Friday, June 12, 2015

ထူးထူးခြားခြားများ




ထူးထူးခြားခြား (၁)
===========
(၁) အင်္ဂလန်နိုင်ငံရဲ့ ပထမမြောက် ဂျော့ရှ် ဘုရင်မင်းမြတ်ဟာ အင်္ဂလိပ်စကား တစ်လုံးမှ မပြောတတ်ပါဘူး။
(၂) ဥကပေါက်တဲ့ တိရိစ္ဆာန်တွေမှာ ချက်မရှိပါဘူး။
(၃) ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရပ်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်းဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်းများကို ကာကွယ်ရန်ဖြစ်သည်။
(၄) သင့်ခန္ဓာကိုယ်ထဲက ဆဲလ်တစ်လုံး ခန္ဓာကိုယ်တစ်ပတ်ပတ်တဲ့ချိန်က ၆၀ စက္ကန့်သာ ကြာမြင့်ပါတယ်။
(၅) လက်ရှိ ဖေ့စ်ဘွတ်အသုံးပြုနေသူအရေအတွက်ဟာ ၁၈၀၄ ခုနှစ်တုန်းက ကမ္ဘာ့လူဦးရေထက် ပိုများပါတယ်။
(၆) ငှက်ပျောသီးစားထားတဲ့လူတွေကို ခြင်ပိုကိုက်ပါတယ်။
(၇) မိန်းမတွေဟာ ယောကျ်ားတွေထက် မျက်တောင်နှစ်ဆပိုခတ်ပါတယ်။
(၈) ယောကျ်ားတွေက မိန်းမတွေထက်ပိုပြီး မကြာခဏကြို့ထိုးတတ်ပါတယ်။
(၉) ကမ္ဘာပေါ်မှာရှိတဲ့ တိရိစ္ဆာန်တွေအားလုံးအနက်မှာ သားပိုက်ကောင်တွေကသာ လေမလည်တာပါ။
(၁၀) Thomas Edison ဟာ လျှပ်စစ်မီးသီး နမူနာပုံစံထုတ်လုပ်ရာမှာ အကြိမ်ပေါင်း တစ်သောင်းအထိ မအောင်မြင်ခဲ့ပါဘူး။
ထူးထူးခြားခြား (၂)
===========
(၁၁) လူတစ်ယောက်ဟာ မွေးကင်းစမှာ အရိုးပေါင်း ၃၅၀ ရှိပြီးတော့ ကြီးထွားလာတဲ့အချိန်မှာ ၂၀၆ ချောင်းပဲ ရှိပါတော့တယ်။
(၁၂) တစ်လလျှင် ကွန်ပျူတာ ဗိုင်းရပ်စ် (Virus) ၆၀၀၀ ဝန်းကျင်ခန့် ထွက်ရှိလျက်ရှိပါတယ်။
(၁၃) ကြောင်တွေဟာ ချောကလက်စားရင် ဖျားနိုင်သလို အဆင်မသင့်ရင် အသက်တောင် သေနိုင်ပါတယ်။
(၁၄) အိမ်မက်မက်လေ IQ ပိုမြင့်လေပါ။
(၁၅) အင်တာနက်ပေါ်က ပုံတွေအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေရဲ့ ဝတ်လစ်စလစ်ပုံတွေဖြစ်ကြပါတယ်။
(၁၆) မျက်နှာပေါ်ပေါက်တဲ့အမွှေးက သင့်ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ဘယ်နေရာမဆို ပေါက်တဲ့အမွှေးထက်ပိုပြီး ရှည်တာမြန်ပါတယ်။
(၁၇) ဆင်တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ ၂ နှစ်ရှိပါတယ်။
(၁၈) လူတစ်ယောက်ဟာ သူသက်တမ်းတစ်လျောက်မှာ ထွေးခဲ့တဲ့တံတွေးစက်ပေါင်းဟာ ရေကူးကန် နှစ်ကန်စာလောက် ရှိပါတယ်။
(၁၉) အင်းဆက်ပိုးကောင်တွေကို ဖမ်းယူစားသောက်တဲ့ Venus fly trap အပင်တစ်ပင်ဟာ Cheeseburger တစ်လုံးကိုတောင် အစာချေချက်နိုင်ပါတယ်။
(၂၀) ပုရွက်ဆိတ်တွေဟာ ဘယ်တော့မှ မအိပ်စက်ကြပါဘူး။
ထူးထူးခြားခြား (၃)
===========
(၂၁) ပန်းပွင့်တွေဟာ ဂီတသံတွေကြားရရင် ပိုပြီးမြန်မြန်ကြီးလာပါတယ်။
(၂၂) အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နှလုံးခုန်နှုန်းမြန်ပါတယ်။
(၂၃) လိင်တူဆက်ဆံမှုဟာ နိုင်ငံပေါင်း ၈၆ နိုင်ငံမှာ ရာဇဝတ်မှုမြောက်ပါတယ်။ နိုင်ငံ ၇ နိုင်ငံမှာတော့ သေဒဏ်အထိပေးကြပါတယ်။
(၂၄) လက်ခလယ်က လက်သည်းရဲ့ရှည်ထွက်မှုက ကျန်တဲ့လက်ချောင်းများထက် ပိုအရှည်မြန်ပါတယ်။
(၂၅) လက်သည်းများရဲ့ ရှည်ထွက်မှုက ခြေသည်းများရဲ့ရှည်ထွက်မှုထက် လေးဆပိုပါတယ်။
(၂၆) ပျားထီးတွေဟာ မျိုးပွားပြီး(လိင်ဆက်ဆံပြီး)ရင် သေပါတယ်။
(၂၇) အကယ်၍သာ အေးတဲ့အခန်းထဲမှာ အိပ်ခဲ့ပါက အိမ်မက်ဆိုးမက်ဖို့ ဖြစ်နိုင်ချေရှိပါတယ်။
(၂၈) နို့တိုက်သတ္တဝါတွေထဲမှာ မခုန်နိုင်တဲ့ တစ်ကောင်တည်းသောသတ္တဝါကတော့ ဆင်ကြီးတွေပဲဖြစ်ပါတယ်။
(၂၉) ယောကျ်ားတွေမှာ မိန်းမတွေထက် အဆီကို ပိုမိုမြန်မြန််လောင်ကျွမ်းပါတယ်။ လောင်ကျွမ်းမှုနှုန်းကတော့ တစ်နေ့ကို ကယ်လိုရီ 50 ပါ။
(၃၀) ယောကျ်ားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပျဉ်းမျှအားဖြင့် သွေး 6.8 လီတာရှိပြီးတော့ မိန်းမတွေမှာတော့သွေး 5 လီတာသာ ရှိပါတယ်။
ထူးထူးခြားခြား (၄)
===========
(၃၁) ခဲဖျက်တွေမပေါ်ခင်က ခဲတံနဲ့ ရေးသားထားတာတွေကို ဖျက်ဖို့ ပေါင်မုန့်ကို အသုံးပြုခဲ့ကြပါတယ်။
(၃၂) ဂျက်ကီချမ်းဟာ သူ့မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ ၁၂ လအထိ နေခဲ့ရပါတယ်။
(၃၃) ကြွက်ကိုကလိထိုးရင် ကြွက်တွေရယ်ပါတယ်။
(၃၄) လူတစ်ယောက်ရဲ့ အူအရှည်က ပေ ၂၀ ကနေ ၂၃ ပေအထိ ပျဉ်းမျှ ရှိနိုင်ပါတယ်။
(၃၅) Microsoft စတင်တည်ထောင်သူဖြစ်တဲ့ Bill Gates ဟာ ကောလိပ်ကျောင်းက ထွက်ခဲ့ရဖူးပါတယ်။
(၃၆) သင့်အစာအိမ်ထဲက အက်စစ်က zinc ကိုတောင်အရည်ပျော်နိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါပေမယ့် သင့်အစာအိမ်ကို မဖျက်ဆီးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစာအိမ်နံရံက အမြဲတမ်း သူဘာသာသူ အသစ်ဖြစ်နေလို့ပါပဲ။
(၃၇) အင်္ဂလိပ်စကားလုံးတွေထဲမှာ mt နဲ့ဆုံးတဲ့စကားလုံးကတော့ Dreamt ဆိုတဲ့ စကားလုံးတစ်လုံးပဲရှိပါတယ်။
(၃၈) ဟစ်တလာကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် တစ်ကြိမ်အဆိုပြုခံရဖူးပါတယ်။
(၃၉) မျက်လုံးဖွင့်ပြီး နှာချေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
(၄၀) အတုံးဆက်တဲ့ Tetris ဂိမ်းလေးကို လူအများစု ဆော့ဖူးကြပါလိမ့်မယ်။ ဒီဂိမ်းကို ၈၀ ခုနှစ် အစောပိုင်းလောက်မှာ ရေးသားခဲ့ပြီး ကမ္ဘာအနှံ့ သန်း ၄၀ အရေအတွက်လောက်ရောင်းချခဲ့ရပါတယ်။ ဂိမ်းရေးသားသူဟာ ဒေါ်လာ ၈ သန်းလောက် ချမ်းသာသွားခဲ့ပါတယ်။
ထူးထူးခြားခြား (၅)
===========
(၄၁) ဝက်တွေဟာ အရက်စွဲနိုင်ပါတယ်။
(၄၂) သာမာန်လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ဆံပင် အချောင်း ၆၀ မှ ၁၀၀ အထိ ကျွတ်တတ်ပါတယ်။
(၄၃) နို့တိုက်သတ္တဝါတွေထဲမှာ ပျံနိုင်တာကတော့ လင်းနို့တွေပါ။
(၄၄) ၈၉ ရာခိုင်နှုန်းသော အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ ရင်းရင်းနှီးနှီးဆက်ဆံတဲ့အပြုအမူကို သူတို့ကို စိတ်ကစားနေတယ်လို့ မှားယွင်းထင်မြင်တတ်ကြပါတယ်။
(၄၅) လူတစ်ယောက်ရဲ့ လျာဗွေရာ နဲ့ လက်ဗွေရာက ထူးထူးခြားခြားတူညီနေပါတယ်။
(၄၆) ပျားတွေရဲ့ အကြိုက်ဆုံးအရောင်က ခရမ်းရောင်ဖြစ်ပါတယ်။
(၄၇) ရှေးဟောင်းဂျူးတွေရဲ့ ဓလေ့ထုံးစံအရ မိန်းကလေးတစ်ယောက် ဓမ္မတာစလာရင် သူမရဲ့ အမေက သူမပါးကိုရိုက်ရပါတယ်။
(၄၈) ပုံမှန် Web-page တစ်ခုရှိတိုင်း အညှီအဟောက် page ငါးခုလောက် ရှိနေကြပါတယ်။
(၄၉) ကြောင်တွေဟာ အသံကွဲပေါင်း (၁၀၀) ကျော်ပြုလုပ်နိုင်ပြီး ခွေးတွေကတော့ အသံကွဲ (၁၀) ခန့်သာ ပြုလုပ်နိုင်ပါတယ်။
(၅၀) ဆွီဒင်နိုင်ငံဟာ အင်တာနက်အသုံးပြုသူ ရာခိုင်နှုန်းအမြင့်ဆုံးနိုင်ငံဖြစ်ပြီး ၇၅ % ရှိပါတယ်။
ထူးထူးခြားခြား (၆)
===========
(၅၁) သစ်ကုလားအုတ်ရဲ့လျှာဟာ အမည်းရောင်ဖြစ်ပါတယ်။
(၅၂) သင့်ရဲ့နှာခေါင်းဟာ မတူညီတဲ့အနံ့ပေါင်း ၅၀,၀၀၀ လောက်ကို မှတ်မိနိုင်ပါတယ်။
(၅၃) သဘာဝပုလဲတွေဟာ ဗီနီကာထဲမှာ ပျော်ဝင်ပါသတဲ့။
(၅၄) ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေထုတ်လုပ်ရောင်းရချရာမှာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Hewlett Packard (HP) ဟာ ၁၉၃၉ ခုနှစ်က Palo Alto က ကားဂိုဒေါင်တစ်ခုမှာ စတင်ခဲ့တာဖြစ်ပါတယ်။
(၅၅) သမိုင်းမှတ်တမ်းဝင်ခဲ့တဲ့ အရှည်အကြာဆုံး အိမ်ထောင်ဟာ ၉၁ နှစ်နဲ့ ၁၂ ရက်ကြာ သက်တမ်းရှိပါတယ်။
(၅၆) သင့်ခန္ဓာကိုယ်ဟာ အစာအိမ်၊ သရက်ရွက်၊ ကျောက်ကပ်တစ်ခြမ်း၊ အူရဲ့ 80%၊ အသည်းရဲ့ 75% မရှိပဲနဲ့ အသက်ရှင်နိုင်ပါတယ်။
(၅၇) ဂျွန်လင်နွန်ရဲ့ သက်ရှိထင်ရှားရိုက်ထားတဲ့ နောက်ဆုံး ဓာတ်ပုံဟာ သူ့ကိုသတ်ခဲ့တဲ့ Mark Chapman နဲ့အတူပါရှိတဲ့ပုံဖြစ်ပါတယ်။
(၅၈) ဒိန်ချဉ်မှာတွေ့ရတဲ့ ဘက်တီးရီးယားတွေဟာ အမျိုးသမီး အင်္ဂါအတွင်းပိုင်းမှာတွေ့ရတဲ့ ဘက်တီးရီးယားတွေနဲ့ အတူတူပါပဲ။
(၅၉) Stewardesses ဟာ ဘယ်လက်တစ်ဖက်ထဲနဲ့ရိုက်နိုင်တဲ့ အရှည်ဆုံးစကားလုံးဖြစ်ပါတယ်။
(၆၀) ငှက်ပျောသီးဟာ ဘယ်ရီသီးအမျိုးအစားဖြစ်ပြီး စတော်ဘယ်ရီကတော့ ဘယ်ရီသီးမဟုတ်ပါဘူး။
ထူးထူးခြားခြား (၇)
===========
(၆၁) ကျီးကန်းတွေဟာ ငှက်တွေအားလုံးထဲမှာ ဉာဏ်ရည်အမြင့်ဆုံးဖြစ်ပါတယ်။
(၆၂) အရွယ်ရောက်ပြီးလူတစ်ယောက်ရဲ့ အရေပြားအလေးချိန်စုစုပေါင်းဟာ (၆) ပေါင်ခန့်ရှိပါတယ်။
(၆၃) ၁၉၆၄ ခုနှစ်မှာ Doug Engelbart ဟာ ပထမဆုံး ကွန်ပျူတာ mouse ကို တီထွင်ခဲ့ပြီး အဲ့ဒါဟာ သစ်သားနဲ့ လုပ်ထားတာဖြစ်ပါတယ်။
(၆၄) ငိုပြီးတဲ့အခါမှာ လူ ၈၈.၈ ရာခိုင်နှုန်းက နေသာထိုင်သာရှိသွားပါတယ်။
(၆၅) သံလွင်ပင်တွေဟာ နှစ်ပေါင်း (၁၅၀၀) တိုင်အောင် ရှင်သန်နေနိုင်ကြပါတယ်။
(၆၆) စံပြု command ဖြစ်တဲ့ Ctrl+Alt+Delete ကို David Bradley က ရေးသားခဲ့တာဖြစ်ပါတယ်။
(၆၇) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အသန်မာဆုံးကြွက်သားက လျှာဖြစ်ပြီး အမာကျောဆုံးအရိုးကတော့ မေးရိုးပါ။
(၆၈) ဆင်တွေဟာ သူတို့မိတ်ဆွေတွေသေဆုံးခဲ့တဲ့နေရာတွေကို ဝမ်းနည်းပူဆွေးငိုကြွေးဖို့ ပြန်သွားတတ်ပါတယ်။
(၆၉) သင်ဘယ်လောက်ပဲကြိုးစားပါစေ သင့်အိပ်မက်ဘယ်လိုစသလဲဆိုတာကို မမှတ်မိနိုင်ပါဘူး။
(၇၀) အနီရောင်ဟာ သင့်ကိုဆာလောင်စေပါတယ်။
Credit to: Myanmar Pyi Thar

Thursday, June 11, 2015

၁၃၅ ညီနောင် တိုင်းရင်းသားလူမျိုးများ



၁၉၈၃ခုနှစ်သန်းခေါင်စာရင်းအသုံးပြုခဲ့
သည့်တိုင်းရင်းသားလူမျိုးများအမည်
စာရင်းအရ
က။ကချင်စု။
၁။ ကချင် ၊ ၂။ ကရို ၊ ၃။ ကလောင်၊
၄။ ဂျိန်းဖော ၊ ၅။ဂေါ်ရီ၊၆။ခခု၊ ၇။ဒုရင်၊
၈။မရု(လောဂေါ်)၊ ၉။ရဝမ်၊ ၁၀။ရှီ(လာချစ်)၊၁၁။အဇီး၊ ၁၂။လီဆူး၊

ခ။ကယားစု။
၁။ကယား၊ ၂။ဇယိမ်း၊ ၃။ကယမ်း(ပဒေါင်း)၊ ၄။ဂေခို၊ ၅။ဂေဘာ၊ ၆။ပရဲ
(ကယော)၊ ၇။မနုမနော၊ ၈။ယင်းတလဲ၊
၉။ယင်းတော်၊
ဂ။ကရင်စု။
၁။ကရင်၊ ၂။ကရင်ဖြူ၊ ၃။ပလေကြီး(က
လေချီ)၊ ၄။မွန်ကရင်၊ ၅။စကော(ကရင်)၊
၆။တလှေပွာ၊ ၇။ပကူး၊ ၈။တွဲ၊ ၉။မောနေ
ပွား၊ ၁၀။မိုးပွာ၊ ၁၁။ပိုး (ကရင်)။
ဃ။ချင်းစု။
၁။ချင်း၊ ၂။မယ်တိုင်(ကသဲ)၊ ၃။ဆလိုင်း၊
၄။ကလင်တော(လူရှေ)၊ ၅။ခမီ၊၆။အောဝ
မီ၊ ၇။ခေါနိုး၊ ၈။ခေါင်စို၊ ၉။ခေါင်းဆိုင်ချင်
း၊၁၀။ခွာဆင်းမ်၊ ၁၁။ခွန်လီ(ခေါ်)ဆင်မ်၊
၁၂။ဂန်ဘဲ၊ ၁၃။ဂွေးတဲ၊ ၁၄။ဇွန်း၊
၁၅။ ဆီစာန်၊၁၆။ဆင်ထန်၊၁၇။ ဆိုင်းတန်
၊ ၁၈။ဇာတောင်၊ ၁၉။ဇိုထုံး၊ ၂၀။ဇိုဖေ၊
၂၁။ဇို၊ ၂၂။ဇန်ညှပ်(ဇန်န်ယပ်)၊
၂၃။တပေါင်း၊ ၂၄။တီးတိန်(တဲဒင်မ်)၊
၂၅။တေဇန်၊ ၂၆။တိုင်ချွန်း၊၂၇။တာဒိုး၊
၂၈။တောရ်၊ ၂၉။ဒင်မ်၊ ၃၀။ဒိုင်(ရင်ဒူး)၊
၃၁။နာဂ၊ ၃၂။တန်ဒူး၊ ၃၃။မာရင်၊
၃၄။ပနမ်း၊ ၃၅။မကန်း၊ ၃၆။မဟူး၊
၃၇။မီရမ်(ခေါ်)မရာ၊ ၃၈။မီအဲ၊ ၃၉။မွင်း၊
၄၀။လူးရိုင်း ၊ ၄၁။လေးမြို့၊ ၄၂။လင်တဲ၊
၄၃။လောက်ထူ၊ ၄၄။လှိုင်၊ ၄၅။လှိုင်ဇို၊
၄၆။ပါကင်းမ် (ခေါ်)မရိုး၊ ၄၇။ဟာလ်ငို၊
၄၈။အနူး၊ ၄၉။အနန်၊ ၅၀။အူပူ ၊၅၁။လျင်
တု၊ ၅၂။အရှိုချင်း(မြေပြန့်)၊ ၅၃။ရောင်ထု။
င။ဗမာစု။
၁။ဗမာ၊ ၂။ထားဝယ်၊ ၃။မြိတ် ၊၄။ယော၊
၅။ရဘိန်း၊ ၆။ ကခူး(ခုံကူး) ၇။ဂဏန်း၊
၈။ဆလုံ ၊ ၉။ဖုန်း(ဖွန်)
စ။မွန်စု။ ။၁။မွန်။
ဆ။ရခိုင်စု။
၁။ရခိုင်၊ ၂။ကမန် ၊ ၃။ခမွီး၊ ၄။ဒိုင်းနက်၊
၅။မာရမာကြီး၊ ၆။မြို ၊ ၇။သက်၊
ဇ။ရှမ်းစု။
၁။ရှမ်း၊ ၂။ယွန်း(လအို)၊ ၃။ကီ၊ ၄။ဖျင်၊
၅။သအို၊ ၆။စနော၊ ၇။ပလေး၊ ၈။အင်၊
၉။စုံ(ဆံ) ၊ ၁၀။မခူ၊၁၁။ကော်(အခါအီ
ကော)၊ ၁၂။ ကိုးကန့်၊ ၁၃။ခန္တီး(ရှမ်း)၊
၁၄။ဂုံ(ခွန်)၊ ၁၅။တောင်ရိုး၊၁၆။ဒနု၊
၁၇။ပလောင်၊၁၈။မြောင်ဇီး၊ ၁၉။ယင်းကြ
ား၊ ၂ဝ။ယင်းနက်၊ ၂၁။ရှမ်းကလေး၊
၂၂။ရှမ်းကြီး၊ ၂၃။လားဟူ၊ ၂၄။လွယ်လ၊
၂၅။ အင်းသား၊ ၂၆။အိုက်တွယ်၊
၂၇။ပအို့ဝ်(တောင်သူ)၊ ၂၈။တိုင်းလွယ်၊
၂၉။တိုင်းလျမ်၊ ၃၀။တိုင်းလုံ၊ ၃၁။တိုင်းေ
လ့၊ ၃၂။မိုင့်သာ၊ ၃၃။မောရှမ်း။
စသည်တို့ဖြစ်ကြပါတယ်ဗျား။
ဒုလ္လဘ(စစ်တွေ)
စာမျက်နှာမှ
ရွှေလည်မြေ ငြိမ်းချမ်း။

Thursday, May 14, 2015

မာရ်နတ်

မာရ်နတ်
☆☆☆☆☆



​၁-မာရ်ငါးပါး​ဆို​တာ မာရ်နတ်​ငါး​ယောက်​ကို​ပြော​တာ​လား ??
​၂-ဘုရား​မ​ရှိ​တော့​ပေ​မယ့် သိကြားမင်း​တို့​နတ်ပြည်​ကို
ဘာ​လို့​သွား​မ​သိမ်း​လဲ ??
​၃-ဘိက္ခု​နီ​သာသနာ​ကို​ကျ​တော့ ဘာ​လို့ မ​နှောက်​ယှက်​ခဲ့​တာ​လဲ ??
​၄-ဘုရား​ကို ပရိနိဗ္ဗာန်စံ​ခိုင်း​တာ မာရ်နတ်​အကြီး​မဟုတ်​ဘူး​လို့​ဆို​တယ်၊
မာရ်နတ်​သေး​သေး​လေး​တဲ့​မာရ်နတ်​ကြီး​က​သာ​စံ​ခိုင်း​ရင်​ချက်ချင်း​စံ​ရ​မှာ​ဆို​တာ​ဟုတ်​လား ??
​၅-မာရ်နတ် ခိုင်း​လို့ ပရိနိဗ္ဗာန်​ပြု​တာ​လား၊ ဝက်သား​စား​လို့​လား ??
​၆-မာရ်နတ်​အခု​ဘယ်​မှာ​လဲ ??
​၇-မာရ်နတ်​ကို နှောင့်​ယှက်​လို့​မ​ရအောင် ဘုရား​က​ဘာ​လို့ တန်ခိုး​နဲ့ မ​တား​လဲ ??
​၈-ရှင်​ဥ​ပ​ဂုတ်​ကမာ​ရ်​နတ်​ကို ဆုံးမ​တယ်​ဆို​တာ ဟုတ်​လား ??
မာရ်​ရဲ့​အကြောင်း​လေး အရ​င်​ရှင်း​ရအောင် မာရ်​ဆို​တာ မာ​ရ​ဆို​တဲ့ ပါဠိ​က​နေ​လာ​တာ မာ​ရ​ဆို​တာ သေ​ခြင်း၊ သေ​စေ​ခြင်း​လို့ အ​ဓိ​ပ္ပါ​ယ်​ရ​တယ်။
မာရ်​ဆို​တာ သေ​တတ်​တဲ့​သဘော သေ​အောင်​သတ်​တတ်​တဲ့​သဘော​ကို​ပြော​တာ။
☆☆မာရ် (၅)ပါး​ကို အကျဉ်း​လေး ပြော​ပြ​မယ်။
(၁) ကိ​လေ​သ​မာရ် (၂) ခ​န္ဓ​မာရ် (၃) မစ္စု​မာရ် (၄) အဘိ​သ​ခါ​ၤ​မာရ် (၅) ဒေ​ဝ​ပု​တ္တ​မာရ်
☆ ကိ​လေ​သ​မာရ် ဆို​တာ တစ်​ထောင့်​ငါးရာ​ကိလေသာ​တွေ​ကို​ပြော​တာ လောဘ၊ ဒေါသ၊ ဣ​ဿာ၊ မ​စ္ဆ​ရိ​ယ အစ​ရှိ​တဲ့ ကိလေသာ​တွေ​ဟာ စိတ်​ကို ပူလောင်​စေ​တတ်​တယ်၊ ညစ်နွမ်း​စေ​တတ်​တယ်၊ ပင်ပန်း​ဆင်းရဲ​အောင် နှိပ်စက်​တတ်​တယ်။
ဒီ​ကိလေသာ​တွေ ရှိ​နေ​သ​ရွေ့​ကတော့ သံသရာ​မှာ တလည်လည်​နဲ့ အ​မြဲ​သေ​နေ​ဦး​မှာ​ပဲ။
ဒီ​လို​သေ​စေ​တတ်​လို့ ကိလေသာ​ကို မာရ်​လို့​ခေါ်​တယ်။
☆ ခ​န္ဓ​မာရ် ဆို​တာ ဒီ​ခန္ဓာ ​၅​ပါး​ကို ပြော​တာ​ပဲ။ ခန္ဓာ​ရှိ​သ​ရွေ့ သေ​နေ​ဦး​မှာ​ပဲ။
ဘယ်​ခန္ဓာ​ဖြစ်​ဖြစ် သေ​နေ​ဦး​မှာ​ပဲ။
သေ​တတ်​လို့ ခန္ဓာ ​၅​ပါး​ကို မာရ်​လို့​ခေါ်​တယ်။
☆ မစ္စု​မာရ် ဆို​တာ သေ​ခြင်း​တရား​ပါ​ပဲ။ မရဏ​ကို​ပြော​တာ​ပေါ့။
သေ​တတ်​တဲ့ မစ္စု​ကို မာရ်​လို့​ခေါ်​တယ်။
☆ အဘိ​သ​ခါ​ၤ​မာရ် ဆို​တာ ကိုယ်​ပြု​ထား​တဲ့ ကုသိုလ်​ကံ၊ အကုသိုလ်​ကံ​တွေ​ကို​ပြော​တာ။
ကုသိုလ်​ကံ​ကြောင့် ကောင်း​တဲ့​ဘဝ​ရောက်​မယ်။ အကုသိုလ်​ကံ​ကြောင့် မ​ကောင်း​တဲ့​ဘဝ ရောက်​မယ်။ ဘယ်​ဘဝ​ရောက်​ရောက် သေ​မှာ​ပဲ။
သေ​စေ​တတ်​လို့ အဘိ​သ​ခါ​ၤ​ကို မာရ်​လို့ ခေါ်​တယ်။
☆ ဒေ​ဝ​ပု​တ္တ မာရ်​ဆို​တာ မာရ်နတ်​ကို ပြော​တာ။
မာရ်နတ်​ဟာ သတ္တဝါ​တွေ သံသရာ​ဝဋ်​က လွတ်​မှာ​ကြောက်​တယ်။
​၃​၁​ဘုံ ဘယ်​ကို​သွား​သွား သူ​သဘောကျ​တယ်။
လွတ်​ထွက်​သွား​မှာ​ကြောက်​လို့ လွတ်​ကြော​င်း​လုပ်​ရင် နှောင့်​ယှက်​တယ်။
မာရ်နတ် အနှောင့်​အယှက် ခံ​ရ​ရင် သံသရာ​လွတ်​ကြော​င်း မ​လုပ်​ဖြစ်​တော့​ဘူး။
​၃​၁​ဘုံ​မှာ​ပဲ ပျော်မွေ့​တော့​တယ်။ ဘယ်​ဘုံ​ဖြစ်​ဖြစ် သေ​မှာ​ပဲ။
ဒီ​လို​သေ​စေ​တတ်​လို့ ​ဒေ​ဝ​ပု​တ္တ​မာရ်နတ်​ဟာ​လည်း မာရ်​ပါ​ပဲ။
ဒီ​တော့ မာရ်ငါးပါး​ဆို​တာ​ကမာ​ရ်​နတ် ငါး​ပါး​ကို​ပြော​တာ​မဟုတ်​ပါ​ဘူး။
မာရ်နတ်​က​လည်း ငါး​ယောက်မ​က ရှိ​နေ​နိုင်​ပါ​တယ်။
ဘုရား​နဲ့​သံဃာ​တွေ​ကို နှောင့်​ယှက်​တဲ့ မာရ်နတ်​ကတော့ သူ​တစ်​ယောက်​တည်း​ပါ​ပဲ။
​၁ ရဲ့​အဖြေ ပြီး​ပါ​ပြီ။
မာရ်နတ်​ဟာ နတ်ပြည် ​၆​ထပ်​မှာ အထက်​ဆုံး နတ်ဘုံ​မှာ​နေ​တယ်။
နတ်ပြည် ​၆​ထပ်​ရဲ့ စည်းစိမ်​နဲ့ သက်​တမ်း​လေး နည်း​နည်း​ပြော​ပြ​မယ်။
☆စတုမဟာရာဇ်​နတ်ပြည်​ဆို​တာ မြင်းမိုရ်​တောင်​ရဲ့ အလယ်​မှာ​ရှိ​တယ်။
ဓ​တ​ရ​ဋ္ဌ၊ ​ဝိ​ရု​ဠှ​က၊ ​ဝိ​ရူပ​က္ခ၊ ကု​ဝေ​ရ​ဆို​တဲ့ နတ်​မင်းကြီး လေး​ပါး​က အုပ်ချုပ်​တယ်။
စတုမဟာရာဇ်​နတ်​တွေ​ဆို​တာ အလွန်​တန်ခိုးကြီး​တယ်။
သက်​တမ်း​က နှစ်​ပေါင်း ​၅​၀​၀ ရှိ​တယ်။
လူ​သက်​နဲ့​ဆို အနှစ် ​၉​သန်း​ရှိ​တယ်။
☆တာဝတိံသာ သူ့​ထက်​ပို​ပြီး​မြင့်​တယ်။ မြင်းမိုရ်​တောင်ထိပ်​မှာ ရှိ​တယ်။
သိကြားမင်း ဦး​မ​ဃ​နဲ့​တ​ကွ ​၃​၃​ယောက်​သော​နတ်​မင်းကြီး​တို့ အုပ်စိုး​တယ်။
အခေါင်​နတ်​မင်း​ကတော့ ဦး​မ​ဃ​ပဲ။ (မာဃ​မဟုတ် မ​ဃ​သာ​အမှန်)
တခြား​နတ်​မင်း​တွေ​လည်း​ရှိ​တယ်။ နတ်​သားတစ်​ယောက်​တောင်​မှ နတ်​သမီး​အခြွေအရံ
​၅​၀​၀ ခြံရံ​ပြီး ကာမဂုဏ်​ချမ်းသာ​ကို ခံစား​တယ်။
သက်​တမ်း​က နှစ်​၁​၀​၀​၀ လူ​လို​တွက်​ရင် ​၃​ကုဋေ​၆​သန်း​ရှိ​တယ်။
☆ယာမာ​က​နေ​စ​ပြီး ဘုံ​ဗိ​မာန်​တွေ​ဟာ ကောင်းကင်​ယံ​မှာ​တည်​တယ်။
ယာမာ​နတ်​တွေ​ကို ဆင်းရဲ​ခြင်း​ကင်း​သော​နတ်​တွေ​လို့​ခေါ်​တယ်။
နတ်​ချမ်းသာ​ကို​ချ​ည့် သီး​သန့်​ခံစား​တဲ့​နတ်​တွေ။
သက်​တမ်း​က နှစ် ​၂​၀​၀​၀ လူ​လို​တွက်​ရင် ​၁​၄​ကုဋေ​၄​သန်း​ရှိ​တယ်။
နတ်ဘုံ​တိုင်း​မှာ ကိုယ့် နတ်​မင်းကြီး​နဲ့​ကိုယ်​ရှိ​တယ်။
ယာမာ နတ်ပြည်​အတွက်​တော့ သု​ယာ​မန​တ်​မင်း​က အခေါင်​နတ်​မင်းကြီး​ပဲ။
☆တု​သိ​တာ​နတ်ပြည်​ဆို​တာ အလွန်​နှစ်သက်​ရွှင်လန်း​တယ်။
ဘုရားလောင်း​နဲ့ မယ်တော်​ဟောင်း​တွေ​ဒီ​ဘုံ​မှာ လာ​ဖြစ်​ကြ​တယ်။
အခေါင်​နတ်​မင်းကြီး​က သ​န္တု​ဿိ​တန​တ်​မင်းပဲ။
သက်​တမ်း​က နှစ် ​၄​၀​၀​၀ လူ​လို​ဆို ​၅​၇​ကုဋေ​၆​သန်း​ရှိ​တယ်။
☆နိမ္မာနရတိ​နတ်ပြည်​ဆို​တာ ကိုယ့်​စည်းစိမ်​ကိုယ်​စိတ်​ကြိုက် ဖန်တီး​လို့​ရ​တယ်။
အောက်​က​နတ်ပြည်​တွေ​က ကိုယ့်​ကုသိုလ်​ကံ​အလိုက် ဘုံ​ဗိ​မာန် အစ​ရှိ​သ​ဖြင့် ရ​တယ်။
ဒီ​နတ်ပြည်​ကတော့ စိတ်​ကြိုက် ဖန်တီး​ပြီး ခံစား​လို့​ရ​တယ်။
လို​တာ​ထက်​ပို​ပြီး​ခံစား​လို့​ရ​တယ်။
သက်​တမ်း​က နှစ် ​၈​၀​၀​၀ လူ​လို​ဆို ​၂​၃​ဝ​ကုဋေ​၄​သန်း​ရှိ​တယ်။
ကျောင်းတကာ​မ​ကြီး ​ဝိ​သာ​ခါ သေ​တော့ ဒီ​ဘုံ​ကို ရောက်​တယ်။
☆ပ​ရ​နိမ္မိတ​ဝ​ဿ​ဝ​တီ​နတ်ပြည်​က နတ်ပြည် ​၆​ထပ်​မှာ အမြင့်​ဆုံး​ပဲ။
စည်းစိမ်​က​လည်း ကိုယ်တိုင်​တောင်​ဖန်ဆင်း​စရာ​မ​လို​ဘူး။
ကျွန်​အစေအပါး​နတ်​တွေ​က ဖန်ဆင်း​ပေး​တယ်။
သူ​တို့​က လို​တာ​ထက်​ပို​ပြီး ခံစား​ချင်​ရင်တောင် သူ​များ​ဖန်ဆင်း​ပေး​ရ​တယ်။
သက်​တမ်း​က နှစ်​ပေါင်း ​၁​၆​၀​၀​၀ လူ​လို ​၉​၂​၁​သန်း​အထိ ရှည်​ကြာ​တယ်။
မာရ်နတ်​က ဒီ​ဘုံ​မှာ​နေ​တယ်။ အခေါင်​နတ်​မင်းကြီး​တော့ မဟုတ်​ဘူး။
မာရ်နတ်သား​ပဲ။ အခေါင်​နတ်​မင်းကြီး​က ဝ​ဿ​ဝ​တီ​နတ်​မင်းကြီး သပ်သပ်​ရှိ​တယ်။
မာရ်နတ်​ကို စင်​ပြိုင်​လို့​တော့ သတ်​မှတ်​လို့​ရ​တယ်။ သူ့​တပည့်​တွေ​က များ​တာ​ကိုး။
ဗိုလ်​ဆို​လည်း သူပုန်​ဗိုလ်​ပဲ​ဆို​ပါ​တော့။
မာရ်နတ်​က ပုံ​ထဲ​က​လို ရုပ်​ဆိုး​ဆိုး​မဟုတ်​ပါ​ဘူး။
ကာ​မာ​ဝ​စ​ရ​နတ်ပြည် ​၆​ထပ်​မှာ အ​ချော​အ​လှ​ဆုံး​နတ်​တွေ​ထဲ​က တစ်ပါး​ပါ။
အားကြီး​တဲ့ ကုသိုလ်​ကံ​တွေ ပြု​ခဲ့​ဖူး​သူ​ပါ။
ဒီ​လောက်​ဆို မာရ်နတ်​က သိကြားမင်း​ကို ဘာ​လို့ သွား​ပြီး မ​တိုက်ခိုက် မ​သိမ်းပိုက်​သလဲ
သိ​လောက်​ပြီ​ပေါ့နော်။
သူ့​နေရာ​လောက်​မှ စည်းစိမ်​ချမ်းသာ​မ​ရှိ။ သက်​တမ်း​မ​ရှည်​တဲ့​နေရာ​ကို သူ​က​ဘာ​လုပ်​ဖို့​လာ​သိမ်း​မ​လဲ။ မာရ်နတ်​က ဒီ​လောက်​မ​အ​ဘူး​လေ။
​၂ ရဲ့​အဖြေ​ပြီး​ပါ​ပြီ​မာရ်နတ်​ဆို​တာ သံသရာ​လွတ်​ကြော​င်း​က​လွဲ​ရင် ဘာ​လုပ်​လုပ် အ​မြဲ​အကောင်း​မြင်​တယ်။
သံသရာ​လွတ်​ကြော​င်း လုပ်​လို့​ကတော့ နည်း​မျိုး​စုံ​နဲ့​တား​တယ်။
သိ​ဒ္ဓ​တ္ထ​မင်းသား တောထွက်​ချိန်​မှာ​လည်း တား​ခဲ့​တယ်။
ဘုရား​ဖြစ်​ကာ​နီး​ချိန်​မှာ​လည်း လေ​ကြီး​မိုး​ကြီး ပြာ​ပူ​မီး​နဲ့ မှောင်​ကြီး​တစ်​တန်
ဓား​လှံမ​ကြွင်း ပစ်ခတ်​ခွင်း​ပြီး နှောင့်​ယှက်​တယ်။
ဘေး​နား​မှာ​ရှိ​နေ​တဲ့ ဘုရား​ဖြစ်​တာ​နဲ့ ကြိုဆို​မယ့်​သူ​တွေ
ထွက်ပြေး​ကြ​တယ်။
သိကြားမင်း​က ခရုသင်း၊ ဗြဟ္မာ​မင်း​က ထီးဖြူ၊ ပဉ္စ​သိ​င်္ခ​နတ်​မင်း​က ​ဗေ​လု​ဝ​စောင်း။
ကိုယ့်​ပစ္စည်း ဘယ်​နားကျ​န်​မှန်း​တောင်​မ​သိ​အောင် ထွက်ပြေး​ကြ​တယ်။
(တကယ်​တော့ ​ဗေ​လု​ဝ​စောင်း​က မာရ်နတ်​ရဲ့​အပိုင် ဘုရားလောင်း ​၆​နှစ်​လုံး​လုံး
အပြစ်​လုပ်​ရင်​ထောက်​ပြ​ပြီး ပျော်​ပျော်ပါး​ပါး​တီး​ဖို့ ဂျိုင်း​ကြား​ညှပ်​လာ​တာ။
​၆​နှစ်​လုံး အပြစ်​တစ်​ချက်​မှ မ​ရှိ​တဲ့ ဘုရားလောင်း​ကို စိတ်ပျက်​လက်ပျက်
စောင့်​ကြည့်​ရင်း​က ထွက်​ကျနေ​ခဲ့​တာ။ ဒါ​ကို​သိကြားမင်း​က ကောက်​ပြီး ပဉ္စ​သိ​င်္ခ​နတ်​မင်းကို
ပေးလိုက်​တာ ###
^^^ဒီ​နေရာ​မှာ​က ကျမ်း​ညှိ​စရာ​တွေ​များ​တာ​ရယ် ပို့​စ်​နဲ့​လည်း​သိပ်​မ​ဆိုင်​လို့​ဒီ​လောက်​ပါ​ပဲ)
သမီး​တော် သုံး​ယောက်​ရဲ့ အ​လှ​အပ၊ အ​တွေ့​အထိ၊ အမွှေး​နံ့သာ၊ အရက်သေစာ
မျိုး​စုံ​နဲ့ နှောင့်​ယှက်​တယ်။
မရဘူး။
အရုဏ်တက်​ချိန်​မှာ​ပဲ အရ​ဟ​တ္တ​ဖိုလ်​အ​ထွတ်​တပ်​တဲ့ အာသဝေါ​တရား​တို့ အမြစ်​မ​ကျန်
ဖယ်ရှား​ပြီး သဗ္ဗညုတ​ဉာဏ်​ကို ရ​သွား​တယ်။
ဒီ​တော့ သတ္တ​သ​တ္တာ​ဟ ​၄​၉​ရက်​ရဲ့ အလွန် အ​ဋ္ဌ​မ​သ​တ္တာ​ဟ အ​ဇ​ပါ​လ​ညောင်​ပင်​ကို
ဘုရား​နောက်​တ​ဖန် ပြန်​ရောက်​ချိန်​မှာ မာရ်နတ်​က အ​ချို​သပ်​နဲ့ လာ​တောင်းပန်​တယ်။
အရှင်ဘုရား​အနေ​နဲ့ အရ​ဟ​တ္တ​ဖိုလ်​လည်း တိုင်​ပါ​ပြီ​ဘုရား။
အရှင်ဘုရား ပရိနိဗ္ဗာန်​ပြု​ပါ​တော့​လို့ လာ​တောင်းပန်​တယ်။
ဘုရား​က ပြန်ပြော​တယ်။
ငါ​ဘုရား​မှာ ဘိက္ခု၊ ဘိက္ခု​နီ၊ ဥပါသကာ၊ ဥပါ​သိ​ကာ ပရိသတ်
လေး​ပါး​တို့​က တရား​တွေ​ကို
- ပိုင်​ပိုင်နိုင်​နိုင်​မ​ဆောင်ရွက်​နိုင်​ကြ​သေး​ဘူး​ဆို​လျှင်
- သူ​တ​ပါး​ကို မ​ဟောပြော​နိုင်​သေး​ဘူး​ဆို​လျှင်
- ဆန့်ကျင်ဘက်​လာ​ပြော​လို့​မှ မ​နှိမ်​နင်း​နိုင်​သေး​ဘူး​ဆို​လျှင်
ဂုဏ်​အရည်အချင်း​မ​ပြည့်​သေး​သ​ရွေ့
ပရိနိဗ္ဗာန်​မ​ပြု​သေး​ဘူး​လို့ ငြင်း​ခဲ့​တယ်။
မာရ်နတ်​စိတ်ပျက်​ပျက်​နဲ့ ပြန်သွား​တယ်။
ကြား​ကာလ​တွေ​မှာ ကြုံ​ရင်​ကြုံ​သ​လို နှောင့်​ယှက်​တယ်။
ဘုရား​က မာရ်နတ်​အပေါ်​မှာ​ရော ကျန်​သတ္တဝါ​တွေ​အပေါ်​မှာ​ရော မေတ္တာ​ထား​တယ်။
အနှောင့်​အယှက်​တွေ​ကို ဂရု​မ​စိုက်​ပဲ ဆက်လက် တရား​ပြ​တယ်။
သတ္တဝါ​တွေ​အပေါ်​မှာ ကရုဏာ​ထား​ပြီး တရား​ပြ​တယ်။
မာရ်နတ်​နှောင့်​ယှက်​သ​မျှ​ကို ဥပေက္ခာ​နဲ့ ခွင့်လွှတ်​ပေး​ခဲ့​တယ်။
(မာရ်နတ် မ​နှောင့်​ယှက်​နိုင်​အောင် ချုပ်ထား​တာ​ပဲ ဖြစ်​ဖြစ်
မ​လုပ်​ရ​ခြင်း​အကြောင်း နောက်မှ ထင်ရှား​ပါ​လိမ့်​မယ်)
ဘိက္ခု​နီ​သာသနာ​အတွက် မိထွေး​တော်​ဂေါ​တ​မီ​တို့ ကြိုးစား​နေ​ချိန်​မှာ
မာရ်နတ်​မ​နှောင့်​ယှက်​ရ​တဲ့​အကြောင်း​ကတော့ ဘိက္ခု​နီ​သာသနာ​ပေါ်​မှ
ပရိသတ် ​၄​ပါး​စုံ​မယ်။ ဒီပ​ရိ​သတ်​လေး​ပါး​စုံ​ပြီး​မှ ဘုရား​ပရိနိဗ္ဗာန်​ပြု​မှာ​မို့
မ​နှောက်​ယှက်​ခဲ့​တာ​ပါ။
​၃ ရဲ့ အဖြေ​ပြီး​ပါ​ပြီ
ပရိနိဗ္ဗာန်​မ​ပြု​ခင် ​၃​လ အလို​မှာ တစ်​ခါ​လာ​တောင်းပန်​တယ်။
အရှင်ဘုရား အ​ဋ္ဌ​မ​သ​တ္တာ​ဟ​မှာ​ပြော​ခဲ့​တဲ့
ငါ​ဘုရား​မှာ ဘိက္ခု၊ ဘိက္ခု​နီ၊ ဥပါသကာ၊ ဥပါ​သိ​ကာ ပရိသတ် လေး​ပါး​တို့​က
တရား​တွေ​ကို
- ပိုင်​ပိုင်နိုင်​နိုင်​မ​ဆောင်ရွက်​နိုင်​ကြ​သေး​ဘူး​ဆို​လျှင်
- သူ​တ​ပါး​ကို မ​ဟောပြော​နိုင်​သေး​ဘူး​ဆို​လျှင်
- ဆန့်ကျင်ဘက်​လာ​ပြော​လို့​မှ မ​နှိမ်​နင်း​နိုင်​သေး​ဘူး​ဆို​လျှင်
ဂုဏ်​အရည်အချင်း​မ​ပြည့်​သေး​သ​ရွေ့
ပရိနိဗ္ဗာန်​မ​ပြု​သေး​ဘူး​ဆို​တဲ့​စကား မှတ်မိ​ပါ​သလား​ဘုရား။
ယခု​အခါ​တွင် အရှင်ဘုရား​၌
ပရိသတ်​လေး​ပါး​မှာ ဘိက္ခု​ပရိသတ်​သည် ဗုဒ္ဓ​တရား​တော်​ကို ပိုင်​ပိုင်နိုင်​နိုင်​ဆောင်ရွက်​မှတ်သား​၍ သူ​တ​ပါး​တို့​ကို​လည်း ဟောပြော​နိုင်​ပါ​ပြီ။ ဆန့်ကျင်ဘက်​ပြော​လာ​သူ​တို့​ကို​လည်း တရား​သ​ဖြင့်​နှိမ်​နင်း​ပြီး အကျိုးအကြောင်း​နှင့်​တ​ကွ တရား​ကို ဟော​ပြ​နိုင်​ပါ​ပြီ
ပရိနိဗ္ဗာန်စံ​ယူ​ရန် အချိန်​အခါ သင့်​ပါ​ပြီ။ ပရိနိဗ္ဗာန် စံတော်​မူ​ပါ​တော့​ဘုရား။
ဘိက္ခု​နီ​ပရိသတ်​သည် ဗုဒ္ဓ​တရား​တော်​ကို ပိုင်​ပိုင်နိုင်​နိုင်​ဆောင်ရွက်​မှတ်သား​၍ သူ​တ​ပါး​တို့​ကို​လည်း ဟောပြော​နိုင်​ပါ​ပြီ။ ဆန့်ကျင်ဘက်​ပြော​လာ​သူ​တို့​ကို​လည်း တရား​သ​ဖြင့်​နှိမ်​နင်း​ပြီး အကျိုးအကြောင်း​နှင့်​တ​ကွ တရား​ကို ဟော​ပြ​နိုင်​ပါ​ပြီ
ပရိနိဗ္ဗာန်စံ​ယူ​ရန် အချိန်​အခါ သင့်​ပါ​ပြီ။ ပရိနိဗ္ဗာန်
စံတော်​မူ​ပါ​တော့​ဘုရား။ဥပါသကာ​ပရိသတ်​သည် ဗုဒ္ဓ​တရား​တော်​ကို ပိုင်​ပိုင်နိုင်​နိုင်​ဆောင်ရွက်​မှတ်သား​၍ သူ​တ​ပါး​တို့​ကို​လည်း ဟောပြော​နိုင်​ပါ​ပြီ။ ဆန့်ကျင်ဘက်​ပြော​လာ​သူ​တို့​ကို​လည်း တရား​သ​ဖြင့်​နှိမ်​နင်း​ပြီး အကျိုးအကြောင်း​နှင့်​တ​ကွ တရား​ကို ဟော​ပြ​နိုင်​ပါ​ပြီ
ပရိနိဗ္ဗာန်စံ​ယူ​ရန် အချိန်​အခါ သင့်​ပါ​ပြီ။
ပရိနိဗ္ဗာန် စံတော်​မူ​ပါ​တော့​ဘုရား။
ဥပါ​သိ​ကာ​ပရိသတ်​သည် ဗုဒ္ဓ​တရား​တော်​ကို ပိုင်​ပိုင်နိုင်​နိုင်​ဆောင်ရွက်​မှတ်သား​၍ သူ​တ​ပါး​တို့​ကို​လည်း
ဟောပြော​နိုင်​ပါ​ပြီ။ ဆန့်ကျင်ဘက်​ပြော​လာ​သူ​တို့​ကို​လည်း တရား​သ​ဖြင့်​နှိမ်​နင်း​ပြီး အကျိုးအကြောင်း​နှင့်​တ​ကွ တရား​ကို
ဟော​ပြ​နိုင်​ပါ​ပြီ​ပရိနိဗ္ဗာန်စံ​ယူ​ရန် အချိန်​အခါ သင့်​ပါ​ပြီ။
ပရိနိဗ္ဗာန် စံတော်​မူ​ပါ​တော့​ဘုရား။
ဒီ​လို​မျိုး ပြည်​စုံ​ပုံပြ​ပြီး ပရိနိဗ္ဗာန်စံ​ဖို့ လျှောက်​တယ်။
ဒီ​တော့ ဘုရား​ပရိနိဗ္ဗာန်စံ​ဖို့ လာ​လျှောက်​တာ ဒီ​မာရ်နတ်​ပါ​ပဲ။
ဘုရား​ပရိနိဗ္ဗာန်စံ​မယ့်​ကိစ္စ​က ဘုရား​ရဲ့​ကိစ္စ​သာ​ဖြစ်​ပါ​တယ်။
ဘယ်​သူ​စံ​ခိုင်း​လို့​မှ​လည်း မဟုတ်​ပါ​ဘူး။
ဒီ​အချိန်​မှာ ဘုရား​ရဲ့​သက်​တော်​ဟာ ​၈​ဝ​အတွင်း​ကို
ချဉ်း​နင်း​ဝင်​ရောက်​နေ​ပြီ။၈​၀ ပြည့်​ဖို့ ​၃​လ​ပဲ လို​တော့​တယ်။ ဘုရားရှင်​တိုင်း​ဟာ သက်​တမ်း​ရဲ့ ​၅​ပုံ ​၄​ပုံ​မှာ​ပဲ ပရိနိဗ္ဗာန်စံ​လေ့​ရှိ​တယ်။
ဘုရားရှင်​ရဲ့ ပစ္ဆိမ​သာဝက​ဖြစ်​တဲ့ သု​ဘ​ဒ္ဒ​ပ​ရ​ဗို​ဇ်​က​လည်း​နောက်​သုံး​လ​နေ​မှ ဉာဏ်​ရင့်​မယ်။တရားဟော​လို့​ရ​မယ်။လွန်​ခဲ့​တဲ့ ​၇​လ​တုန်း​က
သေ​လောက်​တဲ့ သွေး​ဝမ်း​သွန်​ရောဂါ​ကို အာ​ယု​ပါ​လ​က​ဖ​လ​သ​မာ​ပတ်​နဲ့
​၁​၀ လတာ​ထိန်း​တာ​က​လည်း နောက်​သုံး​လ​ဆို ပြည့်​ပြီ။
ပရိနိဗ္ဗာန်စံ​ယူ​လောက်​အောင် ပြင်းထန်​တဲ့ သွေး​ဝမ်း​သွန်​ရောဂါ​ဟာ​လည်း ပြန်​ပေါ်​တော့​မယ်။
ပြန်​ပေါ်လာ​တဲ့ ရောဂါ​ကို အာ​ယု​ပါ​လ​က​ဖ​လ​သ​မာ​ပတ်​နဲ့ ပြန်​ထိန်း​ချင်​လည်း​ရ​တယ်။မ​ထိန်း​တော့​ပဲ အနု​ပါ​ဒိ​သေ​သ ပရိနိဗ္ဗာန်​ဝင်​စံ​လိုက်​လည်း​ရ​တယ်။
အရ​င်​က ဖ​လ​သ​မာ​ပတ်​သုံး​ပြီး​ရောဂါ​ကို​ထိန်း​တာ​ဟာ ပစ္ဆိမ​သာဝက​ကို
တရားဟော​ဖို့ မ​မီ​မှာ​စိုး​လို့။အခု​က​ပစ္ဆိမ​သာဝက​ကို​တရားဟော​မီ​တဲ့​အတွက် မ​ထိန်း​တော့​ဘူး ပရိနိဗ္ဗာန်စံ​တော့​မယ်။ဒီ​တော့ ဘုရား​ပရိနိဗ္ဗာန်စံ​တာ မာရ်နတ်​ကြောင့်​လည်း မဟုတ်​ဘူး သူ​ကရ​မ​ဒ္ဒ​ဝ​ကြောင့်​လည်း​မဟုတ်​ပါ​ဘူး။
(သူ​ကရ​မ​ဒ္ဒ​ဝ​ကို ဝက်သား​မဟုတ်​ကြော​င်း ကျမ်း​များ​စွာ​တို့​မှာ
ရှင်းလင်း​ထား​တာ​တွေ့​ရ​ပါ​တယ်။ ပို့​စ်​နဲ့​မ​ဆိုင်​လို့ မ​ရေး​တော့​ပါ​ဘူး)
မာရ်နတ်​က​လည်း လာ​လာ​နှောင့်​ယှက်​နေ​တာ ဒီ​တစ်​ယောက်​တည်း​ပါ။
ပရိနိဗ္ဗာန်​မ​စံ​ခင် ​၁​ဝ​လ အလို (အာ​ယု​သ​ခါ​ၤ​ရ​မ​လွှတ်​ခင် ​၇​လ အလို) ကတည်းက​ပရိနိဗ္ဗာန်စံ​စရာ ရောဂါ​ဝေဒနာ သွေး​ဝမ်း​သွန်​မှု ဖြစ်​နေ​ပြီး​ဖြစ်​ပါ​တယ်။အချိန်​တန်​ပြီ​မို့ ပရိနိဗ္ဗာန်စံ​ကြော​င်း သိ​လောက်​ပါ​ပြီ။
​၄​နဲ့ ​၅ ရဲ့ အဖြေ ပြီး​ပါ​ပြီ
[[သူ​ကရ​မ​ဒ္ဒ​ဝ​ဟာ သွေး​ဝမ်း​သွန်​စေ​ခဲ့​တာ​မဟုတ်​ပဲ
သွေး​ဝမ်း​သွန်​လို့ လျော့​သွား​တဲ့​အာဟာရ၊
ဆုတ်ယုတ်​သွား​တဲ့​ခွန်အား​တွေ​ကို ပြန်လည်​ဖြည့်တင်း​ပေး​ခဲ့​တာ​ပါ။
အကယ်၍​သာ သူ​ကရ​မ​ဒ္ဒ​ဝ​ကို ကြိုတင်​မှီဝဲ​ထား​ခြင်း​မ​ရှိ​ရင်
သွေး​ဝမ်း​သွန်​ပြီး​ချက်ချင်း​တောင်​ပရိနိဗ္ဗာန်စံ​သွား​နိုင်​ပါ​တယ်။
ခု​တော့ သူ​ကရ​မ​ဒ္ဒ​ဝ​ရဲ့​အာဟာရ​က
ကု​သိ​နာ​ရုံ​အထိ​ခြေကျင်​ကြွ​သ​သွား​နိုင်​ပါ​သေး​တယ်။
သူ​ကရ​မ​ဒ္ဒ​ဝ​ကို သုံးဆောင်​မိ​လို့ အာဟာရ​ရှိ​ပြီး နေ​နိုင်​တာ​ကို သူ​ကရ​မ​ဒ္ဒ​ဝ​ကြောင့်​သွေး​ဝမ်း​သွန်​တယ်​ထင်​ရင်​တော့ မှား​ပါ​လိမ့်​မယ်။
ဒီ​သူ​ကရ​မ​ဒ္ဒ​ဝ​ဟာ ဘုရား​မ​ဖြစ်​ခင် အာဟာရ​ဖြည့်တင်း​တဲ့ သု​ဇာတာ​ရဲ့ ဃ​နာ​နို့​ဆွမ်း​လို​ပဲ​အကျိုး​ကျေးဇူး​ကြီးမား​ကြော​င်း​ပြော​ခဲ့​ပါ​တယ်။ ]]
ဒီ​တော့ အကြောင်း​စုံညီ​နေ​ပြီ​ဖြစ်​တဲ့​နောက် ​၃​လ​ကို ဘုရား​ပရိနိဗ္ဗာန်စံ​တော့​မှာ​ဖြစ်​လို့​မာရ်နတ်​က ပရိနိဗ္ဗာန်​ပြု​ဖို့ လာ​လျှောက်​ချိန်​မှာ ဘုရား​က -မာရ်နတ်​ရေ ငါ​ဘုရား​ပရိနိဗ္ဗာန်​ပြု​မယ့်
ကိစ္စ​မှာ မင်း​ကြောင့်ကြ​စိုက်​မ​နေ​နဲ့​တော့
နောက် ​၃​လ​နေ​ရင် ငါ​ဘုရား ပရိနိဗ္ဗာန်​ပြု​တော့​မယ်။
ဒီ​လို​ပြော​ပြီး အာ​ယု​သ​ခါ​ၤ​ရ​ကို​လွှတ်လိုက်​ပါ​တော့​တယ်။
ဒီ​လို အာ​ယု​သ​ခါ​ၤ​ရ​ကို လွှတ်လိုက်​တဲ့​အခါ​မှာ ကြောက်​စရာ​ကောင်း​ကြက်သီး​မွေး​ညှင်း
ထ​လောက်​အောင် မြေ​ငလျင်​အကြီး​အကျ​ယ်​လှုပ်​တယ်။
မိုး​တွေ​ချုန်း လျှပ်​စီး​တွေ လက်​တယ်။
မြတ်​စွာ​ဘုရား​ကိုယ်တော်​တိုင်​တော့ ပရိနိဗ္ဗာန်​ပြု​ဖို့ နီး​ကပ်​ပြီ​မို့
နှစ်သက် ဝမ်းမြောက်​တဲ့ ပီ​တိ​နဲ့ ဥဒါန်းကျူး​တော်​မူး​ပါ​သေး​တယ်။
ဥဒါန်း --
လောက​သုံး​ဘုံ အလုံး​စုံ​ကို အကုန်​သိမြင် ဘုရားရှင်​သည် အကျိုး​တရား အစားစား​၏ ဖြစ်ပွား​ရာ​လည်း​ဖြစ်​ထ​သော အသစ်​တ​ဖန် ဘဝ​ကို​စီမံ​တတ်​သည်​လည်း ဖြစ်​ထ​သော ချိန်ခွင်​ပမာ​ဉာဏ်​ပညာ​ဖြင့် ကောင်း​စွာ​ပိုင်​ပိုင် မ​ချိန်​နိုင်​သော မဟဂ္ဂုတ်​ကံ​ကို​လည်းကောင်း မဂ်​အရ​ဟ​တ္တ ရ​တုံး​က​ပင် လုံး​ဝ​မ​ငဲ့ စွန့်​လွှတ်​တော်​မူ​ခဲ့​ပြီ၊ သူရဲကောင်း​ကြီး​သည် စစ်ဝတ်​တန်ဆာ​ကို ဖျက်ဆီး​လိုက်​သကဲ့သို့ ထို့​အတူ မိမိ​သန္တာန်​၌​မွေ့လျော်​တော်​မူ​သော ဗုဒ္ဓ​မြတ်​စွာ​သည် မိမိ​သန္တာန်​၌ အဖန်ဖန်ဖြစ်​သော​ကိလေသာ​ကို ဖျက်ဆီး​တော်​မူ​ပြီ။
လင်္ကာ ။ ။ ​မု​နိ ​ထွ​ဋ်​တင် ဘုရားရှင်​သည် များ​ဖြ​င်​အ​ချိုး အမျိုး​မျိုး​ဟု ကောင်း​ဆိုး​နှစ်​ပြင် ပေး​စွမ်း​အင်​ကို ချိန်ခွင်​ပမာ ဉာဏ်​ပညာ​ဖြင့် ကောင်း​စွာ​လှ​လှ ချိန်​၍​ရသ​ည့် တု​လ​မည်​ငြား ကာ​မာ​ဝ​စ​ရ​ကံ တရား​ကို​လည်းကောင်း ချိန်ခွင်​ပမာ ဉာဏ်​ပညာ​ဖြင့် ကောင်​စွာ​ပိုင်​ပိုင် မ​ချိန်​နိုင်​မှု အကြောင်းပြု​၍ အတု​လ​မည်​ငြား မဟဂ္ဂုတ်​ကံ​တရား​ကို​လည်းကောင်း ။မဂ် အရ​ဟ​တ္တ ရတု​န်း​က​ပင်
လုံး​ဝ​မ​ငဲ့ စွန့်​လွှတ်​ခဲ့​၍ တ​က​ယ့်​စစ်​ပွဲ နိုင်​အောင်​နွှဲ​သည့် သူရဲ​ခေါင်အုပ် စစ်ဗိုလ်​ချုပ်​သည် ဖွဲ့​တုပ် စစ်ဝတ် အားလုံး​ချွတ်​သို့ ဝဋ်​ကိလေသာ အ​ဖြာ​ဖြာ​ကို ကောင်း​စွာ ဖျက်ဆီး အားလုံး​ပြီး​သည် .....
အေး​ကြီး အေး​ရ​ပြီ တကား။
မြတ်​စွာ​ဘုရား ဥဒါန်းကျူး​သ​လို​ပဲ မာရ်နတ်​က​လည်း ပျော်​ပြီး
ထွက်​သွား​တယ်။ဒီ ​၃​လ​အတွင်း​မှာ အရှင်​သာ​ရိ​ပု​တ္တ​ရာ​နဲ့
အရှင်​မော​ဂ္ဂ​လာ​န် အဂ္ဂသာဝက​ကြီး ​၂​ပါး​ရှေ့​ဆင့်​နောက်​ဆင့် ပရိနိဗ္ဗာန်​ပြု​ကြ​ပါ​တယ်​ည အရှင်​မော​ဂ္ဂ​လာ​န်
ကိုယ်တော်​မြတ်​ကြီး ပရိနိဗ္ဗာန်​မ​ပြု​ခင် အခါတပါး​က
တစ်​ကိုယ်တည်း နေ​နေ​တုန်း မာရ်နတ်​က ဝမ်း​ထဲ​ကို ဝင်​ရောက်​နှောင့်​ယှက်​တယ်။
မထေရ်​မြတ်​ဝမ်း​က မသာ​မ​ယာ​ဖြစ်လာ​လို့ အစာ​အာဟာရ​ကြောင့်​လား​ဆို​ပြီး
လမ်း​ထ​လျှောက်​တယ်။ တန်ခိုး​တော်​နဲ့​လည်း ကြည့်​တယ်။
ဒီ​တော့​မှ မာရ်နတ်​ဝင်​နေ​တာ​သိ​ပြီး မာရ်နတ်​ကို ထွက်​ခိုင်း​တယ်။
မာရ်နတ်​က ငါ့ကို​မြင်​သွား​ပြီ​ဆို​ပြီး ဝမ်း​ထဲ​က ထွက်​လာ​ရ​တယ်။
တန်ခိုးပြ​င်း​ထန် အရှင်​မော​ဂ္ဂ​လာ​န်​ရဲ့​စကား​ကို အာ​ခံ​ဖို့​လည်း မ​ဖြစ်​နိုင်​ဘူး။
အပြင်​ထွက်​ပြီး​ခပ်​လှမ်း​လှမ်း​မှာ ကိုယ်​ဖျောက်​ရပ်​နေ​တယ်။
အရှင်​မော​ဂ္ဂ​လာ​န်​က မင်းကို ငါ​မြင်​ရ​သေး​တယ်​လို့​ပြော​ပြီး
ဒီ​မယ်​မာရ်နတ် ငါ​လည်း အရ​င်​ကမာ​ရ်​နတ်​ဖြစ်​ခဲ့​ဖူး​တယ်။
ဒီ​တော့​မာရ်နတ် စိတ်ဝင်စား​သွား​တယ်။
ငါ့​ရဲ့​နာမည်​က အဲ့​ဒီ​တုံး​က ဒု​ဿီ​လို့​ခေါ်​တယ်။
အဲ့​တုန်း​က ငါ့​နှမ​ဟာ အခု မင်း​အမေ​ပဲ။
ဒီ​တော့​မင်း​နဲ့​ငါဟာ တူ​အရီး​တော်​တယ်။
ဒီ​လို​ပြော​လိုက်​တော့ မာရ်နတ် သူ့​ဦး​လေး​မှန်း​လည်း​သိ​သွား​ရော
နှလုံးသား​က နူးညံ့​ပျော့​ပြောင်း​သွား​တယ်။
ဒီ​အချိန်​မှာ​မှ မထေရ်​မြတ်​က ငါ​မာရ်နတ်​ဖြစ်​ခဲ့​တုန်း​က​လည်း
ဘုရား​နဲ့ သံဃာ​တွေ​ကို​စော်ကား​ခဲ့​လို့ စု​တိ​ပြတ်​ကြွေ​သေလွန်​တဲ့​အခါ
အ​ဝိ​စိ​ငရဲ​ကို ကျ​ဆင်း​ခံ​ခဲ့​ရ​တယ်။ မင်း​လည်း ဘုရား​နဲ့ သံဃာ​တွေ​ကို
ဆက်​ပြီး​ပြစ်​မှား​နှောင့်​ယှက်​နေ​ဦး​မယ်​ဆို​ရင် ငါ့​တုန်း​က​လို​ပဲ
အပယ်​ကျ​လိမ့်​မယ်​လို့ ရှင်း​ပြ​လိုက်​တယ်။
မာရ်နတ် အသိ​တရားဝင်​သွား​တယ်။
သူ​ဒီ​အတိုင်း​ဆက်​သွား​ရင် ငရဲ​ကျ​မှာ​လည်း​ကြောက်​လာ​တယ်။
သူ​မှား​ခဲ့​သ​မျှ​ကို​လည်း နောင်တရ​လာ​တယ်။
သတ္တဝါ​တွေ သံသရာ​ဝဋ်​က မ​လွတ်​အောင်သူ​ကြိုးစား​ခဲ့​တာ​တွေ​ကို
နောင်တရ​ပြီး အရှင်​မော​ဂ္ဂ​လာ​န်​ရဲ့​တရား​တို​တို​လေး​နဲ့ မဂ်​ဉာဏ်​ဖိုလ်​ဉာဏ်
ရ​လောက်​ပါ​ရဲ့​နဲ့ သာဝက​ဗော​ဓိ​ဉာဏ်​မ​ယူ​တော့​ပဲ။
သတ္တဝါ​တွေ​ကို​ပါ သံသရာ​ဝဋ်​က ခေါ်​ထုတ်​နိုင်​တဲ့ သမ္မာ​သ​မ္ဗော​ဓိ​ဆု​ကို ပန်​ခဲ့​တယ်။
ပြီး​တော့​သူ​နေ​တဲ့ ပ​ရ​နိမ္မိတ​ဝ​ဿ​ဝ​တီ​နတ်ပြည်​ကို ပြန်သွား​ခဲ့​ပါ​တယ်။
ပါရမီ​ပေါင်း​များ​စွာ​ဖြည့်​ကျင့်​ပြီး လောက​သတ္တဝါ​တွေ​ကို ဘုရား​တစ်​ဆူ​အနေ​နဲ့
ချေ​ချွတ်​ပါ​လိမ့်​ဦး​မယ်။
လက်​ရှိ​တော့ ဝ​ဿ​ဝ​တီ​နတ်ပြည်​မှာ​ပါ။
​၆ ရဲ့ အဖြေ​ပြီး​ပါ​ပြီ
ဘုရား​ကမာ​ရ်​နတ်​ကို မ​နှောင့်​ယှက်​အောင်​ချုပ်ထား​တာ​ပဲ​ဖြစ်​ဖြစ်
ဘာ​လို့​တစ်​ခု​ခု မ​လုပ်​သလဲ​ကို သိ​လောက်​ပါ​ပြီ။
သူ့​ဦး​လေး​ဟောင်း​က ဆုံးမ​မှ ရ​မှာ​ကြောင့်​က​တစ်​ကြော​င်း
တန်ခိုး​နဲ့​ဆုံးမ​ရင် မာ​စ်​နတ်က မ​နိုင်​မှန်း​သိ​လည်း သူ​ချ​ကိုယ်​ချ​ကွာ​ဆို​ပြီး
ပြန်​ချ​နေ​ရင် အကျိုးယုတ်​မှာ စိုး​တာ​ကြောင့်​က​တစ်​ကြော​င်း
ဘုရားဆုပန်​မယ့် ဆန္ဒ​ဖြစ်​ဦး​မယ့် ဥ​ပ​နိ​ဿ​ယ​ကို မြင်​တာ​က တစ်​ကြောင့်
စ​တာ​တွေ​ကြောင့် အစော​ပိုင်း နှောင့်​ယှက်​သ​မျှ​ကို မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာ​တွေ​နဲ့
သည်းခံ​ခဲ့​တာ​ပါ။
​၇ ရဲ့ အဖြေ ပြီး​ပါ​ပြီ
မာရ်နတ်​ကို​အရှင်​မော​ဂ္ဂ​လာ​န်​ဆုံးမ​နိုင်​ခဲ့​တဲ့​အတွက် အရှင်​ဥ​ပ​ဂုတ်​ဆုံးမ​တယ်​ဆို​တာ​လုံး​ဝ မ​ဖြစ်​နိုင်​တော့​ပါ​ဘူး။ နောက်​တစ်​ချက်​က အရှင်​ဥ​ပ​ဂုတ်​ဆို​တာ
မဟာ​ယာ​န အနွယ်​ဝင် စိတ်ကူး​ယဉ်​ဇာတ်​လမ်း​တစ်​ပုဒ်​ပါ။
​၈ ရဲ့ အဖြေ ပြီး​ပါ​ပြီ​တစ်​ခါ​က စွန်း​လွန်း​ဆရာတော်​ကြီး​ကို ပရိနိဗ္ဗာန်​ပြု​ဖို့ နတ်​တစ်ပါး​က လာ​လျှောက်​ဖူး​တယ်။
အရှင်ဘုရား အာ​ယု​သ​ခါ​ၤ​ရ​လွှတ်​ပါ​တော့ ဘုရား​တဲ့
ဆရာတော်​ကြီး​က မ​လွှတ်​ဘူး​ကွာ​ဆို​ပြီး​ငေါက်​ထုတ်​လိုက်​တော့
သတ္တဝါ​တွေ​တော့ အကျွတ်တရားရ​ကြ​လိမ့်​ဦး​မယ်​ကွာ​ဆို​ပြီး
စိတ်ပျက်​လက်ပျက် ပြန်သွား​တယ်​တဲ့။
ဆရာတော်​ကြီး​ဘေး​နား​က တပည့်​တွေ​က အဲ့​ဒါ​မာရ်နတ်​ဖြစ်​လိမ့်​မယ်​လို့​ပြော​တော့
ဆရာတော်​ကြီး​က အဘိ​ညာဉ်​နဲ့ လိုက်​ကြည့်​ပြီး​ပြန်ပြော​တယ်။
မာရ်နတ်​မဟုတ်​ဘူး​ကွ။ အောက်​က​နတ်​သေး​နတ်​မွှား​လေး​ပါ​ပဲ
မာရ်နတ်​ကြီး​က လိမ္မာ​နေ​ပါ​ပြီ​ကွာ တဲ့
ကိုး​ကား​သော​ကျမ်းစာ​အုပ်​များ>>>>>
(၁) မဟာ​ဂန္ဓာရုံ​ဆရာတော်​ရဲ့ နောက်ဆုံး​ဆယ်​လ​မြတ်​ဗုဒ္ဓ
(၂) မင်း​ကွန်း​ဆရာတော်​ကြီး​ရဲ့​မဟာ​ဗုဒ္ဓ​ဝင်
(၃) ကျီး​သဲ​လေး​ထပ်​ဆရာတော်​ရဲ့ ဇိန​တ္ထ​ပကာ​သ​နီ
(၄) တည်​တော​ဆရာတော်​ရဲ့ ဗုဒ္ဓ​ဝါဒ​ဆိုင်​ရာ​အမေး​အဖြေ​များ
(၅) စွန်း​လွန်း​အမေး​အဖြေ​များ​နဲ့
(၆) ဒေါက်​တာ​မင်း​တင်​မွန်​တက္ကသိုလ်​အဘိ​ဓ​မ္မာ​ပေါင်းချုပ်
ရေးသား​ပူဇော်​သူ >> အကုသလ​ပု​တ္တ
နှလုံးသား အာဟာရ​မှ ကူး​ယူ​ပါ​သည်..။

Tuesday, February 3, 2015

aaS, or as a Service



Posted on January 12, 2014 by daleV

 
 
I've talked about the cloud and cloud computing in my last two articles and about the war going on between Internet service providers to gain market share and provide services to companies and individuals.  The war is a silent war, but one that is intense, and is the next big technology marketing challenge.
The challenge is how to separate what one service provider offers from another provider's services.  It's like how do you decide which chiropractor to go to to get your back aligned.
The initial marketing efforts have segmented the market using acronyms, that in most cases, are clear as mud.  What has evolved is a concensus marketing acronym, that is, an initial letter with "aaS" tacked on, for "as a service."
As a service, aaS, implies cloud computing.  The companies with these types of services offer Internet based services.
What are these aaS services?  It's almost like alphabet soup.  It seems like any service that can be provided over the Internet has an acronym.  Let's go through these  acroynms.
SaaS - Software as a Service:  Companies with these products provide on demand software over the Internet.  All a user has to do is log into the service in their browser.
A couple of examples of companies that offer this type of serivce are:  Salesforce.com that connect a companies sales force together with a CRM application to boost sales, and Netsuite which offers core integrated business systems over the Internet.
This market is huge and growing, estimated at over $10 B dollars a year.  Essentially, companies that sell a software program on a CD, now want to offer an Internet based version for a monthly fee.
PaaS - Platform as a Service: These services provide both the hardware, operating system, and software stack to run any application you want to run on the Internet.
IaaS - Infrastructure as a Service: These companies provide the entire IT infrastructure on the Internet.  Hardware, disk space, memory, operating system, and companion software, like load balancing.  Just to confuse you, this is sometimes called HaaS, or hardware as a service.  Amazon AWS is an example.
The above three are the main services offered by Internet providers, but there are several spin-off services that have sprung up.
CaaS - Communication as a Service:  These companies provide Voice over IP, VPN connections, PBX switching,  Web meetings, and manage company communications so a company doesn't have to invest in this infrastructure.
XaaS - Anything as a Service: Now here's a good one, this is a catchall for companies that offer many of these services and don't want to be put into any one of the segments.
To give you an example at how messed up the marketing of these acronyms are, there are two, MaaS and DaaS, that mean two different services.
MaaS - Metal as a Service:  This is an underlying service that provides flexible hardware configuration to run any software application.
MaaS - Monitoring as a Service: This service offers to monitor your network, software applications and internet usage for a fee, of course.
DaaS - Data as a Service:  These companies offer data on demand any where in world.  The advantage to a company is their data is secure, constantly backed up, recoverable, and synchronized, running on several servers in different locations in the world.
DaaS - Desktop as a Service:  The idea is to have your home computer desktop running on a computer on the Internet.  Amazon's AWS tries to do this now, but they don't address the mass market, where the money is going to be.  The market is for an individual to sign up for the service and immediately have a Windows 8.1 computer running on the Internet.  No one is quite there yet.
I think this market is huge.  One of the problems is Microsoft is one of the competitors in the market place and they don't want to change their licensing to accommodate services providers that may compete with them.  Microsoft, of course, wants the market to themselves, but they're just not there yet.  Google  and Amazon's AWS are way ahead in market share.