေဟာ ပြောင်းလည်းသွားတတ်လို့ပါပဲ။ CMYK ဟာ RGB လောက်အရောင်ခပ်များများ မထုတ်လုပ်နိုင်လို့ပါပဲ။ နမူနာအနေနဲ့ အောက်ကပုံမှာ အရောင်အချို့ကို RGB ကနေ CMYK ကိုပြောင်းပြထားပါတယ်။
Color တွေကွာခြားသွားတာကိုတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိလုပ်နေတဲ့ Designဟာ RGB သုံးရမှာလား CMYK သုံးရမှာလားဆိုတာ သိဖို့လိုလာပါတယ်။ အောက်ဘက်မှာ အသုံးများတဲ့ software တစ်ချို့ရဲ့ CMYK သို့ပြောင်းလဲပုံများကို ဖော်ပြပေးလိုက်ရပါတယ်။
Microsoft Publisher : Microsoft Publisher မှာ RGB က default ဖြစ်ပါတယ်။ Document အသစ်ကိုစယူထဲက CMYK color space ကိုစယူနိုင်သလို Menu ထဲကပြောင်းမယ်ဆိုရင်လည်း Tools/ Commercials Printin Tools/ Color Printing ထဲက Process colors (CMYK) ရွေးလိုက်ရုံပါပဲ။
Adobe Photoshop : Document စယူထဲက Color Mode မှာရွေးလို့ရပါတယ်။ Bitmap, Grayscale, RGB Color, CMYK Color, Lab Color ဆိုပြီးအမျိုးမျိုးရွေးချယ်လို့ရပါတယ်။ ရှိပြီးသား file ကိုပြောင်းချင်တယ်ဆိုရင်တော့ Image/Mode/CMYK  ဆိုပြီးပြောင်းရုံပါပဲ။
Corel Draw 9 : ပြောင်းချင်တဲ့ အရာဝတ္ထုကို select လုပ်ရပါမယ်။ ပြီးရင် Fill tool ကိုရွေးပြီး Fill Color Dialog ကိုနှိပ်ပါမယ်။ Color model ကို CMYK ထားလို့ရပါပြီ။ Outline ပါတဲ့ အရာဝတ္ထုတွေအတွက်တော့ Outline Color Dialog ကိုရွေးပြီး ပြောင်းပေးရပါမယ်။
Adobe Illustrator : File/Document color mode/CMYK color ကိုရွေးလိုက်ရုံပါပဲ။
Adobe InDesign : Window/Swatches ကိုနှိပ်လိုက်ပါ။ Swatches ထဲက color ကို double click နှိပ်ပြီး ပေါ်လာတဲ့ Swatch Options box ထဲမှာ Color Mode ကို CMYK ပြောင်းပြီး၊ Color Type ကို Process လို့ပြောင်းပေးရပါမယ်။
Adobe Pagemaker 6.5 : Window/Show Colors ကိုနှိပ်ပါ။ ပေါ်လာတဲ့ palette ထဲက color ကို double click နှိပ်ပြီး Model ကို CMYK,Type ကိုတော့ Process ပြောင်းပေးရပါမယ်။

http://ict.com.mm/

ဂန​္ဒီ​၏ က​မ​္ဘာ​ကျော​် ဆိုရိုးစကား​အချိ​ု​့

 

 













{   2 October 1869 – 30 January 1948 }

မဟတ္တမ ဂန္ဒီနေ့ လို့ အိန္ဒိယနိုင်ငံသား တို့ သတ်မှတ်ထားကြပါတယ်။ ယင်းနေ့ဟာ အိန္ဒိယလွတ်လပ်ရေး ဖခင် (ကမ္ဘာ့ ငြိမ်းချမ်းရေး ခေါင်းဆောင် တစ်ဦး) ဖြစ်တဲ့ ဂန္ဒီရဲ့မွေးဖွားရက် လည်း ဖြစ်ပါတယ်။
ဂန္ဒီရဲ့ကမ္ဘာကျော် ဆိုရိုးစကား အချို ႔ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ မနက်ဖန်သေရမယ်လို့ မှတ်ယူပြီး အသက်ရှင်ပါ။ တစ်သက်လုံး အသက်ရှင်ရမယ်လို့ မှတ်ယူပြီး လေ့လာသင်ကြားပါ။

၂။ ရန်ကိုရန်ချင်း တုံ့ပြန်နေရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်ဆီးသွားပါလိမ့်မယ်။

၃။ လူဆိုတာ သူတွေးသလို ဖြစ်လာခြင်း ဖြစ်ပါတယ်။

၄။ နိုင်ငံတစ်နိုင်ငံ ဘယ်လောက်ထိ ကြီးကျယ်မြင့်မြတ်တယ်ဆိုတာ သူတို့ တိရစ္ဆာန် တွေကို ဘယ်လိုကျွေးမွေးတယ်ဆိုတာကို ကြည့်ပြီး ဆုံးဖြတ် နိုင်ပါ တယ်။

၅။ ပထမဆုံး သင့်ကို လစ်လျူရှုမယ်။ ပြီးတော့ သင့်ကို ရယ်မော လောင်ပြောင်မယ်။ ပြီးတော့ သင့်ကို တိုက်ခိုက်မယ်။ ဒီနေရာမှာ အနိုင်ရနေရသူဟာ သင်ပဲ ဖြစ်ပါတယ်။

1. Live as if you were to die tomorrow. Learn as if you were to live forever.

2. An eye for an eye only ends up making the whole world blind.

3. A man is but the product of his thoughts what he thinks, he becomes.

4. The greatness of a nation can be judged by the way its animals are treated.

5. First they ignore you, then they laugh at you, then they fight you, then you win.


ဖိုးသူတော်(www.phothutaw.com)