Friday, June 12, 2015

ထူးထူးခြားခြားများ




ထူးထူးခြားခြား (၁)
===========
(၁) အင်္ဂလန်နိုင်ငံရဲ့ ပထမမြောက် ဂျော့ရှ် ဘုရင်မင်းမြတ်ဟာ အင်္ဂလိပ်စကား တစ်လုံးမှ မပြောတတ်ပါဘူး။
(၂) ဥကပေါက်တဲ့ တိရိစ္ဆာန်တွေမှာ ချက်မရှိပါဘူး။
(၃) ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရပ်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်းဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်းများကို ကာကွယ်ရန်ဖြစ်သည်။
(၄) သင့်ခန္ဓာကိုယ်ထဲက ဆဲလ်တစ်လုံး ခန္ဓာကိုယ်တစ်ပတ်ပတ်တဲ့ချိန်က ၆၀ စက္ကန့်သာ ကြာမြင့်ပါတယ်။
(၅) လက်ရှိ ဖေ့စ်ဘွတ်အသုံးပြုနေသူအရေအတွက်ဟာ ၁၈၀၄ ခုနှစ်တုန်းက ကမ္ဘာ့လူဦးရေထက် ပိုများပါတယ်။
(၆) ငှက်ပျောသီးစားထားတဲ့လူတွေကို ခြင်ပိုကိုက်ပါတယ်။
(၇) မိန်းမတွေဟာ ယောကျ်ားတွေထက် မျက်တောင်နှစ်ဆပိုခတ်ပါတယ်။
(၈) ယောကျ်ားတွေက မိန်းမတွေထက်ပိုပြီး မကြာခဏကြို့ထိုးတတ်ပါတယ်။
(၉) ကမ္ဘာပေါ်မှာရှိတဲ့ တိရိစ္ဆာန်တွေအားလုံးအနက်မှာ သားပိုက်ကောင်တွေကသာ လေမလည်တာပါ။
(၁၀) Thomas Edison ဟာ လျှပ်စစ်မီးသီး နမူနာပုံစံထုတ်လုပ်ရာမှာ အကြိမ်ပေါင်း တစ်သောင်းအထိ မအောင်မြင်ခဲ့ပါဘူး။
ထူးထူးခြားခြား (၂)
===========
(၁၁) လူတစ်ယောက်ဟာ မွေးကင်းစမှာ အရိုးပေါင်း ၃၅၀ ရှိပြီးတော့ ကြီးထွားလာတဲ့အချိန်မှာ ၂၀၆ ချောင်းပဲ ရှိပါတော့တယ်။
(၁၂) တစ်လလျှင် ကွန်ပျူတာ ဗိုင်းရပ်စ် (Virus) ၆၀၀၀ ဝန်းကျင်ခန့် ထွက်ရှိလျက်ရှိပါတယ်။
(၁၃) ကြောင်တွေဟာ ချောကလက်စားရင် ဖျားနိုင်သလို အဆင်မသင့်ရင် အသက်တောင် သေနိုင်ပါတယ်။
(၁၄) အိမ်မက်မက်လေ IQ ပိုမြင့်လေပါ။
(၁၅) အင်တာနက်ပေါ်က ပုံတွေအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေရဲ့ ဝတ်လစ်စလစ်ပုံတွေဖြစ်ကြပါတယ်။
(၁၆) မျက်နှာပေါ်ပေါက်တဲ့အမွှေးက သင့်ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ဘယ်နေရာမဆို ပေါက်တဲ့အမွှေးထက်ပိုပြီး ရှည်တာမြန်ပါတယ်။
(၁၇) ဆင်တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ ၂ နှစ်ရှိပါတယ်။
(၁၈) လူတစ်ယောက်ဟာ သူသက်တမ်းတစ်လျောက်မှာ ထွေးခဲ့တဲ့တံတွေးစက်ပေါင်းဟာ ရေကူးကန် နှစ်ကန်စာလောက် ရှိပါတယ်။
(၁၉) အင်းဆက်ပိုးကောင်တွေကို ဖမ်းယူစားသောက်တဲ့ Venus fly trap အပင်တစ်ပင်ဟာ Cheeseburger တစ်လုံးကိုတောင် အစာချေချက်နိုင်ပါတယ်။
(၂၀) ပုရွက်ဆိတ်တွေဟာ ဘယ်တော့မှ မအိပ်စက်ကြပါဘူး။
ထူးထူးခြားခြား (၃)
===========
(၂၁) ပန်းပွင့်တွေဟာ ဂီတသံတွေကြားရရင် ပိုပြီးမြန်မြန်ကြီးလာပါတယ်။
(၂၂) အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နှလုံးခုန်နှုန်းမြန်ပါတယ်။
(၂၃) လိင်တူဆက်ဆံမှုဟာ နိုင်ငံပေါင်း ၈၆ နိုင်ငံမှာ ရာဇဝတ်မှုမြောက်ပါတယ်။ နိုင်ငံ ၇ နိုင်ငံမှာတော့ သေဒဏ်အထိပေးကြပါတယ်။
(၂၄) လက်ခလယ်က လက်သည်းရဲ့ရှည်ထွက်မှုက ကျန်တဲ့လက်ချောင်းများထက် ပိုအရှည်မြန်ပါတယ်။
(၂၅) လက်သည်းများရဲ့ ရှည်ထွက်မှုက ခြေသည်းများရဲ့ရှည်ထွက်မှုထက် လေးဆပိုပါတယ်။
(၂၆) ပျားထီးတွေဟာ မျိုးပွားပြီး(လိင်ဆက်ဆံပြီး)ရင် သေပါတယ်။
(၂၇) အကယ်၍သာ အေးတဲ့အခန်းထဲမှာ အိပ်ခဲ့ပါက အိမ်မက်ဆိုးမက်ဖို့ ဖြစ်နိုင်ချေရှိပါတယ်။
(၂၈) နို့တိုက်သတ္တဝါတွေထဲမှာ မခုန်နိုင်တဲ့ တစ်ကောင်တည်းသောသတ္တဝါကတော့ ဆင်ကြီးတွေပဲဖြစ်ပါတယ်။
(၂၉) ယောကျ်ားတွေမှာ မိန်းမတွေထက် အဆီကို ပိုမိုမြန်မြန််လောင်ကျွမ်းပါတယ်။ လောင်ကျွမ်းမှုနှုန်းကတော့ တစ်နေ့ကို ကယ်လိုရီ 50 ပါ။
(၃၀) ယောကျ်ားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပျဉ်းမျှအားဖြင့် သွေး 6.8 လီတာရှိပြီးတော့ မိန်းမတွေမှာတော့သွေး 5 လီတာသာ ရှိပါတယ်။
ထူးထူးခြားခြား (၄)
===========
(၃၁) ခဲဖျက်တွေမပေါ်ခင်က ခဲတံနဲ့ ရေးသားထားတာတွေကို ဖျက်ဖို့ ပေါင်မုန့်ကို အသုံးပြုခဲ့ကြပါတယ်။
(၃၂) ဂျက်ကီချမ်းဟာ သူ့မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ ၁၂ လအထိ နေခဲ့ရပါတယ်။
(၃၃) ကြွက်ကိုကလိထိုးရင် ကြွက်တွေရယ်ပါတယ်။
(၃၄) လူတစ်ယောက်ရဲ့ အူအရှည်က ပေ ၂၀ ကနေ ၂၃ ပေအထိ ပျဉ်းမျှ ရှိနိုင်ပါတယ်။
(၃၅) Microsoft စတင်တည်ထောင်သူဖြစ်တဲ့ Bill Gates ဟာ ကောလိပ်ကျောင်းက ထွက်ခဲ့ရဖူးပါတယ်။
(၃၆) သင့်အစာအိမ်ထဲက အက်စစ်က zinc ကိုတောင်အရည်ပျော်နိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါပေမယ့် သင့်အစာအိမ်ကို မဖျက်ဆီးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစာအိမ်နံရံက အမြဲတမ်း သူဘာသာသူ အသစ်ဖြစ်နေလို့ပါပဲ။
(၃၇) အင်္ဂလိပ်စကားလုံးတွေထဲမှာ mt နဲ့ဆုံးတဲ့စကားလုံးကတော့ Dreamt ဆိုတဲ့ စကားလုံးတစ်လုံးပဲရှိပါတယ်။
(၃၈) ဟစ်တလာကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် တစ်ကြိမ်အဆိုပြုခံရဖူးပါတယ်။
(၃၉) မျက်လုံးဖွင့်ပြီး နှာချေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
(၄၀) အတုံးဆက်တဲ့ Tetris ဂိမ်းလေးကို လူအများစု ဆော့ဖူးကြပါလိမ့်မယ်။ ဒီဂိမ်းကို ၈၀ ခုနှစ် အစောပိုင်းလောက်မှာ ရေးသားခဲ့ပြီး ကမ္ဘာအနှံ့ သန်း ၄၀ အရေအတွက်လောက်ရောင်းချခဲ့ရပါတယ်။ ဂိမ်းရေးသားသူဟာ ဒေါ်လာ ၈ သန်းလောက် ချမ်းသာသွားခဲ့ပါတယ်။
ထူးထူးခြားခြား (၅)
===========
(၄၁) ဝက်တွေဟာ အရက်စွဲနိုင်ပါတယ်။
(၄၂) သာမာန်လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ဆံပင် အချောင်း ၆၀ မှ ၁၀၀ အထိ ကျွတ်တတ်ပါတယ်။
(၄၃) နို့တိုက်သတ္တဝါတွေထဲမှာ ပျံနိုင်တာကတော့ လင်းနို့တွေပါ။
(၄၄) ၈၉ ရာခိုင်နှုန်းသော အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ ရင်းရင်းနှီးနှီးဆက်ဆံတဲ့အပြုအမူကို သူတို့ကို စိတ်ကစားနေတယ်လို့ မှားယွင်းထင်မြင်တတ်ကြပါတယ်။
(၄၅) လူတစ်ယောက်ရဲ့ လျာဗွေရာ နဲ့ လက်ဗွေရာက ထူးထူးခြားခြားတူညီနေပါတယ်။
(၄၆) ပျားတွေရဲ့ အကြိုက်ဆုံးအရောင်က ခရမ်းရောင်ဖြစ်ပါတယ်။
(၄၇) ရှေးဟောင်းဂျူးတွေရဲ့ ဓလေ့ထုံးစံအရ မိန်းကလေးတစ်ယောက် ဓမ္မတာစလာရင် သူမရဲ့ အမေက သူမပါးကိုရိုက်ရပါတယ်။
(၄၈) ပုံမှန် Web-page တစ်ခုရှိတိုင်း အညှီအဟောက် page ငါးခုလောက် ရှိနေကြပါတယ်။
(၄၉) ကြောင်တွေဟာ အသံကွဲပေါင်း (၁၀၀) ကျော်ပြုလုပ်နိုင်ပြီး ခွေးတွေကတော့ အသံကွဲ (၁၀) ခန့်သာ ပြုလုပ်နိုင်ပါတယ်။
(၅၀) ဆွီဒင်နိုင်ငံဟာ အင်တာနက်အသုံးပြုသူ ရာခိုင်နှုန်းအမြင့်ဆုံးနိုင်ငံဖြစ်ပြီး ၇၅ % ရှိပါတယ်။
ထူးထူးခြားခြား (၆)
===========
(၅၁) သစ်ကုလားအုတ်ရဲ့လျှာဟာ အမည်းရောင်ဖြစ်ပါတယ်။
(၅၂) သင့်ရဲ့နှာခေါင်းဟာ မတူညီတဲ့အနံ့ပေါင်း ၅၀,၀၀၀ လောက်ကို မှတ်မိနိုင်ပါတယ်။
(၅၃) သဘာဝပုလဲတွေဟာ ဗီနီကာထဲမှာ ပျော်ဝင်ပါသတဲ့။
(၅၄) ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေထုတ်လုပ်ရောင်းရချရာမှာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Hewlett Packard (HP) ဟာ ၁၉၃၉ ခုနှစ်က Palo Alto က ကားဂိုဒေါင်တစ်ခုမှာ စတင်ခဲ့တာဖြစ်ပါတယ်။
(၅၅) သမိုင်းမှတ်တမ်းဝင်ခဲ့တဲ့ အရှည်အကြာဆုံး အိမ်ထောင်ဟာ ၉၁ နှစ်နဲ့ ၁၂ ရက်ကြာ သက်တမ်းရှိပါတယ်။
(၅၆) သင့်ခန္ဓာကိုယ်ဟာ အစာအိမ်၊ သရက်ရွက်၊ ကျောက်ကပ်တစ်ခြမ်း၊ အူရဲ့ 80%၊ အသည်းရဲ့ 75% မရှိပဲနဲ့ အသက်ရှင်နိုင်ပါတယ်။
(၅၇) ဂျွန်လင်နွန်ရဲ့ သက်ရှိထင်ရှားရိုက်ထားတဲ့ နောက်ဆုံး ဓာတ်ပုံဟာ သူ့ကိုသတ်ခဲ့တဲ့ Mark Chapman နဲ့အတူပါရှိတဲ့ပုံဖြစ်ပါတယ်။
(၅၈) ဒိန်ချဉ်မှာတွေ့ရတဲ့ ဘက်တီးရီးယားတွေဟာ အမျိုးသမီး အင်္ဂါအတွင်းပိုင်းမှာတွေ့ရတဲ့ ဘက်တီးရီးယားတွေနဲ့ အတူတူပါပဲ။
(၅၉) Stewardesses ဟာ ဘယ်လက်တစ်ဖက်ထဲနဲ့ရိုက်နိုင်တဲ့ အရှည်ဆုံးစကားလုံးဖြစ်ပါတယ်။
(၆၀) ငှက်ပျောသီးဟာ ဘယ်ရီသီးအမျိုးအစားဖြစ်ပြီး စတော်ဘယ်ရီကတော့ ဘယ်ရီသီးမဟုတ်ပါဘူး။
ထူးထူးခြားခြား (၇)
===========
(၆၁) ကျီးကန်းတွေဟာ ငှက်တွေအားလုံးထဲမှာ ဉာဏ်ရည်အမြင့်ဆုံးဖြစ်ပါတယ်။
(၆၂) အရွယ်ရောက်ပြီးလူတစ်ယောက်ရဲ့ အရေပြားအလေးချိန်စုစုပေါင်းဟာ (၆) ပေါင်ခန့်ရှိပါတယ်။
(၆၃) ၁၉၆၄ ခုနှစ်မှာ Doug Engelbart ဟာ ပထမဆုံး ကွန်ပျူတာ mouse ကို တီထွင်ခဲ့ပြီး အဲ့ဒါဟာ သစ်သားနဲ့ လုပ်ထားတာဖြစ်ပါတယ်။
(၆၄) ငိုပြီးတဲ့အခါမှာ လူ ၈၈.၈ ရာခိုင်နှုန်းက နေသာထိုင်သာရှိသွားပါတယ်။
(၆၅) သံလွင်ပင်တွေဟာ နှစ်ပေါင်း (၁၅၀၀) တိုင်အောင် ရှင်သန်နေနိုင်ကြပါတယ်။
(၆၆) စံပြု command ဖြစ်တဲ့ Ctrl+Alt+Delete ကို David Bradley က ရေးသားခဲ့တာဖြစ်ပါတယ်။
(၆၇) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အသန်မာဆုံးကြွက်သားက လျှာဖြစ်ပြီး အမာကျောဆုံးအရိုးကတော့ မေးရိုးပါ။
(၆၈) ဆင်တွေဟာ သူတို့မိတ်ဆွေတွေသေဆုံးခဲ့တဲ့နေရာတွေကို ဝမ်းနည်းပူဆွေးငိုကြွေးဖို့ ပြန်သွားတတ်ပါတယ်။
(၆၉) သင်ဘယ်လောက်ပဲကြိုးစားပါစေ သင့်အိပ်မက်ဘယ်လိုစသလဲဆိုတာကို မမှတ်မိနိုင်ပါဘူး။
(၇၀) အနီရောင်ဟာ သင့်ကိုဆာလောင်စေပါတယ်။
Credit to: Myanmar Pyi Thar

Thursday, June 11, 2015

၁၃၅ ညီနောင် တိုင်းရင်းသားလူမျိုးများ



၁၉၈၃ခုနှစ်သန်းခေါင်စာရင်းအသုံးပြုခဲ့
သည့်တိုင်းရင်းသားလူမျိုးများအမည်
စာရင်းအရ
က။ကချင်စု။
၁။ ကချင် ၊ ၂။ ကရို ၊ ၃။ ကလောင်၊
၄။ ဂျိန်းဖော ၊ ၅။ဂေါ်ရီ၊၆။ခခု၊ ၇။ဒုရင်၊
၈။မရု(လောဂေါ်)၊ ၉။ရဝမ်၊ ၁၀။ရှီ(လာချစ်)၊၁၁။အဇီး၊ ၁၂။လီဆူး၊

ခ။ကယားစု။
၁။ကယား၊ ၂။ဇယိမ်း၊ ၃။ကယမ်း(ပဒေါင်း)၊ ၄။ဂေခို၊ ၅။ဂေဘာ၊ ၆။ပရဲ
(ကယော)၊ ၇။မနုမနော၊ ၈။ယင်းတလဲ၊
၉။ယင်းတော်၊
ဂ။ကရင်စု။
၁။ကရင်၊ ၂။ကရင်ဖြူ၊ ၃။ပလေကြီး(က
လေချီ)၊ ၄။မွန်ကရင်၊ ၅။စကော(ကရင်)၊
၆။တလှေပွာ၊ ၇။ပကူး၊ ၈။တွဲ၊ ၉။မောနေ
ပွား၊ ၁၀။မိုးပွာ၊ ၁၁။ပိုး (ကရင်)။
ဃ။ချင်းစု။
၁။ချင်း၊ ၂။မယ်တိုင်(ကသဲ)၊ ၃။ဆလိုင်း၊
၄။ကလင်တော(လူရှေ)၊ ၅။ခမီ၊၆။အောဝ
မီ၊ ၇။ခေါနိုး၊ ၈။ခေါင်စို၊ ၉။ခေါင်းဆိုင်ချင်
း၊၁၀။ခွာဆင်းမ်၊ ၁၁။ခွန်လီ(ခေါ်)ဆင်မ်၊
၁၂။ဂန်ဘဲ၊ ၁၃။ဂွေးတဲ၊ ၁၄။ဇွန်း၊
၁၅။ ဆီစာန်၊၁၆။ဆင်ထန်၊၁၇။ ဆိုင်းတန်
၊ ၁၈။ဇာတောင်၊ ၁၉။ဇိုထုံး၊ ၂၀။ဇိုဖေ၊
၂၁။ဇို၊ ၂၂။ဇန်ညှပ်(ဇန်န်ယပ်)၊
၂၃။တပေါင်း၊ ၂၄။တီးတိန်(တဲဒင်မ်)၊
၂၅။တေဇန်၊ ၂၆။တိုင်ချွန်း၊၂၇။တာဒိုး၊
၂၈။တောရ်၊ ၂၉။ဒင်မ်၊ ၃၀။ဒိုင်(ရင်ဒူး)၊
၃၁။နာဂ၊ ၃၂။တန်ဒူး၊ ၃၃။မာရင်၊
၃၄။ပနမ်း၊ ၃၅။မကန်း၊ ၃၆။မဟူး၊
၃၇။မီရမ်(ခေါ်)မရာ၊ ၃၈။မီအဲ၊ ၃၉။မွင်း၊
၄၀။လူးရိုင်း ၊ ၄၁။လေးမြို့၊ ၄၂။လင်တဲ၊
၄၃။လောက်ထူ၊ ၄၄။လှိုင်၊ ၄၅။လှိုင်ဇို၊
၄၆။ပါကင်းမ် (ခေါ်)မရိုး၊ ၄၇။ဟာလ်ငို၊
၄၈။အနူး၊ ၄၉။အနန်၊ ၅၀။အူပူ ၊၅၁။လျင်
တု၊ ၅၂။အရှိုချင်း(မြေပြန့်)၊ ၅၃။ရောင်ထု။
င။ဗမာစု။
၁။ဗမာ၊ ၂။ထားဝယ်၊ ၃။မြိတ် ၊၄။ယော၊
၅။ရဘိန်း၊ ၆။ ကခူး(ခုံကူး) ၇။ဂဏန်း၊
၈။ဆလုံ ၊ ၉။ဖုန်း(ဖွန်)
စ။မွန်စု။ ။၁။မွန်။
ဆ။ရခိုင်စု။
၁။ရခိုင်၊ ၂။ကမန် ၊ ၃။ခမွီး၊ ၄။ဒိုင်းနက်၊
၅။မာရမာကြီး၊ ၆။မြို ၊ ၇။သက်၊
ဇ။ရှမ်းစု။
၁။ရှမ်း၊ ၂။ယွန်း(လအို)၊ ၃။ကီ၊ ၄။ဖျင်၊
၅။သအို၊ ၆။စနော၊ ၇။ပလေး၊ ၈။အင်၊
၉။စုံ(ဆံ) ၊ ၁၀။မခူ၊၁၁။ကော်(အခါအီ
ကော)၊ ၁၂။ ကိုးကန့်၊ ၁၃။ခန္တီး(ရှမ်း)၊
၁၄။ဂုံ(ခွန်)၊ ၁၅။တောင်ရိုး၊၁၆။ဒနု၊
၁၇။ပလောင်၊၁၈။မြောင်ဇီး၊ ၁၉။ယင်းကြ
ား၊ ၂ဝ။ယင်းနက်၊ ၂၁။ရှမ်းကလေး၊
၂၂။ရှမ်းကြီး၊ ၂၃။လားဟူ၊ ၂၄။လွယ်လ၊
၂၅။ အင်းသား၊ ၂၆။အိုက်တွယ်၊
၂၇။ပအို့ဝ်(တောင်သူ)၊ ၂၈။တိုင်းလွယ်၊
၂၉။တိုင်းလျမ်၊ ၃၀။တိုင်းလုံ၊ ၃၁။တိုင်းေ
လ့၊ ၃၂။မိုင့်သာ၊ ၃၃။မောရှမ်း။
စသည်တို့ဖြစ်ကြပါတယ်ဗျား။
ဒုလ္လဘ(စစ်တွေ)
စာမျက်နှာမှ
ရွှေလည်မြေ ငြိမ်းချမ်း။